part(21)

37.4K 2.8K 292
                                    

'' ဒါကဘယ်ကိုလဲ သားမောင် ။ အမယ်ပြင်လို့ဆင်လို့ပါလား ...´´

နွယ်ဆေးခန်းမှပြန်လာလာ၍အိမ်ထဲဝင်ရုံရှိသေးပုဆိုး ကွက်စိပ်အညိုလေးနှင့် စတစ်ကော်လံအဖြူလေးအားဝတ်ကာ ကတ္ထီပါ ဖိနပ်လေးစီးပြီး တစ်နေရာသွားရန်ပြင်နေသည့်သားမောင်ကြောင့် နွယ် မေးလိုက်လေသည်။

'' ဟင်းအန်တီနွယ်ကလည်း သိရဲ့သားနဲ့ ။´´

'' သြော်။သိပါပြီရှင် ။ကဲဒီနေတော့ သွားတွေ့တော့မယ်ပေါ့လေ ။´´

'' ကျွန်တော့်ကိုကြည့်ပါအုံး အန်တီနွယ်ရဲ့ အဆင်ပြေရဲ့လားဟင် ´´

မောင် စိတ်လှုပ်ရှားစွာနှင့် ပုဆိုးကိုသေချာပြင်ဝတ်ပြီး မေးလိုက်လေသည်။

'' အမယ်လေးပြေပါ့ရှင်။ သိပ်ကိုကြည့်လို့ကောင်းနေရော ´´

'' ဟီး ဒါနဲ့အန်တီနွယ်က ဘယ်ကပြန်လာတာလဲ ´´

'' သြော်အန်တီနွယ်လည်း ဒေါက်တာလေးဆေးခန်းကခုပဲ ပြန်ခဲ့တာ ။အကြောဆေးလေးသွားသွင်းတာ ´´

'' ဒေါက်တာ ရှိတယ်မလား အန်တီနွယ် ´´

'' ရှိပါ့ရှင်...´´

'' ဟုတ်ပြီ။ ဒါဆို ကျွန်တော်သွားတော့မယ်နော်။ ´´

''  အင်းပါကွယ်  ´´

မောင်သည် အန်တီနွယ့်အား နှုတ်ဆက်ပြီး ဒေါက်တာလေးရှိရာ ဆေးခန်းဆီသို့သာ စိတ်လှုပ်ရှားစွာလှမ်းထွက်ခဲ့လေသည်။

'' အဟင်း....!´´

မောင်ဆေးခန်းရှေ့ အရောက်တွင်တော့ ပစ္စည်းတွေသိမ်းနေသည့်သူနာပြုဆရာမလေးကြောင့် မောင်ချောင်းလေးဟန့်လိုက်သည်။

'' ဆေးခန်းပိတ်ပါပြီ လူနာ....ဟာ...ဟို ´´

အေမီ လူအားမော့မကြည့်ဘဲ ပစ္စည်းတွေသိမ်းရင်းကနေ ပြောနေရင်းမှ သေချာမော့ကြည့်မိတော့ လာနေကြ ခက်ဆိုးဆိုးကောင်လေးဖြစ်နေလေသည်။ အေမီ အရင်ကပုံစံနှင့်လားလားမှမဆိုင်ဘဲ ခုတွေ့နေရသည့်ကောင်လေးကြောင့် အံ့သြကာ ခြေဆုံးခေါင်းဆုံးသာ ကြည့်နေမိသည်။

'' အဟင်း...ဆရာမ ´´

မောင် သည်မိမိအားခြေဆုံး ခေါင်းဆုံး မျက်တောင်မခတ်ဘဲ ကြည့်နေသည့် သူနာပြုဆရာမလေးကြောင့် မနေတတ်တော့ဘဲ ဂုတ်ကလေးကိုပွတ်ကာ ချောင်းဟန့်ပြီး ခေါ်လိုက်လေသည်။

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now