အပိုင်း၇ ( unicode)

86 4 0
                                    

ကျောင်းဆင်းချိန်ရောက်နေပြီမလို့ မင်းဆင့်မော်တစ်ယောက် မြင့်ထူးအား ချန်ခဲ့ကာ တစ်ဖက်ရွာကနေ အမြန်အဆန်ထွက်လာသည်။

အနှီငစွာအပုလေးအား ဆရာမလေးနှင့်အတူမပြန်စေချင်ပါ သို့သော် သူလာသည်မှာ နောက်ကျသွားလေသည်။

ကျောင်းတွင်မည်သူမျှမရှိတော့ပါ။ အနှီကောင်လေးငယ် ဘယ်မှာလဲ ရှာနေချိန် ဆရာမလေးနှင့် အတူရောက်လာသည်။ စကားတစ်ပြောပြောနှင့် ပြုံးပျော်နေဟန်ပင်

"အဟမ်း ဆရာလေးတို့ကျောင်းမဆင်းသေးဘူးလား"

မိုးမမြင်လေမမြင်စကားပြောပြီး ရောက်လာသောသူနှစ်ဦးကိုကြည့်ကာ မင်းဆင့်မော် တစ်ယောက် ချောင်းဟန့်လိုက်သည်။

"ရွာသူကြီး ဘာအကြောင်းရှိလို့ရောက်လာတာပါလဲရှင်"

"ကျွန်တော် ဆရာလေး ကိုလာခေါ်တာခင်ဗျ"

စဉ်းစားတွေဝေပြီး မဖြေပဲ ခပ်ပြတ်ပြတ်ဖြေလိုက်သော မင်းဆင့်မော်ကြောင့် ဆရာမလေးမှာ အနည်းငယ်အံ့ဩသွားရသည်။

"ကဲကဲ ကိုဝေရီ ယမုံကို ပေး ရွာသူကြီးကစောင့်ရတာ အားနာစရာကြီး"

ဝေရီမှိုင်း လက်က မထားသော စာအုပ်များကို ယူဖို့ဟန်ပြင်သည်။ ဝေရီမှိုင်းက ငြင်းဆန်ကာ

"ရပါတယ်ခင်ဗျ အတန်းထဲမှာ ကျွန်တော်သွားထားပေးပြီးမှ သွားမယ် ယမုံလေးနေမယ်"

အတန်းထဲကိုဝင်သွားသည်။ အတန်းထဲထိကိုဝင်သွားသောဝေရီမှိုင်းအား မျက်တောင်တစ်မျှင်တောင်မခတ် လိုက်ကြည့်နေသော ဆရာမလေးယမုံလှိုင် အားကြည့်ကာ မျက်ခုံးတွန့်မိပြီး အလိုမကျဖြစ်သွားသည်။

ဆရာမလေး ယမုံလှိုင် မှာ ကောင်လေးငယ်အား မြင်မြင်ချင်း မေတ္တာရှိနေပြီဟု မင်းဆင့်မော် အတိအကျသိနေသည်။

"ကဲ ထားပြီးပြီ ဆရာမလေး ကျွန်တော့်ကိုလည်းသွားခွင့်ပေးပါဗျာ မနက်ဖြန်မှတွေ့ကြမယ်ဗျာ"

"ဟုတ်ကဲ့ပါရှင် ကိုဝေရီကိုကျေးဇူးတင်ပါတယ်"

"မလိုပါဘူးဗျာ"

ဆရာမလေးက သူမ၏အားသာချက်ဖြစ်သည့် ပါးမို့မို့လေးအား ပေါ်အောင်ပြုံးပြလိုက်သည်။
ဝေရီမှိုင်းလည်း ပြုံးပြကာ မင်းဆင့်မော်နှင့်အတူထွက်လာခဲ့သည်။

မှုန်ပြာရီမောင်ခြယ်Où les histoires vivent. Découvrez maintenant