"ဟော ယမုံ စောလှချည်လားခင်ဗျ"
ဝေရီမှိုင်းတစ်ယောက် သူအိမ်ရှေ့က ဖြတ်သွားသော ဆရာမလေးအား မြင်တော့ အိမ်ပေါ်ကနေထွက်လာကာ နှုတ်ဆက်လိုက်တယ် ဆရာမလေးက ပါးမို့မို့လေးတွေထိပေါ်အောင် ကျက်သရေရှိလှသောအပြုံးက်ို ပြုံးကာ
"ကျွန်မ မုန့်ဟင်းခါးလေး စားချင်လို့ စောစောဆင်းခဲ့တာပါရှင် ကျွန်မသွားတဲ့အချိန်တိုင်း မိဖြူရဲ့ မုန့်ဟင်းခါးကုန်ကုန်သွားတယ်ရှင့် ကိုဝေရီလည်း လိုက်စားပါလား မထင်နဲ့နော် မိဖြူရဲ့ မုန့်ဟင်းခါးကာ ဒီရွာတင်မကဘူး တစ်ဖက်ရွာတွေမှာပါ နာမည်ရနော်"
မုန့်ဟင်းခါးအကြောင်း ပျော်ပျော်ကြီး ကြွားနေသော ဆရာမလေး ယမုံကြောင့် သူလည်းပြုံးကာ
"အဲ့တာဆို ကျွန်တော်လည်းလိုက်မယ်ဗျာ"
အဖြူအစိမ်း ဝမ်းဆက် ဝတ်ထားသူ သူတို့နှစ်ယောက်မှာဆိုရင်ဖြင့် ကျက်သရေကိုရှိလှသည်
ခြင်းလေးဖြင့်ထည့်ထားသော မုန့်ဖက်တွေနှင့် မီးမျှိုက်ထားသော အိုးကြီးကိုကြည့်ကာ"မုန့်ဟင်းခါး ကျန်သေးလား မိဖြူ"
"အယ်ဆရာမလေး ကျန်သေးပါတော် ဒီနေ့ဆရာမလေးစောတယ် ဪ ဆရာလေးရောလာစားတာလား"
ဆရာမလေးကိုစကားပြောနေရင်းပင် ဘေးကဝေရီမှိုင်းပါလာတာကို သတိထားမိတော့
"ဟုတ်တယ်ဗျ ယမုံ က ဒီကိုမလာခင် ကျွန်တော်ကို ကြွားထားတယ်ဗျ ညီမရဲ့ မုန့်ဟင်းခါးဘယ်လောက်ကောင်းတယ်ဆိုတာကိုပေါ့"
ရယ်နှောကာ ဝင်ပြောသည် ရယ်လိုက်လျှင် တောက်ပသော မျက်လုံးလေးများမှာ သူ့အလိုလိုပိတ်သွားမှုကြောင့် ဘေးနားက ဆရာမလေး ယမုံ ပင် ရှက်ရိပ်လေး ဖြတ်ပြေးသွားသည်။
"ကိုမြင့်ထူးပါလား မုန့်ဟင်းခါးလာဝယ်တာလားဗျ"
ဝေရီမှိုင်း တစ်ယောက် မုန့်ဟင်းခါးသည်မလေး ဘေးမှာ ဆောင့်ကြောင့်ထိုင်ကာ သူတို့အားကြည့်နေသော လူအား ပြုံးပြကာ နှုတ်ဆက်လိုက်တယ်။
"အာ ခုနကဟုတ်တယ်ဗျ အခုတော့မဟုတ်ဘူး သွား—သွားလိုက်ဦးမယ်ဗျ"
YOU ARE READING
မှုန်ပြာရီမောင်ခြယ်
Romanceမောင့်ရဲ့အချစ် မောင့်ရဲ့အသဲ မောင့်ရဲ့သက်လယ် မောင့်ရဲ့ဆရာလေး "တော်ပြီ မင်းနော်" ဟင့်အင်း မောင်ရဲ့ ချစ်ခြင်းမေတ္တာလက်ဆောင် ကို လက်မခံသေးသရွေ့ ဆရာလေးကို လိုက်ပိုးပန်းဦးမှာ "ဒီမှာ ရွာသူကြီး!!!!" ဗျား.....