Part 3

649 74 8
                                    


UNICODE
**********
မနက်ခင်းနေရောင်ခြည်ကမျက်နှာကိုထိုးလာတော့ Jung kookတစ်ယောက်မျက်ခုံးလေးတွန့်ကာနိုးလာလေသည်။ ထို့နောက်ရင်ခွင်ထဲမှာအိပ်နေတဲ့အကောင်ပေါက်လေးမျက်နှာပေါ်နေရောင်ထိုးမှာစိုးတာကြောင့် သူ့လက်လေးဖြင့်ကာပေးပြီး အကောင်ပေါက်လေးကိုကြည့်နေလိုက်သည်။

တကယ်ကိုပင်ချစ်ဖို့ကောင်းလှသည် မျက်နှာလေးကပြည့်ပြည့်ဖောင်းဖောင်းလေးနှင့် ပေါက်စီလုံးလေးအတိုင်းပင် ကြည့်နေရင်းမှ အကောင်ပေါက်လေးက လူးကာလွန့်ကာ နိုးလာလေသည်။

နိုးနိုးချင်းမျက်လုံးများကိုလက်‌‌ေသး‌ေသးဖြင့်အတင်းပွတ်နေသည်မို့ ဆွဲထားရသေးသည် ဒီကလေးလေးထိခိုက်သွားရင်စိတ်မကောင်းရတာကသူပဲမဟုတ်လား။

လက်လေးဆွဲလိုက်တော့မှ မော့ကြည့်လာပြီး
yg_"တိုတိုကနိုးနေပြီယား" တဲ့လေ
Jk_"ဟုတ်တယ် နိုးတာကြာနေပြီ yoonieလေးရဲ့ ထတော့လေ မျက်နှာသစ်ရအောင်" ဆိုပြီးခေါ်တော့ လက်လေးနှစ်ဖက်ဆန့်ပေးလေရဲ့ ဒီကလေးလေးအရမ်းကိုချွဲတတ်လွန်းသည် တော်ရုံဆိုလမ်းကိုမလျှောက်တော့ ချီသာချီခိုင်းနေသည်။ အဲ့လိုဆိုလို့ကျွန်တော့်ကိုစိတ်ဆိုးလားမေးလျှင် Noပါ လုံး၀စိတ်မဆိုးတဲ့အပြင် သဘောတောင်ကျသေးသည်။  တခြားကလေးတွေမချစ်တတ်ပေမယ့် yoonieလေးကိုတော့သူချစ်သည်။ ထိုကလေးလေးအလိုကျအကုန်ဖြစ်စေချင်သည်။ ရှေ့လျှောက်လည်းကျွန်တော့်ဘက်ကတတ်နိုင်သလောက်တော့ ကလေးအတွက်ဖြည့်စည်းပေးအုန်းမည်ပင်။

မျက်နှာသစ်ပြီးတော့ ဒီနေ့ကလေးကကျောင်းသွားရမည်ဆိုသဖြင့်အ၀တ်အစားလေး လဲပေးပြီး ပွေ့ချီကာအောက်ထပ်သို့ဆင်းလာသည်။  Yoonieလေး Ommaနဲ့ Jungkook‌ေလးရဲ့ommaမှာတော့ မနှိုးရသေးခင်ပင် အကုန်ပြင်ဆင်ပြီးဆင်းလာသော ကလေးနှစ်ယောက်ကြောင့်တအံ့တဩနှင့်ပင် ပြီးမှ yoonieလေး ommaက

Sh_" oh.... သားလေးတို့ကဆင်းလာပြီလား yoonieလေးက ကိုကို့ကိုအကုန်လုပ်ခိုင်းနေတယ်ပေါ့လေ ကိုကို့ကိုအားနာစရာကြီးကို နောက်ဆိုမလုပ်ခိုင်းရဘူးနော် ကိုကိုလည်းလွတ်လွတ်လပ်လပ်လေးနေပါစေ... နော် ကြားလားYoonieလေး"  ဆိုပြီးလေသံမာမာလေးနဲ့ပြောတော့ yoonieတစ်ယောက်မျက်နှာကမဲ့ကျလာသည်ကို ရိပ်မိသော Jung kookတစ်ယောက်က ကြားဖြတ်ကာပင်

Yoonie's Ko Ko (Completed)Donde viven las historias. Descúbrelo ahora