မနက်ခင်း ခြောက်နာရီ ငှက်သံများတကျီကျီ ဖြင့် ဝေရီမှိုင်း နိုးလာခဲ့သည် ကုတင်ပေါ်မှဆင်းကာ မျက်နှာသစ် ရေမိုးချိုးရန် ရေချိုးခန်းထဲသို့ သူဝင်သွားသည်
ပြတင်းပေါက်မှ တစ်ဆင့် နေရောင်ခြည်ဖြာကျနေသော ကုလားထိုင်ပေါ်၌ ဦးခင်ညိုဝေ တစ်ယောက် သတင်းစာဖတ်ရင်း မိန့်မိန့်ကြီးထိုင်နေသည် အသက်လေးဆယ့်ရှစ်သာ ရှိသေးသော ဦးခင်ညိုဝေသည် ရှည်စပြုနေသော ဆံပင်ဖြူများက သူ၏ ခန့်ညားထည်ဝါမှုကို ဖျတ်သော်လည်း မပြတ်သွားပေ မြို့အုပ်မင်းဆိုတဲ့ ဂုဏ်ပုဒ်နှင့်အညီ အနက်ရောင်တိုက်ပုံ နှင့် အနက်ရောင်ယောပုဆိုး တို့ကို တွဲဖက်ဝတ်ဆင်ထားပြီး ထိပ်၌ တောက်ပနေသော စိန်များစီခြယ်သော တုတ်ကောက်ကို ဘေး၌လှဲထားသည်
ဝေရီမှိုင်း ရေမိုးချိုးပြီးသည့်နှင့် လက်ရှည်အကျင်္ီအဖြူနှင့် ယောပုဆိုးအနက်ကို တွဲဖက်ဝတ်ဆင်ကာ အခန်းကနေထွက်လာပြီး အောက်ထပ်မှ ထမင်းစားခန်းဆီသို့
"ဟော သားနိုးပြီလား? ရှင်မရေ မင်းသားနိုးပြီဝေ့ မနက်စာပြင်တော့ကွာ ကိုလည်းစားချင်လာပြီ"
သတင်းစာကိုဘေး၌ ချကာ ထမင်းစားခန်းထဲမှ မိန်းမဖြစ်သူ ဒေါ်ငွေနရီ သွားရင်း အော်ပြောနေသည်
ထမင်းစားခန်းထဲ၌ မုန့်ဟင်းခါး ပြင်ပေးနေသော မိခင် နှင့် မိကြင်
"ကဲသားလာ သားကြိုက်တဲ့မုန့်ဟင်းခါး ကိုမှ ငရုတ်သီးမှုန့်များများ နံနံပင်မပါ ပဲကြော်နှစ်ခုနဲ့ အမေပြင်ပေးထားတယ်"
မိခင်ကထိုင်ခုံနေရာပြရင်း ထိုင်စေကာ သူ့သားကြိုက်တဲ့သည့် မုန့်ဟင်းခါးကို နေရာကွက်မကျန်အောင် ပြင်ပေးထားသည်
"ကိုကို ကရော ငွေ"
မျက်စိသူငယ် နားသူငယ် ယုန်သူငယ် သမင်သူငယ် ပမာ သနားစရာပြောလာသော ဦးခင်ညိုဝေကြောင့် ဝေရီမှိုင်း ထိန်းမရလိုက်ခင်မှာပဲ ဟိ ခနဲရယ်မိသွားသည် မိကြင် လည်း ရယ်ချင်စိတ်ကို ထိန်းထားသောကြောင့် သူမခန္ဓာကိုမှာ တုန်နေသည်
"တော်ကလည်း ကလေးတွေရှေ့မှာ ကလေးမဟုတ်သူငယ်မဟုတ် မလုပ်စမ်းနဲ့ ပါးကျွတ်ကျွတ်ကျိုးသွားချင်လားပြော ဗြောအတီးခံချင်လားပြော အရှေ့မှာ အကြော်မျိုးစုံ ပြင်ပေးထားတယ် တော်ကြိုက်ရာရွေးထည့်စားလေ
ကဲ သားစားစား လိုရင်ပြော အမေ မုန့်ဖက်တွေဝယ်ထားတာ ညထိပါစားလို့ရတယ်"
YOU ARE READING
မှုန်ပြာရီမောင်ခြယ်
Romanceမောင့်ရဲ့အချစ် မောင့်ရဲ့အသဲ မောင့်ရဲ့သက်လယ် မောင့်ရဲ့ဆရာလေး "တော်ပြီ မင်းနော်" ဟင့်အင်း မောင်ရဲ့ ချစ်ခြင်းမေတ္တာလက်ဆောင် ကို လက်မခံသေးသရွေ့ ဆရာလေးကို လိုက်ပိုးပန်းဦးမှာ "ဒီမှာ ရွာသူကြီး!!!!" ဗျား.....