diary(part5)

686 31 0
                                    

နောက်နေ့ရှောင်းကျန့်တစ်ယောက်ပုံမှန်အတိုင်းကျောင်းလာပြီးထိုင်နေကြခုံလေးမှာထိုင်လိုက်တယ်။ထိုင်ခုံတွေကတစ်ယောက်ထိုင်တွေဖြစ်ပြီးခုံတစ်ခုံroleတစ်ခုအဖြစ်ခွဲထားတယ်

(Chan Laeပြောချင်တာက ဥပမာထိုင်ခုံ၁၅ခံုရှိတယ်ပဲထား ၅ခံုကိုroleတစိခုအနေနဲ့တန်းစီပြီးrole 3ခုခွဲတာကိုဆိုချင်တာပါ စာဖတ်တဲ့ကလေးတွေနားမလည်မှာဆိုလို့ပါ)

ရှောင်းကျန့်ကညာဘက်စွန်းrole​တတိယမြောက်ခုံမှာထိုင်တာဖြစ်ပြီးသူဘေးကအလယ်roleမှာတော်လန်ယွင်ဟန်ထိုင်တာဖြစ်သည်။ ဘယ်ဘက်စွန်းroleကတတိယခုံမှာအရင်ကကောင်လေးတစ်ယောက်ထိုင်တာဖြစ်သည်။ထိုကောင်လေးကအူကြောင်ကြောင်ပုံလေးနှင်ပင်၊ ဒါပေမဲ့အခုတော့သူ့နေရာမှာဝမ်ရိပေါ်ဆိုတဲ့အချေကိုယ်တော်လေးကအစာဝင်ထိုင်လို့

"ရှောင်းကျန့်ရောက်လာပြီလား"

ယွင်ဟန့်အမေးကိုရှောင်းကျန့်ဘက်မှဖြေဖို့ဟန်ပြင်နေချိန်မှာပဲ

"​ရောက်လို့ပဲမြင်ကတာမဟုတ်ဘူးလား"

"မင်းကိုမမေးဘူးဝမ်ရိပေါ်"

"တော်ပြီ ရန်ဖြစ်မနေကြနဲ့မနေ့ကမင်းတို့ရန်ဖြစ်တာကိုတားနေရလို့နေ့လည်စားစားချိန်နောက်ကျတာ မားဆူတာခံကတယ်သိလား"

"တောင်းပန်ပါတယ် ငါမရည်ရွယ်ပါဘူး လန်ယွင်ဟန်ကအမြဲကန့်လန့်တိုက်နေတော့....."

"ဟေ့ကောင်လိပ်မျိုးပါစပ်ပိတ်.
ဒါနဲ့ရှောင်းကျန့်မင်းရဲ့မားကမင်းကိုအချိန်ပြည့်ဆောင့်ကြည့်နေတာပဲလား"

"မင်းသိရက်နဲ့မေးနေသေးတယ်"

"တောင်းပန်ပါတယ်ကွာ ငါတို့ကြောင့်မင်းအဆူခံလိုက်ရပြီ"

"ယွင်ဟန် ငါတစ်ကယ်မကြိုက်ဘူး ငါ့ဘဝကလှောင်အိမ်ထဲကငှက်ကလေးလိုပဲ အခုမှငါကnightingaleအစစ်ဖြစ်နေပြီ မားရဲ့ချုပ်ချယ်မှုဆိုတဲ့လှောင်အိမ်ထဲကမလွပ်မြောက်နိုင်တော့မဲ့nightingale"

"အဲ့လိုလဲမဟုတ်ဘူးလေ မင်းရဲ့မားကမင်းကိုချစ်လို့ပါ"

"မားချစ်တာကြီးကလဲကွာ "

the diary(complete)Where stories live. Discover now