Ep 3

189 8 0
                                    

ခန့်ခန့်တို့သုံးယောက် အဆောင် ၁ရဲ့ ဒုတိယထပ်က အခန်း ၃၀၃ ရှေ့အရောက်

"ဒီအခန်းဘဲဟ ”

"ခန့်ခန့် ဘယ်အတန်းမှာထိုင်မှာလည်း ”

"အလယ်ခုံ တတိယတန်းမှာထိုင်မယ်လေ ”

"အင်း သွားမယ်”

ပထမဆုံးတတ်ရတဲ့နေ့မို့လို့ အတန်းထဲမှာ လူတွေက နည်းနည်းဘဲရောက်သေးတယ် ခန့်တို့သုံးယောက်လည်း ကိုယ်ထိုင်ဖို့ဆုံးဖြတ်တဲ့နေရာမှာဘဲ ရွေးထိုင်လိုက်တော့တယ်။ ခန့်တို့ထိုင်တဲ့ အနောက်မှာ တခြား ကျောင်းသူလေးတွေလည်းရှိတယ်။ နှစ်ကျတဲ့ အစ်မကြီးတွေလည်း တွေ့ရတယ်။ ထိုစဉ်

"ဟဲ့ ဒီနှစ်လည်း ဟိုလူဆိုးနှစ်ကောင်က ငါတို့အခန်းမှာတူတူဘဲတတ်ရမှာတဲ့ ငါတော့ စိတ်ညစ်တယ် ”

"ဟုတ်လား သူတို့နှစ်ယောက်က ဘာလို့မအောင်သေးတာလည်း မသိဘူး ”

"နင်မမှတိမိဘူးလား ငါတို့ မနှစ်က စာမေးပွဲဖြေတုန်းက နောက်ဆုံး AM ကို သူတို့နှစ်ယောက်လာမဖြေဘူးလေ ”

"အော်ဟုတ်သားဘဲ ”

"မေ့နေ့လိုက်တော့ ”

သူတို့နှစ်ယောက်ပြောနေတာကို နောက်မှာထိုင်နေတဲ့ စာစာကကြားသွားပီ

"အစ်မတို့စောစောပြောနေတဲ့ လူဆိုးနှစ်ယောက်ဆိုတာ ”

"စာစာ ဘာလို့မေးနေတာလည်း ”

"ခန့်ခန့်ကလည်း ဒီကစီနိယာအစ်မပြောပြတာကို နားထောင်ရမှာပေါ့ ”

"မောင်လေးတို့က ဒီနှစ်တတ်လေးတွေထင်တယ်။ ချစ်စရာလေး​တွေနော် uke လေးတွေနဲ့တူတယ်။ ညီမလေးက fuji ထင်တယ် ”

"ဟုတ်တယ်မမ ခန့်နဲ့ဟန် နဲ့က စာစာ သားတွေလေ ဒါကြောင့် လူဆိုးနှစ်ယောက်ဆိုတာကို မေးထားရတာ ဟီး..”

"အစ်မတို့နဲ့တူတူဘဲ အစ်မလည်း fuji တွေ ”

"အဲ့တာခဏထား လူဆိုးနှစ်ယောက်ကြောင်းပြောပြလိုက်လေ”

"အင်းဟုတ်တယ် မမပြောပြမယ် ။ သူတို့နှစ်ယောက်က ပထမနှစ်ကို နှစ် နှစ်ကျထားတာ ချမ်းသာတာကတော့နှစ်ယောက်လုံးချမ်းသာတာ နာမည်က လှိုင်းသန့်စင်ဝေနဲ့ ဇွဲသက်တဲ့ သူတို့နာမည်ကြားရင် မော်ကွန်းထိန်းတောင်လန့်တယ် ။ ရည်းစားကလည်း တကယ့် ချောမောတဲ့ queen တွေကြီးဘဲတွဲတာ ဒါပေမယ့် အဲ့ထဲမှာ ဇွဲသက်ကတော့ bi နှစ်မျိုးလုံးတွဲတာ သူတို့နှစ်ယောက်လုံးကို ဘယ်သူမရန်မစ ရဲဘူး စလိုက်တာနဲ့ ထိုးကြိတ်တော့တာဘဲ သူတို့အဖေတွေဆို ခဏခဏလျော်ကြေးပေးရတယ် ။ကျောင်းအုပ်ကြီးကို လက်ထိုးထားလို့သာ ကျောင်းကမထွက်ရတာ ”

ကျွန်တော်နဲ့ လူဆိုးလေးWhere stories live. Discover now