diary(part6)

635 31 2
                                    

"လူနာကိုသေချာဂရုစိုက်ပေးစေချင်တယ် ဖြစ်နိုင်ရင်ဆေးစစ်တာတွေပြန်လုပ်စေချင်တယ် အရင်ကလူနာမှာနှလုံးရောဂါ လက္ခဏာ တွေတွေ့ရတယ်လို့ပြောတယ်နော် ကျွန်တော်စမ်းသပ်ကြည့်ရသလောက်တော့ နှလုံးရောဂါနဲ့ပါတ်သတ်တာမျိုးမတွေ့ရဘူး ဒါ့ကြောင့်သေချာပြန်စစ်ဆေး
ကြည့်ဖို့အကြံပေးချင်တယ်"

"ဟုတ်ကဲ့ဆရာ သေချာပြန်စစ်ကြည့်လိုက်ပါ့မယ်"

"ဒါဆိုကျွန်တော့ကို သွားခွင့်ပြုပါဦး"

"ဟုတ်ကဲ့ အိမ်တော်ထိမ်း ဆရာ့ကိုလိုက်ပို့လိုက်ပါဦး"

"ဟုတ်ကဲ့ပါသခင်ကြီး"

*************
"သခင်လေး နိုးပြီလား"

"အင်း ဒါနဲ့ ပါးနဲ့မားရော"

"သခင်မကြီးကအပြင်ခဏသွားပါတယ် သခင်ကြီးကတော့သခင်လေးအတွက် ဆန်ပြုတ်လုပ်ပေးနေတယ်"

"အိမ်က အမကြီးတွေဘယ်ရောက်နေလို့လဲ"

"သခင်ကြီးက ကိုယ်တိုင်ပြုတ်ပေးချင်တယ်တဲ့လေ"

"ဪ အင်းပါ"

"ဟော....သားငယ် နိုးနေပြီလား"

"ဟုတ်ပါပါး မားရော"

"သားရဲ့မားက သူ့သူငယ်ချင်းအရေးပေါ်ဖြစ်လို့ခဏလေးသွားကြည့်တယ်သားရဲ့ သိပ်မကြာသေးဘူးသွားတာ အမြန်ပြန်ခဲ့မယ်ပြောတယ်သား"

"ဪ......."

*မိတ်ဆွေအရေးပေါ်ဖြစ်လို့ဆိုပဲ သားတစ်ယောက်လုံးမေ့မြောနေတာတောင် မိတ်ဆွေကိုအရေးတကြီးသွားကြည့်ဖို့လိုသလားမားရယ် ကလေးဆန်တယ်ပဲပြောပြော အတ္တကြီးတယ်ပဲဆိုဆို သဘောထားသေးတယ်ပဲ မြင်မြင် ဒီလိုအချိန်မျိုးမှာတော့ သားအနားမှာပဲရှိနေပေးစေချက်တာ"

"သား....သားငယ်....ဘာတွေတွေးနေလို့ပါးခေါ်တာမကြားရတာလဲဟမ်"

"ဪ....ဘာရယ်မဟုတ်ပါဘူး သားအိပ်ပျော်နေတာဘယ်လောက်ကြာပြီလဲ"

"ဒီနေ့ရောဆို၂ရက်"

"ဪ"

**********

"ရိပေါ် ရှောင်းကျန့်ကဘာလို့မလာတာလဲမသိဘူး"

"မင်းတောင်မသိတာ ငါဘယ်လိုသိမှာလဲ ဖုန်းဆက်ကြည့်လေ"

the diary(complete)Where stories live. Discover now