တစ်ဖက်ရွာ သို့ နွားလှည်းဆီကာ သွားနေသော ဦးနန္ဒမျိုး နှင့် ဝေရီမှိုင်း တို့နှစ်ဦး။
ရွာနာမည် မသိသဖြင့် ဝေရီမှိုင်းတစ်ယောက် မေးလေသည်။"အဘ ရွာနာမည်က ဘာတုန်းဗျ"
"မန်ကျေး ရွာကွယ့် မောင်ဝေရီကို ခေါ်လာမိတာအားနာလှပြီ ဘာလို့လဲဆို မန်ကျေး ရွာကို ရွာသားယောင်ဆောင် သူပုန်တစ်ချို့ဝင်လာပြီး ပစ်ခတ်ပြီး ထွက်သွားတယ်ကွဲ့"
အဘရဲ့စကားကြောင့် ဝေရီမှိုင်းလည်း ခေါင်းတစ်ချက် တစ်ချက် ညိမ့်လိုက်သည်။ အဘကလည်း မနေနိုင့်သည့်နှယ် သိလိုစိတ်ပြင်းပြနေသည့်အတွက် မေးလာခဲ့သည့် မေးခွန်းတစ်ခု-
"မောင်ဝေရီ နဲ့ ရွာသူကြီးက ရင်းနှီးတယ်ထင်တယ်။ ရွာသူကြီးက သူများအိမ်ပေါ်လည်းမတတ်သလို အရမ်းကြီးရင်းရင်းနှီးနှီး ဆက်ဆံတဲ့အထဲမပါဘူးလေ"
အဘ စကားကြောင့် ဝေရီမှိုင်း အံ့ဩမိသည်။ သူနဲ့တွေ့စဉ်ကာလ တစ်လျှောက်လုံးဟာဖြင့် တကယ့်ကိုပင် မျက်နှာရူးလို အဘ စကားနှင့် လုံးဝကို ကွဲပြားသည်ပင်။
*အဲ့လူကြီးကတော့ ချစ်ဖို့ကောင်းတယ်*
စိတ်ထဲက မသိလိုက်ခင်မှာ တွေးမိတဲ့ အတွေးတစ်ခုကြောင့် ကိုယ့်ကိုယ်ကိုပင် လန့်သွားသော ဝေရီမှိုင်းမှာ တရစပ် တစ်ခုကို တွေးမိပြန်သည်။
*ငါ အဲ့မျက်နှာရူးကို သဘောကျနေတာလား? ငါ အဲ့မျက်နှာရူးကို သဘောကျနေတာလား? ငါ အဲ့မျက်နှာရူးကို သဘောကျနေတာလာရ? ငါ အဲ့မျက်နှာရူးကို သဘောကျနေတာလား?*
"မောင်ဝေရီ!"
"သဘောမကျဘူးလို့ဗျ"
"ဟမ်"
စိတ်ထဲကတွေးနေသည့်အရာကို ငြင်းပယ်သည်မှာ စိတ်ထဲတွင်မတွေးမိဘဲ အပြင်တွင်လွှတ်ခနဲ ထွက်သွားခဲ့သည်မလို့ အဘကြောင်အအဖြစ်သွားသည်။
"တောင်းပန်ပါတယ် အဘ"
ရှက်စွာဖြင့် ခေါင်းငုံ့ကာတောင်းပန်နေသော ဝေရီမှိုင်းအား ဦးဇေယျမင်း သဘောကျလို့မဆုံးတော့ပေ။
"မောင်ဝေရီက မြို့ကြီးကို ဘယ်တော့လောက်လောက် ပြန်မှာလဲကွဲ့"
ČTEŠ
မှုန်ပြာရီမောင်ခြယ်
Romanceမောင့်ရဲ့အချစ် မောင့်ရဲ့အသဲ မောင့်ရဲ့သက်လယ် မောင့်ရဲ့ဆရာလေး "တော်ပြီ မင်းနော်" ဟင့်အင်း မောင်ရဲ့ ချစ်ခြင်းမေတ္တာလက်ဆောင် ကို လက်မခံသေးသရွေ့ ဆရာလေးကို လိုက်ပိုးပန်းဦးမှာ "ဒီမှာ ရွာသူကြီး!!!!" ဗျား.....