သူတို့ရည်ရွယ်ရာနေရာဆီသို့ ရောက်တော့ ရွာသူကြီး မင်းဆင့်မော် က အဆောက်အဦး သေးသေးလေးကို လက်ညှိုးထိုးပြကာ"အဲ့တာ ဆေးခန်းပါ ညီခိုင်ဦးဇင် တာဝန်ကျတဲ့နေရာပါ"
"ဝင်လတ်စထဲ တစ်ခါထဲဝင်လိုက်တော့မယ် ဂျူတီကုတ် လည်းပါလာတယ် ဆိုတော့ ကဲ ဝေရီမှိုင်း ကိုယ်သွားပြီ အချစ် ဟားဟား"
ဂျူတီကုတ်လေးအား ဝတ်ချကာ မဝင်ခင် ဝေရီမှိုင်းကို စကာ ရယ်ရင်းပြေးထွက်သွားသည်။
ဝေရီမှိုင်းကလည်း ပြုံးကာ လက်သီးထောင်ပြလိုက်တယ်။ သူတို့မမြင်လိုက်တာက အနောက်မှာ မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်နေသူတစ်ဦးရှိသည် ဆိုတာ..."ရွာသူကြီး ကျွန်တော် တာဝန်ကြတဲ့နေရာကလေ ဘယ်အရွယ်ကလေးတွေကို သင်ပေးရမှာလဲခင်ဗျ"
"အာ ဟုတ်သားပဲ ကိုယ်ပြောဖို့မေ့နေတာ"
အသက်က ခြောက်နှစ်လောက်ဆယ်နှစ်လောက်ကိုယ့်ထက်ကြီးဦးမည် သူက သူ့ကိုယ်သူ ကိုယ် တဲ့ ဆိုပြီး တင်စားခေါ်ဝေါ်တာကြောင့် ဝေရီမှိုင်း စိတ်တိုင်းမကြပါ။
"ဆရာလေး တာဝန်ကျတဲ့နေရာက ...."
ပြောဖို့အရေး အသံရှည်ဆွဲနေတာ မျက်နှာရူးရွာသူကြီးကို ကြည့်ကာ
"ဘာတုန်းဗျ ပြောလေ"
စိတ်မရှည်တော့သောလေသံဖြင့် ပြောလိုက်သည်မို့ ဒေါသသံစွပ်သွားသည် ရွာသူကြီးကသိသော်လည်း လက်လျော့မည်ဟန်မရှိပင်။
"ကိုယ့်နှလုံးသားထဲမှာ ဆရာလေးတာဝန်ကျတယ်ခင်ဗျ"
ပြီတီတီရုပ်ဖြင့် ပြောနေသော မျက်နှာရူးရွာသူကြီးကို ကြည့်ကာ သက်ပြင်းချမိသည်။
"ခင်ဗျား လာနောက်နေတာလား? ကျုပ်တို့က တာဝန်နဲ့လာတာ ကုသိုလ်လေးတစ်ဖြစ်လုပ်ဖို့ စဉ်းစားရင်းလာတာ စနောက်နေဖို့အချိန်မရှိဘူးနော်"
ရုပ်တည်ကြီးဖြင့်ပြောနေသော ငစွာအပုလေးကိုကြည့်ကာ မင်းဆင့်မော်တစ်ယောက် အသည်းယားမိသည်။
"ဟားဟား ကိုယ်က ချစ်လို့ပါကွ"
"ရွာသူကြီး!!!!"
YOU ARE READING
မှုန်ပြာရီမောင်ခြယ်
Romanceမောင့်ရဲ့အချစ် မောင့်ရဲ့အသဲ မောင့်ရဲ့သက်လယ် မောင့်ရဲ့ဆရာလေး "တော်ပြီ မင်းနော်" ဟင့်အင်း မောင်ရဲ့ ချစ်ခြင်းမေတ္တာလက်ဆောင် ကို လက်မခံသေးသရွေ့ ဆရာလေးကို လိုက်ပိုးပန်းဦးမှာ "ဒီမှာ ရွာသူကြီး!!!!" ဗျား.....