Unicode
တစ်ကိုယ်လုံးကိုက်ခဲထုံကျင်စွာ ဦးခေါင်းထဲမှရိပ်တိပ်တိပ်မူးဝေနေခဲ့ပြီး ကိုင်ပေါက်ခံရသလိုကိုခံစားနေရသည်။ လက်ကိုအားယူထောက်ပြီး ထထိုင်မှ ကိုယ်ပေါ်တွင်တီရှပ်အင်္ကျီအပွကြီးရှိနေပြီး သူ့တစ်ကိုယ်လုံးအရိုးတွေပြုတ်ထွက်တော့မလိုပင်။
နိမိတ်ရှိန်ဝါက ဘယ်လိုသတ္တဝါလဲ။ သူ့တစ်ကိုယ်လုံးရစရာကိုမရှိ။ ဆင်းသွယ်နေတဲ့ပေါင်တံတွေမှာပါ အညိုပုပ်ရောင်လှိုင်းတွေထနေသည်မို့ တွေးရင်းဒေါသထွက်လာရသည်။
" နိုးပြီလား "
" အင်း..! "
ဆောင့်အောင့်ပြီးပြန်ဖြေလာတဲ့လူကြောင့် ဟွန်းခနဲမသိမသာရယ်ပြီးမှ လက်ထဲကအဝတ်တွေကို ဆိုဖာပေါ်သွားတင်ပေးရသည်။ ကတိုးနံ့လှိုင်နေတဲ့အခန်းဖြစ်နေပြီမို့ ပြတင်းပေါက်တွေလှပ်ပေးရင်း လေအေးပေးစက်ကိုဖွင့်လိုက်ပြီး ဆိုဖာပေါ်ကစောင်တွေနဲ့ အခင်းတွေကိုလုံးထွေးပစ်လိုက်ပြီး အခန်းထောင့်မှာထားရချေ၏။
" အဝတ်အစားလဲတော့ သွားမယ် "
" ငါဗိုက်ဆာတယ် "
နီဆွေးဆွေး အသားအရည်ပေါ် လည်ပိတ်ဆွယ်တာကိုဆွဲချလိုက်ပြီးတော့မှ တစ်ကိုယ်လုံးအထုပ်လေးလိုလုံသွားသည့်လူသည် မျက်နှာလေးနွမ်းနေရှာသည်။
" အပြန်ကျဆိုင်မှာဝင်စားမယ် "
" အမ့်.. "
ဘောင်းဘီရှည်ကြီးကောက်စွပ်ပြီးတော့မှ တီရှပ်လက်ရှည်ကိုနိမိတ်လက်ထဲလာထည့်ပေးလေသည်။ ထို့နောက်တော့မျက်နှာလေးမဲ့တဲ့တဲ့ဖြင့် နိမိတ်ပြန်ပြင်ထားသည့် ဆိုဖာပေါ်တွင်ထိုင်ချေ၏။
" သွားမယ်လေ "
" ငါနေရတာနုံးနေတယ် နိမိတ် "
" ဘာဖြစ်လို့လဲ "
" မသိဘူး ရင်ဘတ်ထဲကမအီမသာနဲ့ "
နိမိတ်ကသူ့ဘေးနားမှာလှစ်ခနဲဝင်ထိုင်ပြီးတော့ ကျောကိုသပ်ပေးဖို့ပြင်လျှင် ပခုံးတွန့်သွားတဲ့လူကြောင့် သူ့လက်တွေတန့်သွားချေ၏။
" အန်ချင်လို့လား "
" အန်ချင်ပေမဲ့ အန်ထွက်မယ်မထင်ပါဘူး "
YOU ARE READING
The Crown ✅
RomancePlundering The Crown. The Beginning of TawWin Nation. Own Universe. ✅ အပိုင်း ၃၂ နောက်ပိုင်း paid gp ရှိပါတယ် 4000 ပါ @joy_o_p telegram မှာလာရှာပေးပါ။ *** " နိမိတ်! ခွေးကောင်!! " ⚠ Mature content On❗⚠ mature content on ထားပါတယ်၊ အသုံးအနှုန်းရှ...