The diary(36)

346 19 5
                                    

တိတ်ဆိတ်လျှက်ရှိသောအခန်းငယ်တစ်ခုတွင် ပန်းချီကားတစ်ချပ်ကိုအာရုံစိုက်ကာရေးဆွဲနေလေသော မျက်ဝန်းပြာပြာနဲ့အမျိုးသားတစ်ဦးရှိသည်။

"ဒေါက်တာ......ဘယ်လိုဆက်လုပ်မလဲ ချင်ဆီက ဘယ်လိုမှရှာမရဘူး အလှူရှင်ဆိုတာကလဲ သွေးလှူတဲ့လူသာပေါတာ ချင်ဆီလှူတဲ့လူကသိပ်ရှားတယ်"

"ဟင်းးးးးချင်ဆီကမရလို့မဖြစ်ဘူး ကောင်လေးကျန်းမာရေးက ဆိုလာတယ် နှုတ်ခမ်းသားတွေခြောက်နေတယ်..... အရင်လိုမျက်နှာလေးလန်းမနေတော့ဘူး....."

"ကယ်နိုင်မဲ့နည်းလမ်းများရှိဦးမလား အဲ့ဒီ့လူနာက ဒေါက်တာ့အတွက်သိပ်အရေးပါတာပဲလား"

"အင်း.....အရေးပါတယ်ဆိုတာထက်ကိုပိုနေသေးတာ..... ကိုယ့်သိပ်ချစ်ရတဲ့ကောင်လေးဆိုပါတော့"

"ဒေါက်တာ့ညီလေးလားဟင်"

"ရှင်းပြဖို့ရာခက်မယ်....."

ဆွဲလက်စပန်းချီကား လေးကိုလက်စသပ်လိုက်ပြီး နရံရဲ့တစ်နေရာမှသွားချိတ်ထားလိုက်တယ်။ အဝါရောင်ပန်းခင်းကြီးထဲမှာ အဖြူရောင်ကောင်ငယ်လေးက နေဝင်ချိန်ကိုခံစားနေတဲ့လှပတဲ့မြင်ကွင်းကလေးကိုရေးဆွဲထားတဲ့ပန်းချီကသိပ်အသက်ဝင်လွန်းတယ်။ဒီကောင်လေးကိုမြတ်နိုးရတာ သိပ်ပင်ပန်းတာပဲ။အနှောင်ဖွဲ့ကင်းကင်းနဲ့​ခြေသလုံးအိမ်တိုင်လုပ်ကမ္ဘာပတ်နေထိုင်လာသမျှ အခုတော့ ဒီကောင်လေးဘေးမှာသာကျောက်ချလို့ရပ်နားထားလိုက်မိသည်။သို့သော် ခိုနာချင်သည့်အရိပ်ကလေးတွင်ပိုင်ရှင်ရှိ၏။ခက်သည်....သိပ်ခက်သည်......ကောင်လေးကိုချစ်တဲ့စိတ်တွေထိမ်းချုပ်ရတာ သိပ်ခက်သည်။

"သွားတော့ ဒီကလေးကိုကယ်ဖို့ငါဘာမဆိုလုပ်မှာ.....မင်းသွားနားလို့ရပြီ"

********

"သားငယ်လေး.....ဘယ်လိုလဲအရသာရှိလား"

"အင်း....စားဖူးသမျှထဲမှာအကောင်းဆုံးဖက်ထုပ်ပဲ"

"များများစားနော် နောက်ရက်တွေလဲမေမေပဲချက်ကျွေးမယ်သိလား....မေမေ ဆိုင်မသွားတော့ဘူး ဆိုင်ကိုမန်နေဂျာနဲ့လွှဲထားတာလေ မေမေကသားလေးအနားမှာနေချင်လို့...."

the diary(complete)Where stories live. Discover now