part(7)

45.5K 3.4K 281
                                    


'' ကြီးမေ မနေ့ညကသား ဘာများဖြစ်လာလဲမသိဘူး´´

'' ဘာဖြစ်လို့လဲ နွယ်ရဲ့။´´

'' နွယ့်ကိုလေ မနေ့ညက သားကပြုံးပြသွားတယ်။ ´´

'' ဟင်! ´´

'' ဟုတ်တယ်ကြီးမေ နွယ်အမြင်မှားတာလားလို့တောင် ထင်လို့ သေချာကြည့်တာ သားကနွယ်မေးတာကို စိတ်ရှည်လက်ရှည်နဲ့ဖြေပြီး ပြုံးပြသွားတယ် သိလား။ ´´

မနက်စာ ပြင်ရင်း မောင့်အကြောင်းကို ဝမ်းသာအားရ ပြောပြနေသည့် နွယ့် ကိုကြည့်ပြီး ကြီးမေ စိတ်မကောင်းပေ....။

နွယ်သည်စိတ်ထားလေး လဲကောင်းရှာပါသည်...။ သူဌေးခေါ်လာလို့ ဒီအိမ်ပေါ်စရောက်သည့် နေ့ကတည်း က ကြီးမေတို့ကိုလည်း မိသားစုဝင်လိုသာ ဆက်ဆံပေးပြီး မောင့်အပေါ်မှာလည်း ကိုယ့်သားလေးတစ်ယောက်လို သဘောထားပေးခဲ့သည်...။
ဒါတွေအား  ''အပိုတွေ´´ဟုထင်နေသော မောင်ကတော့ သိမှာမဟုတ်ပါဘူးပေ...။

'' ကြီးမေ သိလား နွယ်လေ သားလေးနဲ့ အဆင်ပြေချင်တယ်။ မဖြစ်နိုင်မှန်းသိရက်နဲ့ သားက နွယ့်အပေါ် အမေရင်းတစ်ယောက်လို ဆက်ဆံစေချင်တယ်။ အမေတစ်ယောက်လိမြဟုတ်ရင်တောင် အဒေါ်တစ်ယောက်လို ဆက်ဆံပေးလည်းရပါတယ်။ နွယ် သိပ်များလောဘကြီးသွားသလားဟင် ကြီးမေ။ ´´

'' မဟုတ်တာ နွယ်ရယ် ´´

'' နွယ် ဘဝ ကအကိုနဲ့ မတွေ့ခင်အထိ အရမ်းဘဝနာခဲ့တယ် ကြီးမေ ။ နွယ့်ရဲ့ ဖေဖေနဲ့ မေမေက နွယ်ငယ်ငယ်လေးကတည်းက ဆုံးသွားတော့ နွယ် ဆွေးမရှိ၊မျိုးမရှိ ၊အားကိုးရမယ့်သူမရှိနဲ့ နွယ်တစ်ယောက်တည်း လောကဒဏ်ဆိုတဲ့အရာကြီးကို ခါးဆီးပြီး ခံခဲ့ရတာ ....။နွယ်ခုလိုဘဝလေးနဲ့နေနိုင်တာ အကိုကြီးကျေးဇူးတွေကြောင့်ပါ ။အဲ့ဒါကြောင့် နွယ် တတ်နိုင်သလောက် မြဇ္ဇူလေးကို မိခင်မေတ္တာတွေပေးပြီး မိခင်ရင်းနဲ့မခြားစောင့်ရှောက်ချင်ခဲ့တာ...။´´

'' ကြီးမေသိပါတယ် နွယ်ရယ်´´

'' ဒါပေမဲ့ နွယ် ဒီအိမ်ကိုရောက်လာတာ သားလေးအတွက် စိတ်အနှောက်အယှက်ပေးသလို ဖြစ်သွားတယ်ထင်ပါတယ်ကြီးမေရယ်´´

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now