part(14)

37.1K 2.9K 184
                                    

''မကြားလိုက်လို့လားထပ်ပြောမယ် ကျုပ်ကယောကျ်ားတွေကိုပဲ...''

''ခွပ်!''

''ဒယ်ဒီ...!''

''အကို ..!''

မောင် စကားပင်မဆုံးသေးနှုတ်ခမ်းပေါ်ကျရောက်လာသည့် အားပြင်းပြင်းထိုးချက်ကြောင့်မောင့်နှုတ်ခမ်းထောင့်တွင် သွေးစို့သွားလေသည်။

''ကျုပ်ကိုထိုးလိုက်လို့လည်း ဒီအမှန်တရားက ပြောင်းလဲသွားမှာ မဟုတ်ဘူး ဒယ်ဒီ ။ကျုပ်ကမိန်းမတွေကိုစိတ်မဝင်စားဘူး ။''

''မြဇ္ဇူမောင်..!''

''ဟုတ်တယ် ဒါအမှန်တရားပဲ ။ကျုပ်ချစ်တာ ယောက်ျားလေးတစ်ယောက်။ ''

''ဒီထက်ပိုပြီး မင်းကိုငါရွံမလာခင် မင်းပါးစပ်ကိုပိတ်လိုက်တော့ မြဇ္ဇူမောင်။ ''

''ကျုပ်ကရွံစရာကြီး ဖြစ်သွားပြီလား။ ဘယ်လိုလုပ်မလဲ အဲ့ဒီရွံစရာကောင်ကြီးက
ဒယ်ဒီ့သားဖြစ်နေတာ ။''

''ခွပ် !''

ဒယ်ဒီ၏ ဒုတိယမြောက်ထိုးချက်တွင်တော့ မောင့်အောက်နှုတ်ခမ်းထောင့်မှာကွဲသွားပြီးသွေးများပင်စီးကျလာလေသည်။

'' အကိုရယ်တော်ပါတော့။ နွယ်တောင်းပန်ပါတယ်။ ''

နွယ်လည်း ဘယ်လိုမှ မကြည့်ရက်နိုင်သည့်အဆုံးမောင့်ရှေ့မှကာပြီး ငို၍ပြောကာအကို့အားတားလေတော့သည်။

'' နွယ် မင်းရှေ့ကဖယ်စမ်း ။''

''မဖယ်ဘူးအကို...။''

''ဒီကောင်ပြောနေတာကြားလား ။ကိုယ့်သိက္ခာကိုချနေတာ ''

'' အကိုရယ် မလုပ်ပါနဲ့။တော်ပါတော့။ နွယ်တောင်းပန်ပါတယ်''

ဦးမြဇ္ဇူပြောရင်းဒေါသများထွက်လာပြီးရှေ့တိုးလာတာကြောင့် နွယ်မှာကြားထဲကနေ ပင် မျက်ရည်လေးတစမ်းစမ်းနှင့်သာတောင်းပန်နေရလေတော့သည်။

''အဟက်...သူဌေးကြီးဦးမြဇ္ဇူရဲ့ တစ်ဦးတည်းသောသားလေးက ယေကျ်ာချင်းကြိုက်နေတာဆိုတော့ ဦးမြဇ္ဇူကြီးရဲ့ ဂုဏ်သိက္ခာက ကုန်းကောက်စရာမရှိအောင်ကျသွားတာပေါ့။ ''

'' တောက် ! ...ဒီကောင် ''

'' အကို ...တော်ပါတော့ အကိုရယ် နွယ်ရှစ်ကြီးခိုးပါတယ်....။''

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Donde viven las historias. Descúbrelo ahora