မောင့် ရဲ့ ဝေရီမှိုင်း ကို မင်းဆင့်မော် ဆိုတဲ့ မောင် က သက်သက်လုံး ချစ်နှစ်သက်သွားပါမည်။ ဆံဖြူသွားကျိုး အိုမင်းထိတိုင်အောင် မဟုတ်ဘူး နှစ်ပေါင်းဘယ်လောက်ကြာကြာ ချစ်နှစ်သက်သွားမည်။
မောင် သည် ဝေရီမှိုင်း ကို ဘယ်သောအခါမှ ပစ်ထားမည်မဟုတ်ပါ။ မောင် သည် ဝေရီမှိုင်း ကို မည်သည့် အန္တရာယ်ကြုံဆုံပါစေ ကာကွယ်ပါမည်။
ဤမှန်သော သစ္စာစကားကြောင့် အရှင်ဘုရား ကျွန်ုပ်တို့ နှစ်ဦး၏ ချစ်ခြင်းသည် ချည်နှောင်ခိုင်မာစေသား။ ။
ဤဆုတောင်းကို အရှင်ဘုရား ကိုယ်တိုင် လိုက်၍ ဖြည့်စည်း ပေးမည်ဟု မထင်နိုင်ပါ ကံကြမ္မာဇာတ်ဆရာ ၏ ဇာတ်ကို လိုက်၍ ကမှသာ ပြည့်နိုင်မည်ထင်သည် သို့သော် ဆူးလမ်းခရီး ကြမ်းတမ်းမည့်အတွက် ယင်းတို့နှစ်ယောက်၏ ချစ်ခြင်းသည်....
သို့သော်
" မောင် လမ်းခွဲရအောင် "
YOU ARE READING
မှုန်ပြာရီမောင်ခြယ်
Romanceမောင့်ရဲ့အချစ် မောင့်ရဲ့အသဲ မောင့်ရဲ့သက်လယ် မောင့်ရဲ့ဆရာလေး "တော်ပြီ မင်းနော်" ဟင့်အင်း မောင်ရဲ့ ချစ်ခြင်းမေတ္တာလက်ဆောင် ကို လက်မခံသေးသရွေ့ ဆရာလေးကို လိုက်ပိုးပန်းဦးမှာ "ဒီမှာ ရွာသူကြီး!!!!" ဗျား.....