part(12)

39.9K 3K 113
                                    

'' မေကြီးကလည်း...သူများတွေလည်းဒီလိုပဲသွားနေကြတာကို။''

'' မရဘူးနော် ကိုဆက် ။မေကြီးနဲ့ ဖေကြီးတောင်မသွားတာကို။ ပြီးတော့ဟိုဘက်လမ်းကကောင်လေးတွေကအရမ်း ရမ်းကားတာ..မေကြီးစိတ်မချဘူး။''

''မေကြီးကလည်း..ဆုငယ်တို့တောင်သွားနေကြတာကိုလွှတ်ပါနော်...။နော်လို့ ။ သားက ကလေးမှမဟုတ်တော့တာ။''

''ကိုဆက် ကလေးလည်းမဟုတ်ဘဲ ဂျီမကျစမ်းနဲ့ကွယ်။''

ဆက် သည် နေ့ခင်းက လူဆိုးကောင်လေး ၏ ပြန်ဆွဲခေါ်လာမှုကြောင့် အိမ်ပြန်ရောက်နေကတည်းကစ၍ ဒီည လမ်းထိပ်ရှိ ဘုရားပွဲသို့သွားရန် မေကြီးအားဂျီကျနေလေသည်။
အရင်နှစ်တွေကလည်း ဆက်တာဝန်ကျရာနေရာမှာ အလုပ်ဝင်နေရသည်မို့ မသွားဖြစ်ခဲ့ပေ။ ဒီနှစ်တော့ ရောက်အောင်သွားမယ်ခု အားခဲ ထားပေမဲ့ စိတ်မချဖြစ်နေသည့် မေကြီးကြောင့် ဆက် သည်မေကြီး ၏ဗိုက်ပေါ်သို့ ခေါင်းကလေး တင်ပြီး ပွတ်သတ်ကာချွဲနေလေသည်။

'' မေကြီးကလည်း..သူပါလိုက်မှာ။လွှတ်ပါနော်။''

ဆက်ဘေးနားကနေ၍ ဘာမှကူမပြောဘဲ ဆက်အားပြုံးပြုံးလေး ထိုင်ကြည့်နေသည့်မောင့်ထံသို့ မျက်စလေး ပစ်လိုက်ပြီး လက်ညိုးလေးထိုးကာပြောလိုက်လေသည်။

မောင် သည့်မိမိ ၏ရှေ့တွင် ကလေးလေးတစ်ယောက်နှယ်ချွဲနေသည့် ဒေါက်တာလေးအား ပြုံးပြီးကြည့်နေမိတုန်း မိမိအားလက်ညိုးလေးထိုးကာ မိမိဘက်သို့မြားဦးလှည့်လာသည့် ဒေါက်တာလေးကြောင့်၊ မိမိအား ''ဟုတ်လား '' ဆိုသည့် ပုံစံမျိုးနှင့် ကြည့်လာသည့် ဒေါက်တာ့၏မေမေ အား သွားလေးဖြဲပြလိုက်ပြီးပြုံးပြလိုက်လေသည်။

''ဟုတ်တယ်နော်။ မင်းပဲစောစောကပြောတော့သွားကြည့်ချင်တယ်ဆို။ တစ်ခါမှမရောက်ဖူး လို့ဆို။''

''ဟင်...''

''ဘာဟင်နေတာလဲ။ သူစောစောက ဆက်ကိုပြောတာ သိလားမေကြီး။ဘုရားပွဲတစ်ခါမှမရောက်ဖူးလို့ လိုက်ပြပါလားတဲ့ ။''

''ဟုတ်လားကောင်လေး...''

''ပြောလိုက်လေ ဟုတ်တယ်လို့။ ''

''မောင့်''ရဲ့ဒေါက်တာလေး....(Completed)Donde viven las historias. Descúbrelo ahora