အောက်ထပ်သို့ ဆင်းလာသော သားဖြစ်သူ ဝေရီမှိုင်း ကို တွေ့သော ဖခင်က
"သား ဒီကိုလာပါဦး အဖေမေးစရာရှိလို့"
အယ် မနက်ဖြန်သွားမဲ့ကိစ္စများလား လို့ ဝေရီမှိုင်း စိတ်ထဲမှာ ထင်ပြီး ကန့်ကွက်မှာများလားလို့ ရင်တစ်ထိတ်ထိတ်နှင့် ဩဇာအာဏာအပြည့် ထိုင်နေသော ဖခင်ရှိရာသို့~
"မနက်ဖြန် သား ခိုင်ဦးဇင် နဲ့ သပြေရိပ်ရွာကို သွားမလို့ဆို မင်းအမေပြောတယ်"
"ဟုတ်ပါတယ်အဖေ ကျွန်တော်ဒီမှာလာလည်တာ ခနတာပါ ပြီးရင်ပြန်ရမှာပါ ကျွန်တော်မပြန်ခင်လေး အိမ်ထဲမှာပဲနေရမဲ့အစား မြန်မာနိုင်ငံကြီးဆီက အမှတ်တရလေးတွေကို စုပြီး ဘိလပ်ဆီကိုယူသွားချင်တယ်အဖေ"
ကုသိုလ်ဖြစ် စာသင်ပေးမည့် ဆရာလေး သွားလုပ်မည်ဖြစ်ပြီး ငယ်သူငယ်ချင်း ခိုင်ဦးဇင် ပါမည်ဖြစ်သောကြောင့် ခွင့်မပြုစရာအကြောင်းမရှိ။
"အဖေ ခွင့်ပြုပါတယ် ဒါပေမဲ့ သား အဖေတစ်ခုတော့မှာချင်တယ် သား အမှတ်တရလေးတွေပဲ စုလာပါ ချစ်ခြင်းမေတ္တာတစ်ချို့တော့မပါလာပါစေနဲ့ သားပဲထိခိုက်လိမ့်မယ်"
အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် ပြောနေသော ဖခင်ဖြစ်သူ၏ စကားအား ဝေရီမှိုင်းနားမလည်ပါ။
"ဘယ်လောက်ကြာမှာလဲအဲ့မှာစာသွားသင်မှာ"
"အယ် ခိုင်ဦးဇင်ပြောတာကတော့ ၁လ၊ ၂လ၊ ၃လလောက်ထင်တာပဲ ဒါပေမဲ့မပူပါနဲ့အဖေ ကျွန်တော့ ၁လခွဲ ၂လလောက်ထိပဲနေပြီး ပြန်လာမှာပါ ကျွန်တော်က ခွင့်ရက်နဲ့လာရတာဆိုတော့ ဟိုက ၃လမပြည့်ခင်ပြန်ရမှာ"
"ဟုတ်ပါပြီ အကျင်္ီတွေကြိုထုတ်ထားဦး မေ့နေတာတွေရှိမယ် မိကြင်ကိုပါခေါ်သွားအကျင်္ီထည့်ဖို့"
"ရပါတယ်အဖေ ကျွန်တော့်ဘာသာထည့်ပါမယ်"
ဖခင်လည်းခေါင်းငြိမ့်ကာ ထိုင်ခုံမှထသွားရင် သူ၏လက်၌ ဆေးတံလိပ်ကိုဖွာ
"ကဲ ငါလည်း ရုံးကိုသွားဦးမယ်"
"ဟုတ်ကဲ့အဖေ ဂရုစိုက်သွားပါဗျာ"
ဖခင်ထွက်သွားတော့မှ သက်ပြင်းရှည်ချပြီး မီးဖိုချောင်ထဲဝင်ကာ မိကြင်ကိုတွေ့တော့
YOU ARE READING
မှုန်ပြာရီမောင်ခြယ်
Romanceမောင့်ရဲ့အချစ် မောင့်ရဲ့အသဲ မောင့်ရဲ့သက်လယ် မောင့်ရဲ့ဆရာလေး "တော်ပြီ မင်းနော်" ဟင့်အင်း မောင်ရဲ့ ချစ်ခြင်းမေတ္တာလက်ဆောင် ကို လက်မခံသေးသရွေ့ ဆရာလေးကို လိုက်ပိုးပန်းဦးမှာ "ဒီမှာ ရွာသူကြီး!!!!" ဗျား.....