'' လာလေ ဒေါက်တာလေးရဲ့ ဘာကြည့်နေတာလဲ မောင့်ကိုမမြင်ဘူးလို့လား ...''
ဆက် ရေချိုးပြီး အခန်းထဲပြန်ဝင်လာရုံရှိသေး...ဆက်၏ထမင်းချိုင့်လေးအားဆေးပြီး ..မီးဖိုခန်းထဲတွင်အလုပ်ရှုပ်နေသည့်မောင့် ကြောင့်...ဘာမှမပြောဘဲ ရပ်ကြည့်နေလိုက်သည်။ ဆက် မောင့်စကားကြားမှ ခေါင်းလေးကိုရေသုတ်ရင်း အခန်းထဲဝင်လာခဲ့လေသည်။
'' ဒီမှာထိုင်...''
'' ဟင် ...''
'' ဒီမှာထိုင်လို့...''
ဆက် ကိုကြည့်ပြီး သူ့ရှေ့ကခုံလေးထံသို့လက်ပုတ်ပြီး ထိုင်ခိုင်းလာသည့်မောင့်ကြောင့် ဆက်ဘာမှမပြောဘဲဝင်ထိုင်လိုက်လေသည်။
ဆက်ဝင်ထိုင်လိုက်တော့ မောင် က ဆက်ရဲ့ပုခုံးလေးအားကိုင်ပြီး သူ့ရင်ခွင်ထဲကိုဆွဲသွင်းလိုက်သည်။ ဆက် မောင့်ရင်ခွင်ထဲကိုကျောပေးရင်း ကိုယ်လေးတုန်သွားလေသည်။'' ခေါင်းကရေတွေသုတ်ပေးမလို့ပါခင်ဗျားရယ် ကြောက်တတ်လိုက်တာ..''
မောင်က ရယ်ကျဲကျဲနှင့်ပြောတော့ ဆက် ..ဘာမှမပြောဘဲငြိမ်ပေးလိုက်လေသည်။
မောင် သည်မိမိ၏ရင်ခွင်ထဲသို့ ဒေါက်တာလေးအားထည့်ပြီး ရေစက်လက်နဲ့ခေါင်းလေးအား ငြင်သာစွာသုတ်ပေးလိုက်သည်။
'' ခေါင်းကိုရေစင်အောင်မသုတ်ရင် ခေါင်းကိုက်ပြီး၊နှာစေးမှာပေါ့...''
'' ကိုယ် လဲအဲ့လောက်တော့သိပါတယ်နော်ကိုယ်ကဆရာဝန်ပါ...''
'' ဟုတ်ပါပြီ မောင့်ရဲ့ဒေါက်တာလေးရယ် ''
မောင် သည်ဆက်အား စပ်ဖြဲဖြဲလေးပြောလိုက်ပြီး ရေတွေသာစင်အောင်သုတ်ပေးနေလေသည်။
'' မောင်...''
'' ဗျာ...''
''.....''
''ဟောဗျာခေါ်ပြီးဘာမှလည်းမပြောဘူး ''
မောင် မိမိအားခေါ်ပြီး ဘာစကားမှမပြောလာသာသည့်ဒေါက်တာလေးကြောင့် ပုခုံးလေးကိုကိုင်ပြီးမေးလိုက်လေသည်။
'' ဟင့်အင် ဘာမှမဟုတ်တော့ဘူး...''
''ဟောဗျာ...''
YOU ARE READING
''မောင့်''ရဲ့ဒေါက်တာလေး....(Completed)
Romanceချစ်ခင်မြတ်နိုး အားကိုးရတဲ့... ချစ်သူစကား တန်ဖိုးထားပါ့မယ်.. အဆိုးအကောင်း အကျိုးအကြောင်း.. ပိုင်းခြားဆုံးဖြတ် ဝေဖန်တတ်အောင်.. လမ်းပြဆောင်တဲ့ မင်းကကြယ်တစ်ပွင့်.. ဖြစ်လင့်သော်ငြား မှောင်သောညများမှာ.. တစ်ခြားအားကိုး ထပ်မရှာမိပါပဲ.. ဒီကြယ်ပွင့်လေး...