Part 12

668 67 32
                                    

Unicode
********
သူ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့ကိုကိုကလေ
အခု မနက်ကတွေ့တဲ့ Noona နဲ့ စကားတွေဖောင်ဖွဲ့ကာ ပြုံးနေပျော်နေသည်တဲ့လေ။ ပြီးတော့ ကိုကိုက Noona ကိုတစ်ရှူးလေးနဲ့ နှုတ်ခမ်းပေါ်မှာပေမေတဲ့ cream တွေကို တယုတယ သုတ်ပေးနေတယ်တဲ့လား

ဟက်...ကျွန်တော်ကပဲတော်တော့်ကိုရူးမိနေတာလား မျက်ရည်ကျလာလားမေးရင်မကျတော့ပါ ကျွန်တော်
မနက်ကစဉ်းစားပြီးပြီပင် ကိုကိုသာ စိတ်ချမ်းသာရင် ကျွန်တော်လက်လွှတ်ပေးဖို့အသင့်ပါ ဒီမြင်ကွင်းကို ဖေဖေမမြင်စေရန်အတွက် ဖေဖေ့လက်ကိုဆွဲကာ လှည့်မကြည့်စေပဲ staffခေါ်ရာသို့လိုက်ပါသွားသည်။
.
.
.
At Jungkook side
..
ကျွန်တော်အခန်းထဲတွင်ထိုင်ရင်း မနက်ပိုင်း ကလေးငယ်ကိုအော်ပြီးမှ နောင်တတွေရနေမိသည်။ ဒီတိုင်းအတင်းဆွဲထားပြီးရှင်းပြလည်းရနေတာကို စကားလုံးကြမ်းကြမ်းတွေနဲ့ပါပြောလိုက်မိသည်။ ကလေးငယ်မှာလည်းအကြောင်းတော့ရှိလိမ့်မည်မဟုတ်လား ကလေးငယ်က ဆိုးတဲ့ထဲမှာမပါပါ ချွဲတယ်ဆိုပေမယ့်လည်း လူကြီးပေါက်စလေးလိုအလိုက်သိတတ်လွန်းသည်မို့ ....ကလေးငယ်ကိုသု့ဘက်ကပဲပြန်ချော့ရန်အောက်ထပ်သို့အဆင်း Yumi Noona က သူ့ကို စားသောက်ဆိုင်လိုက်ပို့ပေးရန်ပြောလာသည်မို့ ပို့ပြီးမှသာ သွားမည်ဟူ၍ပင်။
.
.
စားသောက်ဆိုင်ရောက်တော့ Noona က ကျွန်တော်နဲ့မျက်နှာချငိးဆိုင်မှာထိုင်သည်။ ကျွန်တော်လည်း မနက်က ကလေးငယ်ဘာဖြစ်သွားလဲသိချင်တာမို့ မီးဖိုချောင်မှာ ဘာပြောနေလဲဆိုတာကိုမေးမိတော့ Noona က ပြောပြလာသည်။

မနက်က အမေနဲ့အတူမနက်စာပြင်နေရင်း သူကအရေးကြီးတဲ့သူနဲ့တွေ့ရမှာမို့ခဏနေမည်ဖြစ်ကြောင်း ပြီးရင်တော့ အခြေအနေကြည့်ပြီး USပြန်ရင်ပြန် မပြန်ရင် တခြားကိုရွေ့မည်ဖြစ်ကြောင်းပြောကြပြီး ကျွန်တော် ဟိုမှာဘယ်လိုနေလဲမေးတာကြောင့် အကုန်ပြန်ပြောပြကြောင်း အမေကလည်းသု့ကို ချွေးမတော်ရမလားမေးတော့သူကလည်း ကျွန်တော်ရှိတာပဲ တော်ချင်တော်လိုက်လို့စလိုက်သည်ဖြစ်ကြောင်း အဲ့တော့မှမေမေက ကလေးငယ်နဲ့သူ့အကြောင်းကို Noona ဆီအကုန်ပြောပြပြီး ချွေးမတော်၍မရကြောင်း စရင်းနောက်ရင်းနဲ့ ပြောခဲ့ကြသည်တဲ့။

Yoonie's Ko Ko (Completed)Where stories live. Discover now