The diaty(part27)

358 15 3
                                    

စီးကျနေတဲ့မျက်ရည်တစ်ချို့ကိုသုတ်ပစ်ရင်းစဉ်းစားနေမိသည်။ မျက်ဝန်းထဲမှာမြင်ရောင်နေသည် ဒဏ်ရာတစ်ချို့နဲ့မျက်နှာချောချော ထိုးကြိတ်ထား၍ရလသည့်လက်ချောင်းရှည်ရှည်ကပွန်းပဲရာတွေ.......ဒါဟာသူ့ကြောင့်

************
ရှောင်းချန်မင်ခုလိုအချိန်တွေကိုသိပ်စိတ်ပျက်သည်။ သားဖြစ်သူကိုပျော်အောင်ထားချင်ပေမဲ့ ကိုယ့်ရဲ့သွေသားဖြစ်နေသည်မို့ဒီလိုကကိစ္စကိုလက်ခံနိုင်ဖို့ကခက်၏။ အမျိုးသားချင်းချစ်ကြိုက်တာမမှားပါ သို့သော်ပတ်ဝန်းကျင်ကလူတွေရဲ့အမြင်ကိုထည့်တွက်သင့်သည်လေ။ဇနီးသည်ကဲ့ဆန္ဒကိုနားလည်ပေမဲ့ သားငယ်လေးကိုလဲစိတ်ရှုပ်မခံစေချင်။ ဆရာဝန်ကသေချာမှာလိုက်သည်မလား လူနာကိုစိတ်ပျော်အောင်ထားပေးဖို့။

ချစ်လို့ကြိုက်လို့မခွဲနိုင်လို့ လက်ထပ်ယူခဲ့သည့်ချစ်ရသူဇနီးသည်အားလဲစိတ်ဆင်းရဲမခံနိုင်ပါ။နှလုံးရောဂါအခံရှိသည်သူမသည် သမီးရည်းစားဘဝထဲကစိတ်ဆိုးစိတ်ကောက်လွယ်သူဒေါသကြီးသူဖြစ်သည့်အလျှောက် ရှောင်းချန်မင်ကသာအလျှော့ပေးရသည်။

အိမ်ထောင်သည်ဖြစ်လာပြီးသကာလမှာလဲ လင်မယားနှစ်ယောက်နောင်ရေးအတွက်ရည်ရွယ်ပြီးအလုပ်တွေကြိုးစားခဲ့ကြသည် ထိုအမျိုးသမီးကိုပင်ဂရုမစိုက်အားသည်ထိ အလုပ်ကြိုးစားခဲ့ဖူးသည်။ မိသားစုအဆင်ပြေလာချိန်မှ သားသမီးယူရန်အတွက်တားဆေးစားတာရပ်တန့်လိုက်သည်။သို့သော်.......နှစ်ပေါင်းအတန်ကြာသောက်ခဲ့သည်တားဆေးအရှိန်ကြောင့် လွယ်လွယ်နှင့်မရနိုင်။

အိမ်ထောင်သက်၁၀နှစ်ကျော်မှ ဇနီးသည်မှာကိုယ်ဝန်ရှိလာခဲ့သည်။အချိန်ကြာကြာကြိုးစားပြီးမှရလာခဲ့တဲ့ကလေးလေးကိုသိပ်ဂရုစိုက်ကြသည်။သားလေးလားသမီးလေးလားမသိခင်ထဲက လင်မယားနှစ်ယောက်စိတ်ကူးလေးတွေယဉ်ပြီးပျော်နေခဲ့ကြသည်။

သားငယ်လေးမွေးချိန်မှာ ဇနီးသည်ကရောဂါအခံရှိတာတွေဆေးအရှိန်တွေကြောင့်သားလေးကပေါင်ချိန်တောင်မပြည့်ရှာ။ရှောင်းလင်မယားကအားမလျှော့ပါဘူး ဒီကလေးလေးကိုလူလားမြောက်အောင်ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ အဖေဖြစ်သူကလဲမြေးဖြစ်သူအားသည်းသည်းလှုပ်ပင်။

the diary(complete)Where stories live. Discover now