Part 4

641 69 30
                                    

UNICODE
**********
ညနေရောက်တော့ Jimin appaက လာကြိုပြီမို့ပြန်သွားသည်။
Jeon Jungkookတို့ရဲ့အချိန်ကျပြီလေ တစ်ညနေလုံးသူတို့နှစ်ယောက်ဆော့တာကိုလိုက်ထိန်းနေရသည်။

သူ့ကလေးလေးကတော့ သူ့ကိုပင်မေ့ကာသူငယ်ချင်းအသစ်နဲ့ပျော်ပါးကာဆော့နေသည်လေ တကယ်ပါ တခြားသူတွေနဲ့ယှဉ်ရင် ကလေးကကျွန်တော့်ကိုအမြဲပစ်ထားနေမှာလား တွေးမိတော့ စိတ်မကောင်းဖြစ်ရပြန်သည်။

အတွေးများစွာနဲ့ပင် Jiminပြန်သွားတည်းက ကိုယ့်အခန်းထဲမှာ‌ကိုယ်နေမိသည်။   ကလေးလေးအနားလည်းမသွားဖြစ်ပေ။ 

ဘယ်ကလေးကိုမှအလေးမပေးခဲ့တဲ့သူက yoonieကိုအလေးပေးခဲ့သည်။ ဂရုစိုက်ပေးခဲ့သည်။  ချစ်ပေးခဲ့သည်  ညီလေးတစ်ယောက်လို........ သူကတော့သူငယ်ချင်းနဲ့ယှဉ်တောင် ကိုယ့်ကိုမေ့နေသည်လေ တွေးရင်းနဲ့ပါးပြင်ပေါ်က စိုစွတ်မှု့ကိုသတိထားမိတော့ခပ်ဟဟလေးရယ်လိုက်သည်။

ဟက်....ငိုနေတာလား သူက မေမေတို့ဆူရင်တောင်မငိုတဲ့သူကလေ။    အတော်အတန်ကြာသည်အထိတွေးနေမိပြီးမှ သူ့ကိုယ်သူရယ်မိသည်။

Yoonie......Yoonieလေးက ကလေးလေး လေ အဖော်မက်မှာပေါ့ ဘာလို့ငါကတွေးပူနေရမှာလဲ ဆိုပြီးခေါင်းသာခါလိုက်မိတော့သည်။
.
.
.
ညစာထမင်းစားချိန်ရောက်တော့ အောက်ထပ်ကိုဆင်းလာလိုက်သည်။ ခုမှသတိထားမိသည် ထမင်းဝိုင်းမှာ ကျွန်တော့်ကလေးလေးကိုလည်းမတွေ့မိပါလား။  ဘာများဖြစ်နေပါလိမ့်ဆိုပြီး အပေါ်ပြေးတက်ကာသွားလိုက်သည်က ကလေးငယ်ရဲ့အခန်းဆီ.....

အခန်းထဲရောက်တော့ကလေးငယ်က သူ့အရုပ်ညိုညိုလေးကိုဖတ်ကာ အိပ်ပျော်နေရှာသည်။ ထိုတော့မှကျွန်တော်လည်းစိတ်ချကာသက်ပြင်းတစ်ချက်ချလိုက်မိသည်။

ညနေစောင်းနေပြီမို့ထပ်အိပ်လျှင်ဒီကလေး ခေါင်းကိုက်တော့မည်မို့ နိုးရမည်။  ကုတင်နားအသာလေးကပ်ကာနိုးရန်ကြည့်လိုက်တော့ ပါးဖောင်းဖောင်းလေးအပြင်နှုတ်ခမ်းလေးကဆူထွက်နေသေးသည်။ အသည်းယားလိုက်တာဆိုတာဗျာ......

Jk_"yoonieရေ ကို့ကို့ကလေးလေးရေ ထတော့လေကွာ ညနေစောင်းနေပြီ ထပ်အိပ်ရင်ခေါင်းကိုက်လိမ့်မယ်"
YG"............."
Jk_"ကလေးရေ...ထတော့ကွာ ကိုကိုမစောင့်ပဲအောက်ဆင်းလိုက်မှာနော်"
Yg_"အွန်းးးးးးးအင်းးးးးးတိုတို yoonieထပြီ yoonieကိုစောင့်ပါနော...." ဆိုပြီး ကျွန်တော့်လည်ပင်းကိုလက်သေးသေးနဲ့သိုင်းဖတ်လာသည်။

Yoonie's Ko Ko (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ