[Unicode]
ပခုံးသားများအား မျက်နှာအပ်၍ ခဲငုံကာနမ်းရှုံ့ခြင်းအတွက် မဟာမြတ်သူက မျက်နှာအားတွန့်ချိုးကာနိုးလာခဲ့သည်။
" စောစောစီးစီးမင်းဘာဖြစ်နေလဲ "
" နိုးပြီလား "
" ဖယ်စမ်း ကျဥ်းကျဥ်းကျုံ့ကျုံ့နဲ့ ပွတ်သီးပွတ်သပ်တွေ "
တံတောင်နှင့်တွန်းဖယ်သော်လည်း နိမိတ်ကရွေ့မသွား။ skinship တာကိုမကြိုက်ဘူးဟုဆိုချင်သော်လည်း နိမိတ်အထိအတွေ့တွေကသူ့အတွက်ထူးဆန်းမနေပေ။ အသားကျနေပြီဖြစ်သောကိုယ်က ထိုသို့သော ပွတ်သပ်နေမှုတွေကို မသိစိတ်ကပင်ကျေနပ်နေချင်သယောင်။
စိမ်းဖန့်ကာ အနည်းငယ်စူးသော မုတ်ဆိတ်ခပ်တိုတိုက ပြီးခဲ့တဲ့ရက်တွေအတွင်းမှာနိမိတ်ရှိန်ဝါသည် ဖြစ်သလိုနေထိုင်ခဲ့သည်ဟုဆိုနေသယောင်။
" မင်းမုတ်ဆိတ်တွေမရိတ်ရသေးဘဲ လာမထိနဲ့ဆို "
" အရမ်းမရှည်သေးပါဘူး "
" စူးတယ်လို့ ပြီးတော့ယားတယ် "
မေးဖျားတွေနှင့် ပခုံးသားတွေကိုအတင်းပွတ်သပ်နေတာကြောင့် တွန့်လိမ်နေသော မဟာမြတ်သူက မြွေတစ်ကောင်လိုပင်။ နိမိတ်ကသူ့လက်ဖဝါးကြီးနှင့် မဟာမြတ်သူ၏ဝမ်းဗိုက်အားအုပ်မိုးကိုင်ထားပေးကာ ရုန်းနေသည့်ကြားကနေဂရုတစိုက်ဖြင့် အထိအခိုက်မခံပေ။
" မင်းဘယ်လိုဖြစ်နေလဲ "
" ချစ်တယ် "
" ဟင်! "
" မောင် ခင်ဗျားကိုချစ်တယ် "
သန်မာသောလက်မောင်းလုံးများက သူ့တစ်ကိုယ်လုံးအားရင်ခွင်ထဲဆွဲဖက်သိမ်းထားခဲ့ပြီး နားဖျားအားတတိတိနှင့် နမ်းရှုံ့နေခဲ့သည်။ စူးကာရင်ထဲတလှပ်လှပ်ဖြင့် ယားယံစေသော မုတ်ဆိတ်မွှေးများက နည်းနည်းလေးမှလျှော့မသွားခဲ့။
" ဘာလို့တိတ်သွားတာလဲ "
ပခုံးမှဆွဲလှည့်လို့ နိမိတ်သူ့ကိုမျက်နှာကိုမျက်နှာချင်းဆိုင်ကြည့်လျှင် မဟာမြတ်သူက မျက်ခုံးထိပ်တို့ထိစပ်အောင်တွန့်ချိုး၍ သူ့အားမော့ကြည့်နေတာဖြစ်သည်။
ESTÁS LEYENDO
The Crown ✅
RomancePlundering The Crown. The Beginning of TawWin Nation. Own Universe. ✅ အပိုင်း ၃၂ နောက်ပိုင်း paid gp ရှိပါတယ် 4000 ပါ @joy_o_p telegram မှာလာရှာပေးပါ။ *** " နိမိတ်! ခွေးကောင်!! " ⚠ Mature content On❗⚠ mature content on ထားပါတယ်၊ အသုံးအနှုန်းရှ...