Unicode
" ကျုပ်ကို စကားမပြောဘူးလား "
တီရှပ်အဖြူဖားဖားကြီးဝတ်၍ ဆိုဖာပေါ်တွင် မျက်နှာလွှဲကာထိုင်နေသူက နိမိတ်စကားကိုမကြားချင်ယောင်ဆောင်သည်။
ညက ကိစ္စကိုမကျေနပ်ဘူးဆိုရအောင်လည်း ကိုယ်ကောသူကောသဘောတူလို့ဖြစ်ခဲ့ကြတဲ့အပြင် သူလည်းစိတ်ပါတယ်မဟုတ်လား။ အခုမှကိုယ့်တစ်ယောက်တည်းအပြစ် ဖြစ်ရတာတော့ မဟုတ်သေးဘူးလေ။
" ဘောင်းဘီဝတ်ဦး "
" မင်းငါ့ကိုကလေးလိုလာမဆက်ဆံနဲ့! "
နိမိတ်က ချည်သားဘောင်းဘီပွကြီးကို မျှော့ကြိုးက ကိုင်ကာ ဖြန့်ချထားတာဖြစ်သည်။ ဘောင်းဘီတစ်ထည်မပါဘဲ ဆိုဖာပေါ်တင်ပလ္လင်ခွေ၍ရှိနေသူက နိမိတ်ဘက်ကိုတစ်ချက်မျှလှည့်မလာ။ pillow အသေးစားကိုပိုက်ပြီးသာငြိမ်နေတာဖြစ်သည်။
" မောင်မှားပါတယ်ကွာ ဘောင်းဘီလေးဝတ်ပါဦး ဆရာဝန်လာတော့မယ် "
ဒီနောက်ပိုင်းမှာ သူကိုယ်တိုင်ပင်မသိလိုက်ခင် ပိုဆိုးသည်။ ပိုပြီးစိတ်ဆိုးစိတ်ကောက်လွယ်လာသည်။ နိမိတ်အပေါ်ကိုပြောင်းလဲတယ်မဟုတ်သော်ငြား အရောတဝင်တော့ရှိလှသည်။ နိမိတ်ကိုကောသူချစ်နေမလား။ ခက်တာက မဟာမြတ်သူက သူ့ကိုယ်သူပင်ချစ်မိမှန်းသိမယ့် လူစားမျိုးမဟုတ်။ အတော်ကိုကိုင်တွယ်ရန်ခက်ခဲသည့်လူပင်ဖြစ်၏။
နိမိတ်က သူ့အနားသို့တိုးသွားရင်း ခြေချင်းဝတ်ကကိုင်ကာချည်ဘောင်းဘီပွအား တစ်ဖက်ချင်းလျှိုပေးလျှင် မဟာမြတ်သူကသူ့အားခပ်တင်းတင်းပင်ကြည့်လာသည်။ တည်တင်းနေသောမျက်နှာထားက စိတ်အခြေအနေမကောင်းဘူးဆိုတာကိုပြနေသည်မို့ နိမိတ်ဘာမှမပြောရဲ။ အခုချိန်ထထိုးရင်တောင်သူခံရဦးမည်။
" ငါမင်းနဲ့မနေဘူး "
" မောင်နဲ့မနေတော့ ဘယ်သွားနေမလို့လဲ "
" စံအိမ်နန်းကိုပြန်မယ် "
" မပြန်ရပါဘူး အဲ့သည့်ကစည်းကမ်းတွေ ခင်ဗျားမနေနိုင်ဘူးမောင်သိတယ်၊ "
" သည်မှာသာဆက်နေရင် ကလေးက မမွေးခင်အကောင်တောင်မြင်ရပါ့မလား မသေချာဘူး "
YOU ARE READING
The Crown ✅
RomancePlundering The Crown. The Beginning of TawWin Nation. Own Universe. ✅ အပိုင်း ၃၂ နောက်ပိုင်း paid gp ရှိပါတယ် 4000 ပါ @joy_o_p telegram မှာလာရှာပေးပါ။ *** " နိမိတ်! ခွေးကောင်!! " ⚠ Mature content On❗⚠ mature content on ထားပါတယ်၊ အသုံးအနှုန်းရှ...