Chapter - 9

5.5K 546 25
                                    

Unicode

အပိုင်း ၉။ သေမင်းတံခါးဝမှ လွတ်မြောက်လာသည့် ရှောင်းကျန့်လေး

ရှောင်းကျန့်က အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း မင်းသားဝမ်၏ စိတ်ဝင်စားမှုကို ပိုရဖို့ နည်းလမ်းစဥ်းစားနေချိန် အခန်းနှင့် သိပ်မဝေးသည့်နေရာမှ စကားပြောသံများကို ကြားလိုက်ရသောကြောင့် ပြတင်းပေါက်မှတစ်ဆင့် ချောင်းနားထောင်နေလိုက်သည်။

လက်စသတ်တော့ အိမ်ရှေ့စံ ရောက်နေတာပဲ။

" အစ်ကိုတော့်ကို ဂါဝရပြုပါတယ် "

" ရပါတယ် ညီတော် "

အိမ်ရှေ့စံဝမ်ရိဖုန်းက တစ်စုံတစ်ခုကို ရှာနေဟန် ရှိတာကြောင့် ဝမ်ရိပေါ်၏ မျက်ခုံးတို့က ပိုတွန့်ချိုးလာသည်။

" နန်းတော်မှာပဲ အနေများတဲ့ အစ်ကို​တော့်ကို ဘယ်အရာကများ ညီတော့်ရဲ့အိမ်တော်ဆီ ပို့ဆောင်လိုက်တာလဲ "

ဝမ်ရိပေါ်၏ စကားကို အိမ်ရှေ့စံက သိမ်မွေ့စွာပြုံးရင်း ခွန်းတုံ့ပြန်သည်။

" ညီတော်တို့ အဆင်ပြေရဲ့လား လာကြည့်တာပါ "

" ညီတော်တို့? အစ်ကိုတော်က ညီတော့်အပြင် ဘယ်သူ့ကိုပါ စိုးရိမ်နေတာလဲ "

ရှောင်းကျန့်က ပြတင်းပေါက်မှ မြင်တွေ့နေရသည့် မင်းသားဝမ်၏ သဝန်တိုသည့်ပုံစံကြောင့် ကျေနပ်အားရကာ တဟိဟိနှင့် တိုးတိုးတိတ်တိတ် ရယ်နေသည်။ သို့သော်လည်း မင်းသားဝမ်က သူ့ဘက်သို့ စူးစူးစိုက်စိုက် လှည့်ကြည့်လာသောကြောင့် ပြတင်းပေါက်၏ဘောင်နှင့် သူ့ခေါင်းလေးကို ကွယ်လိုက်ရသည်။

" အစ်ကိုတော်က သခင်လေးရှောင်းလည်း အဆင်မပြေမပြေ သိချင်လို့။ ပြီးတော့ သူနဲ့ စကားစမြည်ပြောချင်လို့ပါ "

" သူအဆင်ပြေတယ်။ ပြီးတော့ ခမည်းတော်က တိုင်းပြည်ရေးရာတွေနဲ့ အလုပ်ရှုပ်နေတာကို အိမ်ရှေ့စံဖြစ်တဲ့ အစ်ကိုတော်က ခမည်းတော်ကို ကူညီဖို့ မစဉ်းစားဘဲ ကိုယ်လုပ်တော်တစ်​ယောက်နဲ့ အချိန်ဖြုန်းဖို့ စဥ်းစားနေတာပေါ့? "

" .... "

အိမ်ရှေ့စံကိုယ်တိုင်ပင် သူ့ညီတော်က ဤမျှလောက် စကားအရှည်ကြီးပြောသည်ကို မကြားဖူးသောကြောင့် ခေတ္တမျှ မှင်တက်သွားရသည်။

Forced to Woo Prince Wang ⟪Completed⟫Donde viven las historias. Descúbrelo ahora