2012 December
သြော်ဘာလိုလိုနဲ့ နှစ်နှစ်ရှိသွားပီ။ သူမေ့သွားလောက်ပြီထင်ပါတယ်။ ယုကတော့ မေ့ပြီ ထင်ခဲ့ပေမယ့် အ ကြောင်းအရာတစ်ခုကြောင့် သူ့အကြောင်း ပြန်စဉ်းစားမိရင်း ရင်ခုန်နေမိသေးတယ်။ ယုကိုယုတောင် အံ့သြထိတ်လန့်ပြီး သွေးပျက်နေတာ ခုညရောက်တဲ့ထိ အဖြေမရှိတဲ့မေးခွန်းကို စဉ်းစား နေမိရင်း အိပ်မပျော်နိုင်ခဲ့ဘူး။ လွန်ခဲ့သော နှစ်နှစ်ကမှတ်မှတ်ရရ ကျောင်းပြီးတဲ့ထိ ဘာလုပ်ရမှန်းမသိ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ယုကို အဒေါ်ဖြစ်သူက(အမေ့အမအကြီး) ကြည့်မရလို့ ထင်ပါတယ်။ သူ့ကုန်စုံဆိုင် လာကူရောင်းတဲ့လေ။ တချက်လွတ်အမိန့်ဆိုတော့ ဘယ်လိုမှ ငြင်းမရပဲ ယုလဲစျေးသည်ကြီး ဆန်နီလုပ်ရတာပေါ့။ အဲ့မှာတင် ယု ချောဆိုတဲ့ ညီမလေးနဲ့ ခင်ခဲ့ရတယ်။ ချောက ယုနဲ့ဆိုင်ဘေးချင်းကပ် ဆေးဆိုင်က အရောင်းဝန်ထမ်းလေး။ ချောက ယုကို အမတယောက်လို သူ့ အချစ်ရေးကို ရင်ဖွင့်ခဲ့တယ်လေ။ ချောပြောတာက အဓိကတရားခံက သူတဲ့။ ချောက သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ ခရီးတစ်ခုမှာ တွေ့တာ။ အဲ့ကတည်းက သူ့သူငယ်ချင်းက ချစ်ခွင့်ပန်ပီး အသေအလဲလိုက်။ နေ့တိုင်းဖုံးပြောတယ်။ နေ့တိုင်း မျက်နှာ တွေ့ချင်လို့ ဆိုပီး ဆိုင်ကို အမြဲ လာတယ်တဲ့။ဆယ်ကျော်သက် အရွယ်မှာ အချစ်ကို ရှာဖွေရတာ ပိုလွယ်သလားပဲ။ ချောကလဲ မဆွတ်ခင်က ညွှတ်ချင်နေသူဆိုတော့ တစ်လလဲပြည့်ရောအဖြေပေးဖို့ ချိန်းလိုက်မိတယ်။ဒီတော့မှ ဟိုဖက်က ချောကို သူတကယ်မချစ်ပါဘူးတဲ့။ ချော သူငယ်ချင်းကို မာနချိုးချင်လို့ လုပ်မိတာလို့ ပြောပြသတဲ့လေ။ ချောသူငယ်ချင်းက မိဘကလဲ ပိုက်ဆံရှိ ရုပ်ကလေးလဲ လှဆိုတော့ မာနအရမ်းကြီးတယ်။ ကောင်လေးတိုင်း သူ့ကို ကြိုက်တယ်လို့ အမြဲထင်တဲ့ စိတ်လဲရှိတယ်တဲ့။သူက အဲ့ဒီကောင်မလေးကို စိတ်ဝင်စားနေသယောင် အထာပေးပြီးမှ တကယ်လိုက်တော့ချောကိုဆိုရင် ဟိုကောင် မလေးစိတ်ထဲ မခံချိမခံသာဖြစ်မ ယ်။ ဒေါသထွက် စိတ်တိုတာကနေ သူ့အပေါ်ကို စိတ်ဝင်စားလာမယ်။ ကံကောင်းရင် သူ့ကို ကြွေသွားနိုင်တယ်တဲ့။ အဲ့တော့မှ သူက propose လုပ်ရင် အဖြေရမယ် ပြီးရင် ဖျက်လိုက်ဆိုပီး သူက ဒါရိုက်တာဝင်လုပ်ပီး သူ့သူငယ်ချင်းက performance လုပ်တာတဲ့။ချော အကူညီတောင်းတာက သူတို့ကို နောက်အဲ့လိုမလုပ်ဖို့ကို ယုက lesson ပေးပေးပါတဲ့။ ယုကလဲ အမြဲ hero လုပ်ချင်နေတော့ ကူ ညီမယ်ဆိုပီးလက်ခံခဲ့တာ။အဲ့ဒါနဲ့ သူ့ဆီက gtalk တောင်းပီး အရင်add လက်ခံတာနဲ့ အရင် စရင်း နှီးအောင် လုပ်ခဲ့တာ။ သူကလဲ နဂိုတည်းက ဆရာကြီးဆိုတော့ ယု ရောတာကို ချက်ချင်း ပြန်လက်ခံခဲ့တယ်။ ယုကတော့ ဆရာမကြီး လုပ်မယ် စိတ်ကူးထားတော့ ယုရဲ့ နာမည်လိပ်စာကလွဲရင် ယုခံစားချက် စိတ်သဘောထားတွေ အမြဲပြောပီး သူ့ကို တခွန်းမှ ပြောခွင့်မပေးခဲ့ဘူး။သူ အမြဲ ယုပြောသမျှ နားထောင်ခဲ့တာ တပတ်ပြည့်မှ ယုကိုပြောတယ်။"ကိုယ်ပြောပါရစေ။မင်းကိုယ့်ကို ရောတာ ရည်ရွယ်ချက်ရှိရမယ်။ တ ခြားမိန်းခလေးတွေလို ကိုယ်နဲ့ ချစ် သူဖြစ်ဖို့လဲ မဟုတ်ဘူးဆိုတော့ ဘာကြောင့်လဲ။ မင်းပြောတာတွေ နား ထောင်ကြည့်ရတာ မင်းက အရမ်းထူခြားပြီး ရိုးသားတယ်။ ချစ်သူလဲ မရှိနိုင်လောက်ဘူး။ တခါမှ မထားဖူးတာ ဖြစ်ရမယ် ကိုယ်ထင်ရင် မလွဲဘူး။ကိုယ့်သူငယ်ချင်းတွေ မေးကြည့်တော့လဲ မင်းကို တယောက်မှ မသိကြဘူး။ သူတို့က မင်းအကောင့် တောင်းနေတာ ကိုယ် လုံးဝမပေးခဲ့ဘူး။ ကိုယ် မင်းကို တခုမှ မလိမ်ထားလို့ မင်းဘက်ကလဲ အမှန်တိုင်းပြောပေးပါနော်။ မင်းဖုံးနံပတ်လဲ အဆင် ပြေရင် ပေးပေးပါ။" ယု တို့နှစ်ယောက်လုံး စာရိုက်ပီး ပြောကြတာမလို့လေ။ယု သူ မေးတာ ကြည့်ပီး အရမ်းလန့်သွားတယ်။ဆရာအကြီးစားပဲဆိုပီး လက်တွေတောင် တဆ တ်တုန်နေလို့ စာမရိုက်နိုင်ဘူး။သူကတော့"ဟိုဘက်ကဘာဖြစ်သွားတာလဲ"ဆိုပီးလှမ်းလှမ်းမေးနေတယ်။ယုမဖြေတော့ပဲသူရိုက်တာထိုင်ကြ ည့်နေခဲ့တာ။သူက ယုကို သူ့ကို အရူးလုပ်နေတာ ထင်ပီး ချက်ချင်း out သွားတယ်။ သူ တကယ်စိတ်ဆိုးသွားမှန်း ယုသိလိုက်တယ်။ယုမလိမ်ပဲ သူ့ကို"ယု ရည်ရွယ်ချက်ရှိလို့ ရောတာ မှန်တယ်လို့။ ဘာဆိုတာတော့ မမေးနဲ့ လုံးဝ မပြောဘူးလို့။ဆက်ခင်ချင်တယ်ဆိုရင် online ပြန်သုံးလို့။ရေစက်ပါရင် သုံးတဲ့ အချိန်တိုက် ဆိုင်မှာပါ"လို့ စာ လှမ်းပို့ဖြစ်တယ်။အဲ့ညက ယုမိုးလင်းခါနီးထိ အိပ်မရလို့ online ပြန်သုံးတော့သူလဲရှိတယ်။သူက စပြီး စကားပြောတယ်။"ကိုယ်ပျော်လိုက်တာအရမ်းပဲကွာ။တိုက်ဆိုင်တဲ့ ကံကြမ္မာကိုလဲ အရမ်းအံ့သြတယ်။ကိုယ့် ဘဝမှာ ဒီလို ပျော်တာ ပထမဦးဆုံးပါပဲ။ယုနဲ့ တွေ့ခွင့်ပေးတဲ့ ကံတရားကိုလဲ အရမ်းကျေးဇူးတင်မိတင်တယ်" တဲ့။ ယုကိုယ်တိုင်လဲ အရမ်းပျော်ခဲ့တယ်။သူ့စကားတွေကိုတော့ ယုံကြည်မူအနဲငယ်ပါ။ သူက ဆရာကြီးဆိုတော့ အမြဲသတိထားရမယ်လို့ စိတ်ကအချက်ပြနေတယ်လေ။ယု သူ့ကို ပြောပြခဲ့တယ် အဲ့နေ့က ချောရှက်ရွံ့နာ ကျင်ခဲ့ရတဲ့အကြောင်းတချို့ကို ယုရဲ့ခံစားချက်အဖြစ်နဲ့ပေါ့။ တချို့တွေတော့ ယု ပြင်ပြောရတယ်။ သူရိပ်မိသွားမှာစိုးလို့။ ယု ရင်ဘတ်ထဲက ယုအချစ်ကို ပျက်ရယ်ပြု သစ်စိမ်းချိုး ချိုးသွားတဲ့ အဲ့တယောက်ကို မေ့မရဘူးလို့။ သူ့ဖက်က အမြင် လေးပြောပြပေးပါလားလို့ မေးခဲ့တယ်။ တကယ်ဆို အဲ့တယောက် မိန်းက လေး တစ်ယောက်ကို အဲ့လို မလုပ်သင့်ဖူးလေနော်လို့။
YOU ARE READING
ပုံရိပ်စစ် (Completed)
Fantasyမိန်းကလေးအချင်းချင်း ကူညီချင်ဇောဖြင့် ယောင်္ကျား လေး တစ်ယောက်ကို ဝင် ရောပေးမိရာမှ မိမိနှလုံးသားတစ်ခုလုံးနဲ့ ချစ်မိသွားရတဲ့ ယု ဘဝမှာ ငယ်ငယ်ကတည်းက လိုတရပြည့်စုံ ခဲ့သလို ဆိုးသွမ်းလွန်းသည့် သူ၊ အချစ်ထက် သူမရဲ့ ရိုးသားမှု၊ အချစ်ကြီးမှုကို သဘောကျခဲ့ တဲ...