diary(part18)

417 20 8
                                    

Marvel(မာဘယ်လ်)ကားမောင်းနေရင်းကနေစဉ်းစားနေမိတာ ဒီနေ့တွေ့ရတဲ့လူနာအကြောင်း
ကျန်းမာရေးစစ်ဆေးချက်မှာရိုးတွင်းချင်ဆီကင်ဆာကင်ဆာအဖြေထွက်ခဲ့တယ်အချိန်လင့်မှသိခဲ့ရတာမို့လူနာရဲ့ရောဂါကတတိယအဆင့်.......အသက်ငယ်ငယ်ထိုကောင်လေးကအခုမှအသက်ပြည့်သေးသည့်လူသား......

နုဖတ်နေတဲ့အသားအရည်၊ကြည်လက်နေတဲ့မျက်ဝန်းညိုညို၊ပါးရှပ်ရှပ်နှုတ်ခမ်း၊သွယ်လျှလျှလက်ချောင်း၊မျက်ခုံးတန်းတန်းနဲ့ထိုလူသားရဲ့ချောမောမှုကစာဖွဲ့မမှီနိုင်အောင်ပင်၊......နောက်ပြီးထိုလူသားမှာအသက်နဲ့မလိုက်တဲ့အရပ်ရှိနေပြန်သည်။၆ပေကျော်တဲ့သူ့အရပ်ကိုတောင်ထိုကောင်လေးကအနည်းငယ်မိုးထားသေးသည်။အံံ့ဩစရာက.....သူကသကြားလုံးစားနေတယ်တဲ့လေ......

Marvelအတွေးစတို့ကိုဖြတ်လို့နာရီတစ်ချက်
ကြည့်လိုက်တော့ညနေ၆နာရီ......

"ဟူးးးးးး ဒီနေ့တော့လျှောက်လယ်ဦးမယ်

ရှန့်ဟိုင်းမြို့အနှံံ့လျှောက်လည်ရန်ဆုံးဖြတ်လိုက်တဲ့Marvelဟာသူ့ဆုံးဖြတ်ချက်ကိုပြင်ရပြန်ပြီ။သူဒီနေ့မနက်ကပဲ ပြန်ရောက်တာမနားရသေးဘူး....တစ်ရေးတစ်မောတော့အိပ်ဦးမှ

Marvelအပြင်ထွက်လို့ခဏတာလည်ပတ်တယ်ရှန့်ဟိုင်းရဲ့အထင်ကရနေရာတစ်ချို့ကိုသွားတယ်စားစရာတစ်ချို့ဝယ်စားတယ်။ဒါပေမဲ့ဆိုင်တစ်ဆိုင်အရောက်မှာ သူ့အကြည့်တို့ကတစ်နေရာထဲမှာပဲစုနေတယ်
လှပတဲ့ဖန်ပုလင်းလေးထဲမှာထည့်ထားတဲ့ရောင်စုံသကြားလုံးလေးတွေ...တစ်ချိန်ထဲမှာပဲနေ့လည်ကအသားဝင်းဝင်းအရပ်ရှည်ရှည်နဲ့လူနာကိုသတိရသွားတယ်.....

"ဟက်!ကလေးဆန်ချက်ပဲ"

သကြားလုံးဆိုင်လေးထဲဝင်ကာသကြားလုံးပုလင်းလေးဝယ်လို့ထွက်လာပြီးဒီညအတွက်နားခိုဖို့တည်းခိုခန်းရှာရဦးမည်။ဒီအချိန်မှသာအိမ်ပြန်ရင်ဦးလေးဖြစ်သူရဲ့မေတ္တာပို့မှုကိုနားထောင်ရလေဦးမည်လေ။ဒီညအတွက်တော့အေးချမ်းစွာအိပ်ချင်ပါသေးသည်။

***************

"ပါး......ဒီအိမ်ကိုဘယ်ချိန်ကဝယ်လိုက်တာလဲဟင် "

the diary(complete)Where stories live. Discover now