မနက်စောစော ခြောက်နာရီ ဆွမ်းတော်အတွက်ကြွလာသော ဘုန်းကြီးများ ကိုရင်လောင်းများ ၊ ဆွမ်းများကပ်ရန် အိမ်ရှေ့၌ ကုသိုလ်ယူရန်အတွက် တစ်စီတစ်တန်း စောင့်နေသော လူများ ကြည့်လျှင်ပင် တကယ့်ကို ကျက်သရေရှိလှပေသည်။တစ်ကျီကျီအော်မြည်နေသော ငှက်များနှင့်အညီ မျက်ခွံများ ဖြေးဖြေးချင်းဖွင့်ကာ ဝေရီမှိုင်းတစ်ယောက် နိုးထလာသည်။
သို့သော် ဗိုက်ပေါ်တွင် လေးလံသောအရာကြီးမှာ သူ့ကိုဖိထားစဲဖြစ်နေသောကြောင့် ကြည့်မိလိုက်တော့ ခြေထောက်တစ်ဖက်ပင်။
သေချာမရေရာစွာကြည့်မိတော့ သူ၏ဘေး၌သိုးနေသော အိပ်နေသော သကောင့်သား ခိုင်ဦးဇင်ပင်
"ဟေ့ကောင် ထတော့ နေမြင့်နေပြီ"
ပခုံးကို လှုပ်နှိုးတော့ အင်းအဲလုပ်ကာ တစ်ဖက်သို့လှည့်သွားသည် သူ၏ဗိုက်ပေါ်မှာ လေးလံမှုကနေ ပေါ့ပါးမှုဖြစ်သွားတာနဲ့အညီ ရုတ်တရက်ထထိုင်လိုက်ကာ ဘေးက ပုဇွန်ထုပ်ကွေးကွေးနေသော သကောင့်သားအား
ဖြန်း*
"အမလေးဗျ"
"ဘာဖြစ်တာလဲ ခိုင်ဦးဇင် အိမ်မက်ဆိုးတွေမက်နေတာလား?"
"မင်းမေကြီးတော် ကို အိမ်မက်ဆိုး မင်းရိုက်လိုက်တာလေ ငါမသိဘူးများထင်နေလား"
"ဟားဟား"
ဝေရီမှိုင်း မျက်နှာတည်ကနေ ရယ်ချလိုက်ကာ သူ့ရှေ့က စပ်ဖြင်းဖြင်းဖြစ်နေသော လက်မောင်းကိုပွတ်နေသူကို ကြည့်ပြီး
"ဆရာဝန်လေးကလည်းကွာ ကိုယ်ကစတာပါ"
"ဟာ ဟာ ဟေ့ကောင်ရွံစရာကြီး"
ရွံစရာကြီး ဆိုတဲ့ စကားကြောင့် အတွေးမှတ်ဥာဏ်၌ပေါ်လာသူ
"Don't gross or disgusting"
ရယ်နေရင်းငြိမ်ကျသွားသွားသော ဝေရီမှိိုင်းအားကြည့်ကာ
"ဘာဖြစ်တာလဲ ငါကစတာပါကွ"
ပြောလိုက်တော့မှ သတိပြန်ဝင်အသိပြန်ကပ်ပြီး ပြုံးကာ
"ထတော့ မျက်နှာသစ်သွားတိုက် ခုနှစ်နာရီ ရွာသူကြီးလာခေါ်မယ်လို့ သူ့တပည့်ပြောသွားတယ်မလား"
ESTÁS LEYENDO
မှုန်ပြာရီမောင်ခြယ်
Romanceမောင့်ရဲ့အချစ် မောင့်ရဲ့အသဲ မောင့်ရဲ့သက်လယ် မောင့်ရဲ့ဆရာလေး "တော်ပြီ မင်းနော်" ဟင့်အင်း မောင်ရဲ့ ချစ်ခြင်းမေတ္တာလက်ဆောင် ကို လက်မခံသေးသရွေ့ ဆရာလေးကို လိုက်ပိုးပန်းဦးမှာ "ဒီမှာ ရွာသူကြီး!!!!" ဗျား.....