diary(part2)

1.1K 54 1
                                    

....ပါပါးနဲ့မားက ကျွန်တော့်ကိုအရင်လိုမချစ်တော့ဘူးထင်တယ်.......

"ပါး မနက်ဖြန်သာဆုယူရမယ် နိုင်ငံအဆင့်အဂ်လိပ်စာထူးချွန်ပထမဆု"

"ပါပါးသားကတော်လိုက်တာ ကဲပြောသားဘာလိုချင်လဲပါပါးဝယ်ပေးမယ်"

"ပါး သားနဲ့လိုက်ခဲ့ပါ သားဒီတစ်ခေါက်ဆုယူတာမိသားစုလေးအစုံရှိနေချင်တယ်။သားဒီတစ်ခုပဲလိုချင်တယ်ပါး"

"သားရယ်ပါးက မနက်ဖြန်အရေးကြီးအစည်းဝေးရှိလို့ပါ သားမာမားကိုခေါ်သွားလေနော်"

"ပါးကအလုပ်ကိုပဲအာရုံစိုက်နေတယ် သားကိာဂရုမစိုက်ဘူး တစ်ခြားလူတွေဆိုခုချိန်ထိမိဘရင်ခွင်ထဲမှာချွဲနေတုန်းအရွယ်ပါ ပါးရယ် သားအသက်က၁၀နှစ်တောင်ပြည့်သေးတာမဟုတ်ဘူး ပါးတို့သားကိုဂရုစိုက်ဖို့ရောတွေးမိကြရဲ့လား"

ရှောင်းချန်မင်စိတ်ညစ်ရပါသည် ဟုတ်တယ်သားဖြစ်သူရှောင်းကျန့်ကအသက်၁၀နှစ်ပင်မပြည့်သေးသို့သော် ရင့်ကျပ်လွန်းသည် တွေးတတ်လွန်းသည် သူများတွေကစားနေချိန်သူကစာဖတ်နေသည်။

သူများတွေမိဘနဲ့ပျော်ပါးနေချိန်သူမှာတစ်ကိုယ်တည်းသာ အချိန်မပေးချင်၍မဟုတ် ငွေရှာရမည် ငွေသာရှိနေရင်သားငယ်လေးသက်သောင့်သက်သာနှင့်အသက်ဆက်နိုင်မည် အခုလိုဝေဒနါခံစားနေစကာမလိုဘူးရယ်။

သူတို့ပိုင်ဆိုင်နဲ့ပမာနက သာမာန်အတွက်ဆိုများလွန်းသည်ထက်ကိုပို၍များလွန်းသည်။ အခုလိုငွေအထပ်လိုက်ရှိပြီးရေလိုသုံးနိုင်တာတောင် သားငယ်လေးကိုကုသနိုင်မည့်နည်းလမ်းမရှိ။

"ပါးတောင်းပန်ပါတယ် သားရယ် နောက်ဆိုပါးအချိန်ပေးနိုင်မှာပါ ကတိပေးတယ်နော်"

"အင်း"

အင်းတစ်လုံးသာပြောသွားသည့်ကြောင့်ရှောင်းချန်မင်သိလိုက်ရပါပြီ သူ့သားငယ်လေးစိတ်မကောင်းဖြစ်သွားသည်ဆိုတာ။

"မား"

"ပြောလေသားငယ်လေး"

"မနက်ဖြန်သာဆုသွားယူရမယ် မားလိုက်ပေးနိုင်မလား"

"အိမ်တော်ထိမ်းနဲ့သွားလိုက်ပါသားရယ် မား မနက်ဖြန်ဖောက်သည်တစ်ယောက်နဲ့ချိန်းထားလို့"

the diary(complete)Where stories live. Discover now