Part 6

636 70 41
                                    

Unicode
**********
Yg_" Jin Hyung................"
‌ဆိုင်ထဲပြေး၀င်လာပြီးအော်‌ေနတဲ့ Ygကြောင့် counter ထိုင်နေတဲ့ Jin တစ်ယောက်လန့်သွားရသည်။

Jin_" Yoonie ဘာဖြစ်လာတာလဲဟင် Hyungကိုပြော"
ဆိုတော့ သွားလေးဖြဲကာရီပြပြီး တော့ပိုကီလာစားတာတဲ့ မတွေ့ရတာကြာတော့လည်းလွမ်းနေလို့ ဆိုပဲ

တကယ်ပါအဲ့လိုချွဲတတ်တဲ့ Yoongiလေးက အရမ်းချစ်ဖို့ကောင်းလွန်းလို့ Jin တစ်ယောက်ခမျာ ဒယ်ပြားနဲ့ ချချင်သွားရသည်။

ကိုယ့်မှာတော့ဘာများဖြစ်လာတာလဲလို့ ဒင်းလေးက တော့ပိုကီလာစားတာကို.......
Jin_" မင်းလူကြီးရော..... မပါဘူးလား"
Yg_" အာ...ကိုကိုလား ..ဟုတ်သားပဲ ကိုကို့ကို မေ့နေခဲ့တာ Jin Hyungဆီပြေးလာတာနဲ့  ကားပါကင်သွားထိုးနေတယ်ထင်တယ် ဟီးးးး"
ဆိုပြီး ရယ်ပြလေသည်။

Jin တစ်ယောက်တော့ဒီပိစိကွေးကိုမနိုင်ဘူးဟူသောသဘောဖြင့် ခေါင်းခါကာ တော့ပိုကီလုပ်ရန်ထွက်သွားလေသည်။

Ygလည်း ဆိုင်ထဲက ထောင့်ကျကျစားပွဲဝိုင်းလေးမှာ ထိုင်ကာကိုကို့ ကို စောင့်နေလိုက်သည်။ 
ပြီးမှအတွေးတွေကနေ့လည်ကဖြစ်ခဲ့တဲ့ ကြည်နူးမှု့လေးဆီသို့
.
.
.
ကျောင်းထဲသူတို့ကား‌ေလး၀င်လာတည်းက အားလုံးအကြည့်တွေကသူ့ဆီမှာ ဒါတော့ထုံးစံပါပဲ အမြဲမို့လို့  ဘာမှမဖြစ်ပေမယ့်  ကျောင်းကကောင်မလေးတွေ သူ့ကိုကျော်ပြီး ကိုကို့ကို ငမ်းနေကြသည်မှာ သရေတွေ နှာခေါင်းသွေးတွေပင်ကျတော့မည်။

ကိုကိုကလည်းဒီနေ့ကျမှ ၀တ်စုံပြည့်နဲ့အရမ်းကိုမိုက်နေသည်။ သူ့ပုံစံကသာ ကလေးလိုလို ဘာလိုလိုနဲ့  ကောင်မလေးတွေကိုကို့ကို ကြည့်နေတည်းက စိတ်တိုင်းမကျ၍နှုတ်ခမ်းကဆူချင်နေပြီဖြစ်သည်။

ထို့ကြောင့် ဘာမှမပြောပဲ ခန်းမထဲ၀င်သွားလိုက်သည်။ ခန်းမထဲရောက်တော့ အပေါ်ထပ်ကိုဝေ့ဝဲကြည့်မိတော့ တွေ့ပါပြီသူ့ကိုဓာတ်ပုံရိုက်နေတဲ့ကိုကို ......သူလည်းလှမ်းပြီးပြုံးပြလိုက်သည်။ စိတ်ထဲဘ၀င်မကျပေမယ့် ဓာတ်ပုံထဲမှာလှနေဖို့လိုသည်လေ။

ခန်းမထဲကပြန်ထွက်တော့ ကိုကိုက သူ့ကို Omma appa ရယ် Jiminie ရယ်နဲ့ဓာတ်ပုံရိုက်ပေးသည်။
ကိုကိုက ဘယ်လိုနေနေချောနေသည်။ ကျောင်းကကောင်မလေးတွေသာမက ကောင်လေးတွေကလည်း ကြည့်နေတာ မျက်လုံးပင်ကျွတ်ထွက်တော့မည်။

Yoonie's Ko Ko (Completed)Where stories live. Discover now