Extra (💙)

30.7K 1.6K 133
                                    

'' မောင် ! မင်းကိုယ့်ကို အော် လိုက်တာလား ။''

'' ကျစ် ! မောင် ဘယ်မှာ အော်လို့လဲ။ ''

'' ကြည့် ကြည့် မင်းခု အော်လိုက်တာမဟုတ်ဘူးလား ''

မောင် အိမ်ပြန်ရောက်လာကတည်းက ငိုမဲ့မဲ့ မျက်နှာလေးနဲ့ ရစ်နေတဲ့ သက်ဆိုင်သူဒေါက်တာလေးကြောင့် မောင် ဘာပြောရမှန်းပင်မသိတော့ပေ။

'' မောင်အော် နေတာမှ မဟုတ်ဘဲ ။မောင်ရှင်းပြနေတာလေကွာ ''

'' ကြည့်ကြည့် မင်းကိုယ့်ကို စိတ်မရှည်တော့ဘူး ''

'' ဒေါက်တာ !''

မောင် အသံနည်းနည်း ကျယ်မိသွားတော့ မောင့်ကို ငိုမဲ့မဲ့ မျက်နှာလေးနဲ့ မျက်စောင်းထိုးကာ လာကြည့်ပြန်ပါသည်။

'' ကိုယ့်ကို လာမအော် နဲ့ လူဆိုးကောင်လေးရဲ့ ''

ဆက် မောင့်ကို ပိတ်အော်လိုက်ပြီး မျက်စောင်းလေးသာထိုးလိုက်လေသည်။

'' အဲ့လို အော်အောင် ဘယ်သူလုပ်တာလဲပြော ''

မောင့် စကားကြောင့် ကိုဆက် မောင့်ကို မျက်စောင်းကြီးဖြစ်ကြည့်လိုက်ကာ ...

'' အဲ့လိုပြောကြေးဆို အဲ့လိုလုပ်အောင် ဘယ်သူက အရင်လုပ်တာလဲ ''

'' ဒါဆို မောင်မသွားပါနဲ့ မကြိုက်ဘူးလို့ပြောတဲ့နေရာကို အရင်သွားတာ ဘယ်သူလဲ ''

'' ဒါဖြင့် ပြောတော့ နေ့ချင်းပြန်ဆိုပြီး ကိုယ့်ကို တစ်ရက်လုံးတစ်ယောက်တည်းထားခဲ့တာ ဘယ်သူလဲ။ ကိုယ်ဖုန်းဆက်တာကိုမကိုင်တာလဲ ဘယ်သူလဲ ''

'' မောင်ပြန်ဆက်တာကို မကိုင်တာရော ဘယ်သူလဲ။ မောင့်ကို စိတ်ပူအောင် လုပ်တာရော ဘယ်သူလဲ ''

'' ခုမှလာ စိတ်ပူမနေနဲ့။ စ်ိတ်ပူတဲ့သူက ကိုယ့်ကို တစ်ရက်လုံးတစ်ယောက်တည်း ပြစ်မသွားဘူး သိလား ''

'' မောင် အကျိုးအကြောင်းလေးဖုန်းဆက်တာကို စိတ်မကောက်ဘဲ ကိုင်လိုက်ရင် ခုလိုစကားများနေမှာ မဟုတ်ဘူးသိလား ''

'' မောင် မင်းကိုယ့်ကို စကားနိုင်လာမလုနဲ့ ''

စကားများနေရင်းကပင် မောင့်ကို နှုတ်ခမ်းလေးဆူပြီး ပြန်ပြောနေသည့် ဒေါက်တာ့ ကြောင့် မောင်ရယ်ချင်စိတ်ကို မနည်း ထိန်းနေရလေသည်။

You've reached the end of published parts.

⏰ Last updated: Aug 30, 2023 ⏰

Add this story to your Library to get notified about new parts!

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Where stories live. Discover now