part(3)

58.1K 4.5K 561
                                    

'' ဟာကွာ ကြက်ဥ တွေကွဲကုန်ပြီ ။၈လုံးကိုတစ်ထောင်ဖိုးနဲ့ ဝယ်လာရတာကို ။ဟိုလူဆိုးကောင်လေးကြောင့် ငါ့ကြက်ဥတွေ ကွဲပါပြီ။''

ဆက် သည် မိမိအား စိုက်ကြည့်နေသော ထိုကောင်လေးရှေ့သို့ မသိချင်ယောင်ဆောင်ကာ သွားခဲ့ပေမဲ့  ထိုကောင်လေး က စားပွဲခုန်အား'' ဘုန်း!''ကနဲ ထုလိုက်သော အသံကြောင့် လန့်ကာ ပြေးမှန်းမသိပြေးခဲ့ရသည်။
တော်ကြာ မနေ့က သူ့ကိုပြန်ပြောလိုက်သည်အား မကျေနပ်လို့ဆိုပြီး ရန်လာစရင် မည်သို့လုပ်ရပါမည်နည်း။ သူလည်း ယောကျ်ား ကိုယ်လည်းယောကျ်ားဆိုပေမဲ့ ထိုကောင်လေးနှင့် ပြိုင်ပြီး ရန်ဖြစ်ဖို့အထိတော့သူကြောက်ပါသည်။

' ' ဘယ် နှစ်လုံးတောင်ကွဲသွားတာလဲ။ တစ်ပတ်စာပါဆို။ ''

ဆက် စျေးခြင်းထဲရှိ ကြက်ဥ အိတ်လေးအားထုတ်ပြီးစစ်နေလေသည်။

'' နှစ်လုံးတောင်ကွဲသွားပြီ ။ဟာကွာ စိတ်တိုလိုက်တာ ။''

ဆက် ဆူဆူ ပုတ်ပုတ်နှင့် ကွဲသွားသောကြက်ဥလေးများကိုသက်သက်စီထားပြီး အရင်ကြော်လိုက်လေသည်။

'' နောက်ကျနေပြီ ဆေးခန်းသွားရမှာကို ဆရာမတောင်ရောက်နေပြီလားမသိဘူး။ ''

ကြက်ဥကြော် နှင့် ကိုက်လံကြော်လေးအား ထမင်းချိုင့်လေးထဲထည့်ပြီး မေမေထည့်ပေးလိုက်သည့် ငံပြာရည်ကျော်လေးပါထည့်လိုက်ကာ ထမင်းချိုင့်ထုတ်လိုက်လေသည်။

ထမင်းချိုင့်ထုတ်ပြီးသည်နှင့် ရေ၊ မိုးချိုးကာ ဆေးခန်းသို့ထွက်ခဲ့လေတော့သည်။

'' ဆရာမ ရောက်နေပြီလား ။ကျွန်တော်နည်းနည်းနောက်ကျသွားတယ် Sorry နော်။ ''

'' ရပါတယ်ဒေါက်တာရဲ့။ အေမီလည်းခုမှ ဖွင့်ပြီးတာ။ ''

ဆက် ဆေးခန်းထဲသို့ရောက်ရောက်ချင်း
တံမြတ်စည်းလှည်းနေသည့် သူနာပြုဆရာမလေး မအေမီ အားနှုတ်ဆက်လိုက်ကာ ထမင်းချိုင့်လေးအား ဆေးတွေတင်ထားသည့် စားပွဲပေါ်သို့ချကာထိုင်လိုက်လေသည်။ ထို့နောက် မျက်မှန်ဘူး၊ ဂျူတီကုတ် ၊ နားကြပ် ပါမကျန် အကုန်ထုတ်ကာ စီစီ၊ ရီရီ စားပွဲပေါ်တင်လိုက်လေသည်။

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)حيث تعيش القصص. اكتشف الآن