Unicode
တံခါးဖွင့်သံကြားသည်မို့ အိပ်နေရာမှထကာ အခန်းထဲဝင်လာမယ့်လူကိုသူကြည့်နေမိသည်။
" မေမေ! "
ကျယ်ဝန်းသောဆေးရုံခန်းထဲ ဆိုဖာဆက်လေးငါးခုနှင့် မွှေးပွကော်ဇောကြီးခင်းထားသည်မို့ နွေးနေကာ တစ်ခန်းလုံးသက်သောင့်သက်သာရှိလှလေသည်။
မြတ်သူက ကုတင်ပေါ်မှခြေထောက်နှစ်ဖက်ကိုချ၍ မိခင်ဘက်ကိုထလာဖို့ပြင်လျှင် မအေဖြစ်သူက မဟာမြတ်သူအား လက်မောင်းရင်းလေးမှခပ်ဖွဖွဖျစ်ကိုင်ကာ ကူတွဲလေ၏။
" ကျွန်တော်ဒဏ်ရာရမလာပါဘူး မေမေရဲ့ "
" မရမှန်းတော့သိပါတယ် လာပါ "
မေမေ့ကူတွဲရာနောက် ကလေးတစ်ယောက်လိုမှီခိုကာလိုက်ရင်းဖြင့် ပါးလေးအားရွှတ်ခနဲနမ်းလျှင် မေမေ့ဆီကမျက်စောင်းတစ်ခုအားအပိုင်စားရရှိလေသည်။
" မနက်စာစားမယ် ပြီးရင်ပြန်ကြမယ် "
" စံအိမ်ကိုလား စံနန်းကိုလား "
" စံအိမ်ကိုပေါ့ "
" ဟို ကျွန်တော် "
" မောင်နိမိတ်က အိမ်ပြန်မလာပါဘူးတဲ့ မင်းကိုအေးဆေးနေပါတဲ့ ကြည့် သူများသားသမီးက မင်းအပေါ်ဘယ်လောက်သိတတ်လိုက်သလဲ "
သူပင့်သက်ရှိုက်လိုက်ရင်းမှ မေမေ့အားအတွန့်တက်မနေတော့ဘဲ လက်ထဲကစွပ်ပြုတ်နွေးကိုသာသောက်နေမိတော့သည်။
ပြန်မလာဘူးဆိုတဲ့စကားကလည်း နိမိတ်ရှိန်ဝါမာနကြီးမှန်းသက်သေပြသည်။ သည်ကောင်က သူ့လိုအကြောမျိုး၊ သူ့လိုမာနကြီးနဲ့ နည်းနည်းမှတင်စီးမခံတဲ့ကောင်။
သူလိုယောက်ျားမျိုးက မဟာမြတ်သူအပေါ် ဦးစီးဦးဆောင်ပြုချင်တယ်ဆိုတာက မလွန်လွန်းဘူးလား။ သူကဘာကောင်များမို့လို့တဲ့လဲ။
" မေမေ "
" အင်း "
မေမေကသစ်သီးများလှီးစိတ်ရင်းကနေ သူ့ကိုအသံပြုသည်။ တည်ငြိမ်နေသောမျက်နှာထား ခပ်မြင့်မြင့်ထုံးဖွဲ့ထားသည့် ဆံထုံးများနှင့် အတော်ပင်ကျက်သရေရှိလှသောအမျိုးသမီးပေမို့ သခင်မကြီးဖြစ်ရသည်မှာ ထိုက်တန်သည်ဟုပင် ပြောသင့်ဖွယ်ရာ။
أنت تقرأ
The Crown ✅
عاطفيةPlundering The Crown. The Beginning of TawWin Nation. Own Universe. ✅ အပိုင်း ၃၂ နောက်ပိုင်း paid gp ရှိပါတယ် 4000 ပါ @joy_o_p telegram မှာလာရှာပေးပါ။ *** " နိမိတ်! ခွေးကောင်!! " ⚠ Mature content On❗⚠ mature content on ထားပါတယ်၊ အသုံးအနှုန်းရှ...