Part 10

546 57 18
                                    

Unicode
**********

ဒီနေ့တော့ ကျွန်တော်USကိုသွားမယ့်နေ့ အခုတော့လေဆိပ်မှာပေါ့ ကျွန်တော့်ကလေးကတော့လိမ္မာပါတယ် မငိုပဲမျက်နှာလေးကိုကြည်လို့ပင် မနေ့ညနေကပင်ကျွန်တော့်ကို ဆောင်ရန်ရှောင်ရန်တွေ တစ်ညလုံးမှာနေသည်။ ၆လ‌မို့သာတော်တော့သည်လေ။

Jk_"ကလေးငယ် ကိုယ့်ဆီလာပါအုန်း" ဆိုပြီး လက်လေးဆန့်ပေးတော့ ကလေးငယ်က အသာလေး၀င်လာသည်။ ကလေးငယ်ရဲ့ဆံပင်လေးတွေကိုလက်နဲ့အသာဖွပြီးနမ်းရှိုက်လိုက်သည်။ ခဏကြာတော့
လေယာဉ်ထွက်တော့မည်ဖြစ်ကြောင်း ပြောလာသဖြင့် ကလေးငယ်ကိုအသာလွှတ်ပေးကာ

Jk_"နေ့တိုင်းph ဆက်မယ်နော် ကလေးလေး" ဆိုပြီးနှုတ်ခမ်းလေးကိုတစ်ချက်ကုံ့နမ်းလိုက်သည်။
ကလေးငယ်ကတော့ရှက်လို့ထင်သည် မျက်နှာလေးတွေကိုရဲနေရောပင်။ ပြီးမှ ကလေးငယ်က သူ့ဘက်ကပြန်နမ်းကာ

Yg_"ဟုတ် ကိုကို ရောက်ရင် phဆက်ပါနော်" တဲ့
ကလေးငယ်နဲ့မေမေတို့ဦး‌ေလးတို့ကိုနှုတ်ဆက်ပြီးလေယာဉ်ရှိရာသို့......

ကိုယ်ချစ်တဲ့ကလေးငယ်ကို ဘယ်ခွဲချင်ပါ့မလဲ ဒါပေမယ့်လည်းရှေ့ရေးအတွက်လေ ကလေးငယ်ကိုထိခိုက်တာမျိုးနည်းနည်းလေးမှအဖြစ်မခံနိုင်တာမို့ အဲ့လိုမဖြစ်ဖို့လည်းကလေးငယ်ရှေ့မှာ မားမားမတ်မတ်နှင့်ရပ်တည်နိုင်အောင်ထိ ကျွန်တော်ကြိုးစားရမည်။ ဒါကြောင့်ခဏတာခွဲခွာမှု့ကို ၀မ်းနည်းပေမယ့် ရလဒ်ကောင်းတွေစောင့်နေတာမို့ ကျေနပ်မိပါသည်။

At Yoongi side

ကိုကို ကတော့ USကိုသွားလိုက်ပြီ။ ကျန်နေခဲ့တာကျွန်တော်ပေါ့ ၀မ်းနည်းလားမေးရင် ၀မ်းနည်းတာပေါ့ဗျာ ကိုကို့ ကိုကျွန်တော်ကအရမ်းချစ်တာမို့
မနေ့ညက တစ်ညလုံးကိုကိုနဲ့စကားတွေအများကြီးပြောဖြစ်သည်။ အခုလိုဆုံးဖြတ်တာ ကျွန်တော့်ကြောင့်တဲ့ ကိုကို ပြောပြတာတွေက အမှန်တွေချည်းပင် သဘာ၀ကိုလွန်ဆန်ပြီးချစ်ရမယ် ကျွန်‌ဝောာ်တို့အဖို့  ပတ်၀န်းကျင်ရဲ့ ပုတ်ခတ်မှု့တွေရှိလာနိုင်သည်လေ။

ဒါကြောင့်တစ်ထောင့်‌တစ်နေရာကနေတော့ အောင်မြင်မှု့ရထားဖို့လိုသည်မို့  ကျွန်တော်တို့တွေခဏတာခွဲခွါကာကြိုးစားရပေအုန်းမည်။ ကျွန်တော်လည်း အရင်လိုချွဲမနေတော့ပဲ Appa company ကို အလုပ်လိုက်လုပ်မည်။ ကိုကိုပြန်လာတဲ့အခါ စေ့စပ်ထားနိုင်အောင်တော့ကြိုးစားရမည်။

Yoonie's Ko Ko (Completed)Wo Geschichten leben. Entdecke jetzt