Part7

634 62 34
                                    

Unicode
*********

Hn_" Yoonieလေးး.......မမပြန်တော့မယ်နော် ကလေးလေး"
ဆိုပြီး Yoonieလေးရဲ့ရွှံ့‌ေပ‌ေနတဲ့ပါးကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်ကာဘယ်ရမ်းညာရမ်းပြီး ဆိုလေသည်။ လက်နှစ်ဖက်နဲ့ညှပ်ကာ yoonie ပါးလေးကိုဆွဲနေတာကြောင့်နှုတ်ခမ်းဖူးဖူးလေးမှာဆူထွက်လာသည်။

Hn_" ကြည့်စမ်း Yoonieလေးက။ နှုတ်ခမ်းထော်လာတာလေးက ချစ်စရာလေးကွာ"   တဲ့လေ

Hana တစ်ယောက်ပတ်၀န်းကျင်ကိုမေ့ပြီး Yoonieလေးကိုစနေသည်။ အနောက်က Jung kookသာနဂါးဆိုရင်တော့ Hanaတစ်ယောက်ပြာဖြစ်နေလောက်ပြီ။

Yoongiလေးကတော့ လက်ကမြေကြီးတွေပေနေတာမို့ဖယ်လို့လည်းမရ သူ့ကိုကို ကိုလည်းမမြင်သေးတာမို့ငြိမ်နေလိုက်သည်။

Jung kookတို့သည်းမခံနိုင်တဲ့အဆုံး အနားကိုသွားကာ Hana လက်နှစ်ဖက်ကိုဆွဲချပြီးမှ
Jk_"ပြန်တော့မှာမဟုတ်လား Hana.....ပြန်တော့ဟာ မြန်မြန်"

Hn_"ပြန်မှာပါ ပြန်မှာပါ ဇွတ်‌တွေ မောင်းထုတ်နေတာပဲ........... Yoonieလေးမမပြန်ပြီနော် ကလေးလေး နောက်ခါမမ လိမ္မော်သီးအများကြီး၀ယ်လာခဲ့မယ်နော် ဒီနေ့က Yoonieလာမယ်မှန်းမသိလို့ မမ မ၀ယ်ခဲ့ရဘူး" ဆိုတော့

Yg_" Nae...ရပါတယ်မမရဲ့ နောက်ခါဆိုတော့ တကယ်၀ယ်လာနော်" တဲ့ တအားချစ်ဖို့ကောင်းတဲ့ကလေးလေးကို ပါးထပ်ဆွဲဖို့ပြင်နေတဲ့ Hanaလက်တွေ တ၀က်မှာတင်ရိုက်ချခံလိုက်ရသည်။  ရိုက်တဲ့သူကတော့ Jung kookပဲပေါ့  ပြီးမှ

Jk_" Kim Hana!  ပြန်တော့ပါဆိုဟာ ငါ့ကလေးကိုပဲလိုက်စနေတယ် သွားတော့သွား" ဆိုပြီးအတင်းတွေတွန်းထုတ်နေပြီလေ။
Hn_" Jeon Jungkook    ပြန်မှာပါဟဲ့...ကလေးရေ မမပြန်ပြီနော်"
ဆိုပြီး အလယ်ကလူတစ်ယောက်လုံးကျော်ကာနှုတ်ဆက်နေသည်။  Jung kookသိသည်။

မကြိုက်မှန်းသိလို့ တမင်လုပ်နေမှန်း ငယ်ငယ်တုန်းက ကလေးငယ်က Hanaနဲ့စကားပြောနေတာတွေ့လို့စိတ်ဆိုးဖူးသည်မို့ ကလေးငယ်စိတ်ဆိုးပြေတော့  Hanaနဲ့မိတ်ဆက်ပေးလိုက်သည်မှစကာ
Hanaက ကလေး ကလေးနဲ့ပါးစပ်ကကိုမချပေ
မခေါ်ပါနဲ့ပြောလျှင်ပိုဆိုးသည်မှာအခုထိပင်
မကြိုက်မှန်းသိလျှင်ပိုစသည်။

Yoonie's Ko Ko (Completed)Donde viven las historias. Descúbrelo ahora