အပိုင်း-၁ (unicode)

372 17 4
                                    

"ဝေရီမှိုင်း!!!!!!"

ဒေါသကြီးအော်သံတစ်ခု ဟိန်းခနဲထွက်လာမှုကြောင့် အခန်းတစ်ခုလုံး တုန်တက်သွားသလိုပင် ထိုအသံဩဩကြောင့် ခေါင်းငုံ့ကာ ဘာဆိုဘာမှမပြောနိုင်သူ နှစ်ယောက်ကြောင့် ဦးခင်ညိုဝေ သက်ပြင်းရှည်ချလိုက်တယ်

"သားအမိ နှစ်ယောက်စလုံး ဘာမှမသိတဲ့ ယုန်သူငယ်လိုလုပ်မနေနဲ့ ရှင်မ ငွေနရီ ကျူပ်ကိုပြောစမ်းပါဦး မင်းသားတော်မောင် ဘိလပ်ကပြန်လာမယ်ဆိုတာ ကျုပ်ကိုမပြောဘဲ လျှိုထားရတဲ့အကြောင်းတော်လေး"

သားဖြစ်သူကို ဘိလပ်မှာပဲနေစေချင်ပြီး မြန်မာနိုင်ငံကို ပြန်မလာစေချင်သော ဖခင် ဦးခင်ညိုဝေ ကြောင့် မိခင် ဒေါ်ငွေနရီမှာ သားတော်မောင်၏ ဘိလပ််မှခိုးပြန်လာမည်ကို ဖုံးကွယ်ထားသည်လေ အခုတော့ အိမ်ရောက်တော့ ဖခင်က ရုံးခန်းကိုသွားမည်ထင်သော်လည်း နားတဲ့နေ့ဆိုတာ မေ့သွားခဲ့လေသည်

"မြို့အုပ်မင်းတော်ရေ ရှင့်သားတော်က ပြန်လာချင်နေတာကို ကျုပ်က ဘယ်ကြည့်ရက်မလဲတော့်"

"မင်းအားနေ မင်းသားတော်ကို အလိုလိုက်နေ ကျုပ်က ကျုပ်တို့မိသားစုရှေ့ရေးအတွက် အလုပ်လုပ်နေရတယ်ဆိုတာ သိထားပေးပါ"

ခါးထောက်ကာ စိတ်ဆိုးမာန်ဆိုးပြောနေသော ယောကျ်ားကို ဒေါ်ငွေနရီ ကြည့်မရတော့ပေ။

"တော်နော် အဲ့လိုစကားတွေဘယ်လိုတက်တာလဲ ကျုပ်ကိုတောင် မအော်စဖူး အော်ပြီပေါ့ ကျုပ်လည်း ကျုပ်မိသားစုရှေ့ရေူအတွက် အလုပ်လုပ်နေတာပဲလေ တော့်သားကလည်း ဘိလပ်မှာကျောင်းတက်ပြီးပြီပဲ သူက ပရိုဖိုဆာ တောင်ဖြစ်နေပြီပဲ"

"မိငွေရယ် ပရိုဖက်ဆာ လုပ်စမ်းပါ"

"ပရော်ဖက်ဆာ ပါ အဖေ"

ဖခင်ပါ မှားနေလို့ ထပြင်ပေးရာမှာ "လျှာမရှည်နဲ့" ဆိုတဲ့အကြည့်စူးစူးများ သူ့ထံရောက်လာတာမလို့ ချောင်ကုတ်နေရသည်

"တော်လည်း တတ်တာမဟုတ်ပဲ အမှန်ပြင်ပေးတဲ့သားကို အဲ့အကြည့်တွေနဲ့မကြည့်နဲ့"

ဆိုကာ ထိုင်နေရာမှထလာပြီး ခါးထောက်ထားတဲ့ လင်ခင်ပွန်း ဖြစ်သူ ဦးခင်ညိုဝေအား ဗိုက်ခေါက်ဆွဲလိမ်လိုက်သည်

မှုန်ပြာရီမောင်ခြယ်Donde viven las historias. Descúbrelo ahora