Ep 10 (Zawgi)

41 0 0
                                    

ဒီနေ့က ကျောင်းမှာ welcome နေ့မို့လို့ ခန့်တစ်ယောက်ကျောင်းကိုစောစော သွားဖို့ အတွက်ပြင်ဆင်နေရသည်။ ဖေဖေကို လိုက်မပို့ခိုင်းတော့ဘဲ taxi နှင့်သွားရမည်။ ခန့်က Major welcome နေ့မှာ မုန့်ရောင်းဖို့ တာဂန်ယူရတာဆိုတော့ စောစောသွားပြီးပြင်ဆင်ထားရမည်။ ခန့်တို့ မေဂျာရဲ့ 1 st year တွေကတော့ ဏေညှိထမင်းလိပ်နဲ့ ကိုလာ ကို ဘဲ စီစဉ်ထားသည်။ ကိုယ့်မေဂျာက သူတွေကတော့ မုန့်စားကတ်နှင့် လဲစားရပီး ။ကျန်မေဂျာက လာဝယ်တဲ့သူတွေကိုတော့ ရောင်းပေးရမည်။ ဒါကြောင့် ရေညှိ တွေအများကြီး လိပ်ရတော့မည်။ တော်သေးတာပေါ့ မုန့်စီစဉ်ဖို့က လူတွေအများကြီးပေးထားသေးလို့ ။ ဟန်နဲ့ စာစာ တို့ဆီကိုလည်း သွားအားပေးရမယ်။

"ကြီးကြီးရေ ခန့်ခန့်သွားပီနော် ”

"အင်းသားလေး ဂရုစိုက်ဉီးနော် ”

ခန့်လည်း ခေါ်ထားတဲ့ Taxi နဲ့ဘဲ ကျောင်းသို့သွားရသည်။ ကျောင်းရောက်တာနဲ့ Main ဆောင်ရဲ့ အရှေ့မှာ မုန့်ရောင်းဖို့အတွက် ပြင်ကြဆင်ကြနဲ့ ပင် ၈နာရီကို ထိုးပါပီ ။ မုန့်စားကတ်ရှိတဲ့သူတွေကစောစောစီးစီး လာထုတ်ကျသည်။ တချို့ ဝယ်မည့် သူတွေကလည်း ဝယ်စားကြသည်။

"ခန့် လေးက တကယ်တော်တယ်ကွယ် ရေညှိထမင်းလိပ်လေးက အရသာရှိလိုက်တာ ”

"ကျေးဇူးပါ မမ EC, စားကောင်းတယ်ဆို များများ စာပါ။ ”

EC အစ်မကြီးရဲ့ ဆော် ဩမှုကြောင့် ခန့်တို့မေဂျာက မုန့်တွေ အများကြီး ရောင်းထွက်သည်။ ဝယ်တဲ့သူများတော့ ခန့် လည်း တချိန်လုံးရေညှိသာ လိပ်နေရသည်။ မေဂျာရဲ့ King & Queen ရွေးပွဲကိုနီးတော့ ခန့်တို့မုန့်ရောင်းတဲ့ နေရာကို ခဏ ပိတ် ထားရသည်။ အခုက ၁၁ လောက်ရှိပီဖို့ ခန့်တို့ အစားအသောက် စီစဉ်တဲ့ သူတွေလည်း Main ဆောင်ရဲ့ ဘွဲ့ နှင်းသဘငအခန်းမ ကိုသာ လာခဲ့ ကြသည်။ ကိုကို ကို သူအားပေးရမယ်လေ.......

"အခု အားလုံး ရင်ခုန်စောင့် မျှော်နေတဲ့ အချိန်ကို ရောက်ရှိလို့ လာပါပီ ။ ကျွန်တော်တို့တွေ မကြာခင်မှာ ဒီနှစ်ရဲ့ King & Queen က ဘယ်သူဖြစ်မလည်း ဆိုတာ အားလုံး သိရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခု ဒီ မှာရှိတဲ့ ဆရာ ဆရာမ တွေ ပါမောက္ခ တွေနဲ့ အတန်းသူ အတန်းသား ရှေ့ကို Sticker လေးတို့ကို လာပေးပါမယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ သူကို မဲပေးလို့ရပါ တယ်။ ဒါကြောင့် King &Queen တွေကို ခေါ် လိုက်ကြစို့ နော်...... ”

ကျွန်တော်နဲ့ လူဆိုးလေးDonde viven las historias. Descúbrelo ahora