Ep 5

139 10 0
                                    

ခန့်ခန့်တစ်ယောက် ကျောင်းကို နောက်ကျမှ လာပီး အတန်းမတတ် နိုင်ဘဲ ကန်တင်းကို အမြန်ပြေးလာနေရသည်။
တနေရာအရောက်

ဘုတ်
အင့်

မင်းခန့်ဇော် တစ်ယောက် ပထဆုံး ကျောင်းတတ်ရက်တွေကို မတတ်ဘဲ ဒီနေ့မှ သာ ကျောင်းသို့ လာဖြစ်သည်။ အတန်းထဲ အရင်မသွားဘဲ သူငယ်ချင်းတွေရှိရာ ကန်တင်းဆီးကို သွား ဖို့  လာနေစဉ် အရှေ့က ကောင်လေးတစ်ယောက် ပြေးလာတာကို မြင်မိပြီး ရှောင်ဖို့ ဘဲ ရှိသေးတယ် ကောင်လေး က ဝင်တိုက်လိုက်သည်။ သို့သော် သူက မလဲရဘဲ ထိုကောင်လေးက ဖင်ထိုင်ရက်လေး ပြုတ် ကျ နေသည်။
မင်းခန့်တစ်ယောက် သူ့ကို ပြုတ်ကျသွားတဲ့ ကောင်လေးကို ကြည့်ပြီ တော်တော်နဲ့ မထူပေးဖြစ်ပါ။ ဘာလို့လဲ ဆိုတော့ အရုပ်လေးအတိုင်းချစ်ဖို့ကောင်းတဲ့ ထိုကောင်လေးကို ကြောင်ကြည့်နေမိသည်။ ထိုကောင်လေးကို တော်တော်ကြာကြည့်ပီးတော့မှ

အ နာလိုက်တာ

အဆင်ပြေလား ကလေး

ဟို ဟုတ် တင်ပါး နာသွားပီ

မင်းခန့်တစ်ယောက် ထိုကလေးကို ​ေတာ်တော်အသဲယားသည်။ ပြောနေပုံလေးက မျက်ရည်လေးတွေ ဝိုင်းပီ အကို တစ်ယောက် ကို သူနာကြောင်းပြောနေသလိုဘဲ ဒီကောင်လေးကို ဒါကြောင့်လည်း ကလေးလို့ ခေါ်မိတာ

ထ ကိုယ်ထူပေးမယ်နော်

ပြောပြီး မင်းခန့်တစ်ယောက် ကောင်လေးရဲ့ လက်ကို တွဲပီး ထူပေးလိုက်သည်။

ကျေးဇူးပါနော် အကို

ရပါတယ် ကလေး အော် ကိုယ် ကလေးလို့ဘဲ ခေါ်မယ်နော် ကလေးလေးနဲ့တူလို့ ဒါနဲ့ ကိုယ့်နာမည်က မင်းခန့်ဇော်ပါ။

ဟုတ် ကျွန်တော်နာမည်က မြတ်ဘုန်းခန့်သော်ပါ။ ခန့်ခန့်လို့လည်း ခေါ်လို့ရပါတယ်။ ဒါဆို သွားပါရစေနော် နောက်ကျနေလို့ပါ။

ကန်တင်းကို သွားဖို့ မို့လား ။ ကိုယ်နဲ့ လမ်းတူတယ်လေ တူတုသွားရအောင်

ဟုတ် ကဲ့ပါ အကို

ရောက်ပါပီ ခန့်ခန့် လူဆိုးလေး ထုိင်တဲ့ဆိုင်ကိုတွေ့ပါပီ တော်တော်ရှာလိုက်ရတယ်။ သူနဲ့က ဘယ်ဆိုင်မှာ ေတွ့မယ်လို့ မပြောဖြစ်တော့ တော်သေးတယ် ဟိုအကိုလိုက်ရှာပေးလို့

ကျွန်တော်နဲ့ လူဆိုးလေးWhere stories live. Discover now