Ep 11

120 7 1
                                    

လှိုင်းတစ်ယောက် အပြာရောင်သေတ္တာလေးကို ကိုင်ပြီးအတွေးများနေရသည်။ သူမေ့နေတာ လူသားအရုပ်လေးက ငယ်ငယ်က သူနဲ့ဆော့ခဲ့တဲ့ သူ့ကလေးလေး ဆိုတာ ကို,  ချောကလက်ပူတင်း ကျွေးကတည်းက သိလိုက်ရမှာ ကို ကွာဍဟူး.......  ဘာလို့များ ဒီ နှစ်တွေမှာ သူ့ကို မေ့နေတာလည်း မသိဘူး..... စစတွေ့တုန်းက ထဲ သတိရ ရမှာကိုကွာ အခုတော့...... မနက်ဖြန်မှဘဲ လူသား အရုပ်လေးကို ပြောရမယ် ကိုကိုသတိရနေပီဆိုတဲ့ အကြောင်း..... အခုတော့ ရေချိုးပြီးနားတော့မည်။ သေတ္တာခေးကိုတော့ သူ့ရဲ့ဘစာကြည့်စားပွဲပေါ်မှာသာ တင်ထားလိုက်သည်။ နောက်ရက်မှ ဒယ်ဒီကိုလည်း မေးးကြည့်ရမယ် လူသားအရုပ်လေးကို မှတ်မိသေးရဲ့လားလို့.....

တစ်ဖက်တွင်

ခန့်ခန့် ကတော့ ကိုကို လာမလားလို့ စောင့်နေတာ နေ့လည် ၂ နာရီ လောက်ထိစောင့်နေတာ လုံးဝပေါ်မလာ, ဒါကြောင့် ကိုကိုသူငယ်ချင်းကို မေးလိုက်တာ အိမ်ပြန်သွားတာကိုသိရသည်။ ကြည့်ရတာ ကိုကိုနဲ့ ဟို အ်စမကြီး အဆင်ပြေသွားလို့ ခန့်ခန့်ကို မလိုတော့ဘူးထင်ပါတယ်။ ကိုကိုအတွက် ဖယ်ထားတဲ့ ရေညှိ ထမင်းဘူးလေးကို ကိုကို သူငယ်ချင်းကိုသာပေးလိုက်တော့သည်။ ခဏနေတော့ ဟန်တို့ရောက်လာပြီး ပြန်ဖို့သာ လုပ်လိုက်တော့သည်။ ဖေဖေကို လာမကြိုခိုင်းတော့ဘဲ ဟန်တို့နဲ့သာ ပြန်ဖို့ လုပ်ရသည်။ အိမ်ပြန်လမ်းတွင် ခန့်ခန့် မျက်နှာ မကောင်းဖြစ်နေတာကို သတိထားမိတော့

"မားသားလေ ပြောပါဉီး ဘာတွေ အလိုမကျဖြစ်နေတာလည်းဟင်”

" မေးမနေနဲ့ စာစာရေ သူ့ဟာကြီး အိမ်ပြန်သွားလို့ ”

" ဟုတ်လား ခန့်”

"ဟို အဲ့လိုကြီးတော့မဟုတ်ပါဘူး ။ ကိုကို ကို မုန်မကျွေးလိုက်ရလို့ပါ ။”

" မားသားလေ ဒါကို ခံစားနေတာပေါ့လေ ”

ခန့်ခန့်လည်း welcome ပွဲမှာ ဖြစ်ခဲ့ အကြောင်းပါပြောလိုက်လေသည်။

" မားသိနေတယ် သားရယ်။ ဘယ်လိုပြောရမလည်း ခန့်ခန့် မားကို အမှန်တိုင်းဖြေနော် ”

"အင်း ဘာမေးမို့လည်း ဟင် ”

" ခန့် လှိုင်းကို ကြိုက်နေတာ မှတ်လား။”

ကျွန်တော်နဲ့ လူဆိုးလေးWhere stories live. Discover now