The diary (42)

529 17 2
                                    

Wheelchair ပေါ်တွင်ထိုင်နေသောကောင်လေးသည် သူ့ခေါင်းသူပြန်ကိုင်ကြည့်နေမိသည်။

"အကို.....ငါအရမ်းရုပ်ဆိုးလားဟင်"

"ဟင့်အင်း အရမ်းကြည့်ကောင်းနေတာ ကလေးပိစိလေးတွေလို"

"အကိုကဗျာ.....ငါကချစ်စရာကောင်းနေတယ်ပဲထား အကိုကတော့အတော်ရုပ်ဆိုးတယ်"

"ဟာမင်းကအဆိုးလေးကွာ"

"ယွင်ဟန်ရောဟင်!!!"

"နောက်ကလိုက်ခဲ့မယ်ပြောတယ် သူမင်ဟန်ကောကိုကူညီနေတယ်လေ"

"........."

"ရောက်ပါပြီဗျာ"

ရှောင်းကျန့် ယွင်ဟန့်ကိုကြည့်ရင်းအရမ်းရယ်ချင်သွားသည်။ဘာတွေလဲကွာ။

"မင်းရောလား"

"ချောလား အရမ်းခန့်သွားတယ်မလား"

"ဟင့်အင်း ရုပ်ဆိုးတယ်အကို့ထက်တောင်ပိုဆိုးတာဟားဟားး"

"ဘက်လိုက်တယ်ကြည့်စမ်း"

"အတည်ပါနော်"

Calonaပန်းခင်းလေးထဲတွင် wheelchair ပေါ်တွင်ထိုင်နေသောကောင်ငယ်လေးရယ် သူ့ရှေ့
တည့်တည့်မှာသူ့ကိုထိုင်ကြည့်ပြီးစနောက်နေတဲ့ကောင်လေးရယ် wheelchair လက်ကိုင်ကို ကိုင်ရင်း ပြုံးကြည့်နေတဲ့ကောင်လေးရယ်ဟာ ဆံပင်တွေမပါပေမဲ့ချစ်စရာပူံရိပ်ကလေးဖြစ်နေသည်။

********

"အင့်.....သကြားလုံး"

သကြားလုံးပုလင်းလှလှလေးရှောင်းကျန့်လက်ထဲနေရာယူသွားချိန်တွင်ရှောင်းကျန့်အပြုံးလေးများတောက်ပလာသည်။အရင်လိုအားမာန်ပြည့်သည့်အပြုံးမဟုတ်သော်ငြားအေးချမ်းနေပြန်၏။

"ဝယ်လာတာလား"

"မင်ဟန်ကောပေးလိုက်တာ "

"အင်း ငါတစ်လုံးလောက်စားလို့ရမလားဟင်!!!"

"သဘောပါဗျာ"

"ငါအကို့ကိုအများကြီးချစ်တယ်နော်"

"အကိုရောပဲ ဒီကလေးလေးကိုချစ်တယ်"

"အကို.....ငါ့ကိုဂတိတစ်ခုပေးပါလားဟင်"

"ပြောလေ ရှောင်းစိတ်ချမ်းသာမယ်ဆိုရင်ငါအကုန်ပေးနိုင်တယ်"

the diary(complete)Where stories live. Discover now