'' ကိုဆက်...''
'' ဗျာ ဖေကြီး ''
ဆက် ခြံထဲက ခရေပင် အောက်မှာ ထိုင်ပြီး တွေးနေတုန်း နောက်မှ ဖေကြီးခေါ်သံကြောင့် ဆက်ပြန်ထူးပြီး လှည့်ကြည့်မိတော့ ဖေကြီးက ကိုဆက် ပုခုံးပေါ်လေး လက်လေးတင်ကာ ဘေးနားကဝင်ထိုင်လေသည်။
'' ထမင်းလည်း ကောင်းကောင်းမစားဘူး ကိုဆက်....မနက်ဖြန် ပြန်ရတော့မှာမလား ''
'' ဟုတ်ဖေကြီး...''
ကိုဆက် မနက်ဖြန် ခွင့်ပြည့်ပြီဖြစ်တာကြောင့် ရန်ကုန်သို့ ပြန်ရတော့မည်။ မေကြီး နဲ့ကတော့ ကိုဆက် ခုချိန်ထိ စကားလည်းမပြောရသေးသလို...မျက်နှာချင်းပင်မဆိုင်ရသေးပေ....။ မေကြီး က ကိုဆက်ကို မျက်နှာချင်းပင်မဆိုင်ဘဲ ဒီရက်ပိုင်း အခန်းထဲတွင်သာ အချိန်ကုန်နေလေသည်။
''ကိုဆက် စိတ်မကောင်းဖြစ်နေတာလား ''
'' ဖေကြီး...ဖေကြီးကရော သားကို စိတ်မဆိုးဘူးလားဟင်...''
ကိုဆက်မျက်နှာငယ်လေးနဲ့သာ ဖေကြီးကိုမေးလိုက်လေသည်။
'' ကိုဆက်က ဖေကြီးရဲ့သားပါ .... ။တစ်ဖက်လူက အိမ်တိုင်ရာရောက် လာပြီး စော်ကားသွားပေမဲ့...ဖေကြီး သားကိုစိတ်မဆိုးပါဘူး.... ။ကိုဆက်လည်း ဒီလို ဘယ်ဖြစ်ချင်ပါ့မလဲ...။ဖေကြီး က အဖေပါ သားရယ် ...။ကိုယ့်သားသမီးကို အခြောက်ဆိုပြီး သူများလက်ညှိုးဝိုင်းထိုးမှာ ဖေကြီး ဘယ်ခံနိုင်ပါ့မလဲ။ ဒါပေမဲ့ ဒါက သားရဲ့ဖြစ်တည်မှုပဲ လေ ဖေကြီး ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး...။ဖေကြီးက သား ဘက်က ။သားပျော်ရွင်နေရင် ရပါပြီ...။ဖေကြီးကအပြည့်အဝ သားကိုကာကွယ်ပေးမှာ...''
'' အဟင့် ဖေကြီး....''
ကိုဆက် ဖေကြီး၏ စကားတွေကြောင့် ဝမ်းနည်း၊ ဝမ်းသာနဲ့သာ ငိုချမိလေတော့သည်။
>>>>>
<<<<<ဆက် ဒီနေ့တော့ ရန်ကုန်ပြန်ရမည့် နေ့ ဖြစ်တာကြောင့် မေကြီး ကိုလည်းတွေ့ချင်လွန်းလို့ ဆက်အိပ်ရာ ထထချင်း မေကြီးရှိရာ စျေးသို့ လိုက်သွားခဲ့လေသည်။
'' လွန်းဖြူရဲ့သားလေးရောတဲ့လေ...''
ဆက် မေကြီးဆီလိုက်ခဲ့သည့် လမ်းတစ်နေရာအရောက် နားထဲတွင် ဖျက်ခနဲ ကြားလိုက်ရတဲ့ မေကြီးနာမည်ကြောင့် ခြေလှမ်းလေးတွေရပ်သွားလေသည်။
VOCÊ ESTÁ LENDO
''မောင့်''ရဲ့ဒေါက်တာလေး....(Completed)
Romanceချစ်ခင်မြတ်နိုး အားကိုးရတဲ့... ချစ်သူစကား တန်ဖိုးထားပါ့မယ်.. အဆိုးအကောင်း အကျိုးအကြောင်း.. ပိုင်းခြားဆုံးဖြတ် ဝေဖန်တတ်အောင်.. လမ်းပြဆောင်တဲ့ မင်းကကြယ်တစ်ပွင့်.. ဖြစ်လင့်သော်ငြား မှောင်သောညများမှာ.. တစ်ခြားအားကိုး ထပ်မရှာမိပါပဲ.. ဒီကြယ်ပွင့်လေး...