Part_11

595 54 28
                                    

Unicode
*********

Jungkook တစ်ယောက် USကိုရောက်ရောက်ချင်းတည်းက အလုပ်သင်အနေနဲ့တစ်ခါတည်း၀င်ရတာမို့ အလုပ်တွေရှုပ်နေခဲ့သည်မှာ ကလေးငယ်နှင့်ပင် ဖုန်းကောင်းကောင်းမပြောဖြစ်တဲ့အထိ ကလေးရဲ့မိဘတွေကတော့ ကလေးငယ်ကပြောင်းလဲသွားကြောင်း အလုပ်လည်းလုပ်နေတယ်ဆိုတဲ့အကြောင်းတော့ ကျွန်တော့်ကိုအကြောင်းကြားသည်။ ကလေးငယ်က ပုံစံတွေတောင်ပြောင်းသွားသည်ဆိုပဲ

အလုပ်လုပ်နေတယ်ပြောတော့ ကလေးငယ်ကို ဆူချင်မိသည်။ ကိုယ်သာပင်ပန်းခံပြီးလုပ်ရင်လုပ်မည်။ ကလေးငယ်ကိုတော့အလုပ်မလုပ်စေချင်ပေ။ ဆူချင်ပေမယ့်ဆူဖို့ပင်အချိန်က မရ ဖေဖေ့ သူငယ်ချင်းကလည်းလေ ခိုင်းလိုက်တာဆိုတာ နေ့နေ့ညညပဲ  အခုတော့ကလေးငယ်ဆီပြန်ရတော့မည်မို့ ပျော်ရွှင်နေသည်မှာ အတိုင်းမသိ။ သို့သော်ကျွန်တော်တစ်ယောက်တည်းတော့မဟုတ်

USမှာနေခဲ့တဲ့တစ်လျှောက်လုံး ကျွန်တော့်ကိုကူညီခဲ့တဲ့Noona နှင့်ပင်။ Noona နာမည်က Yumi.....Jung Yumi တဲ့။ Noona ကူညီပေးခဲ့လို့သာ သူတော်တော်အဆင်ပြေခဲ့တာကိုတော့၀န်ခံရမည်။ အခုလည်းသူက သူ့မွေးရပ်မြေကိုပြန်လာခြင်း သူ့အရေးကြီးတွေ့စရာလူရှိသည်ဟုလည်းဆိုသည်။ ထိုလူကိုမတွေ့ရခင်အချိန်ထိတော့ ကျွန်တော့်အိမ်မှာ နေအုန်းမည်တဲ့ ကိုယ့်ကိုကူညီခဲ့သူမို့ ပြန်ကူညီတဲ့အနေနဲ့ နေခိုင်းလိုက်သည်။
.
.
.
လေယာဉ် ရောက်မယ့်အချိန်က ညဖြစ်နေတာမို့ကလေးငယ်ကို မနက်မှရောက်မည်ဟု ညာထားလိုက်သည်။ Suprise ဖြစ်စေချင်တာလည်းပါသည်ပေါ့  မိဘတွေအကုန်လုံးကိုတော့အသိပေးပြီးသားပင် Noona လာနေမည်ဆိုတာတောင် အသိပေးထားလိုက်သည်။

ကျွန်တော် ကျွန်တော့်အိမ်ရောက်ရောက်ချင်း အထုတ်တွေချကာ ကလေးငယ်ဆီလာခဲ့လိုက်သည်။ ကျွန်တော်ရောက်တော့ ၁၀နာရီကျော်နေပြီမို့ကလေးငယ်က အိပ်နေပြီဖြစ်ကြောင်းကလေးငယ်ရဲ့အမေက ပြောပြသည်မို့ ကလေးအခန်းဆီသွားကာ အသာလေးတံခါးဖွင့်ပြီး၀င်လာခဲ့သည်။

ကုတင်ပေါ်မှာ ‌စောင်ပုံကြားထဲမြှုပ်နေတဲ့ကလေးငယ်က ချစ်စရာအတိပင် ကလေးငယ်ပုံစံလေးပြောင်းသွားသည်သာဆိုပေမယ့် အိမ်မှာနေတဲ့အချိန်မို့လားမသိ အရင်ကလိုပင်။ အရမ်းကိုလွမ်းခဲ့ရတဲ့ကလေးမျက်နှာလေးကို ထိုင်ကြည့်နေလိုက်သည်။

Yoonie's Ko Ko (Completed)Onde histórias criam vida. Descubra agora