part - 8

144 6 0
                                    

"ဘောစ့်သာ နှင်းကို တကယ် ပိုင်ဆိုင်ချင်တယ်ပြောလာရင် နှင်း တစ်လောကလုံးကို ရင်ဆိုင်ပစ်မယ်၊ ဘာမဆို စွန့်လွှတ်နိုင်တယ်အထိ ရူးမိုက်စွာ တွေးခဲ့ ချစ်ခဲ့ ပေမယ့် အဲ့အ‌တွေးက မှားမှန်း နှင်းသိရချိန် အရာရာကို အသစ်ကပြန်စပါရစေ။"
နှင်းဝတ်မှုန်

အပိုင်း၈

နှင်း ငယ်ငယ်ကတည်းက ဖေဖေရော မေမေပါ ကားအက်ဆီးဒင့်နဲ့ ဆုံးခဲ့ တော့ တစ်ဦးတည်းသော ဦးလေး ဆရာ လူပျိုကြီးက တာဝန်ယူ စောင့်ရှောက်ပေးခဲ့တယ်။

နှင်းမှာ ငယ်ငယ်ကတည်းက ကျောင်းကို သူများမိဘတွေ လာကြိုကြတဲ့အခါ ဖြစ်ဖြစ်လမ်းမှာ မိဘတွေက ပွေ့ချီခံရတဲ့ ခလေးတွေ တွေ့ရတိုင်း
ဦးလေးကို

"ဦးဦး သမီး မှာ ဘာလို့ သူများလို ဖေဖေ မေမေ မရှိတာလဲဟင်။ ဘာလို့ ဦးဦးတစ်ယောက်ထဲ သမီးနား ရှိနေတာလဲ။သမီး ဖေဖေ မေမေ လိုချင်လိုက်တာ" လို့ ပြောတိုင်း ဦးလေးက

"သမီးက အရမ်းအားကြီးတဲ့ ခလေးမလေး လေ။ အဲ့မို့ သမီး ‌ဖေဖေနဲ့ မေမေက ကောင်းကင် ပေါ်ကနေ ကြယ် လေး တွေ အဖြစ် ညရောက်မှသာ သမီး‌လေးကို လှမ်းကြည့်ပေးကြတာ။ ဦးလေးကို နေ့ဖက်ထိန်းခိုင်းပြီး ညဖက်ကျ ဖေဖေနဲ့ မေမေက သမီးလေးကို ကောင်းကင်ပေါ်ကနေ လှမ်းပြုံးပြနေကြတာကွဲ့။ ညတိုင်း ဦးလေးတို့ သမီး ဖေဖေနဲ့ မေမေ ဆီ စကားပြောကြမယ်" လို့ ပြောခဲ့တယ်။

နှင်းလဲ ကလေး ဘဝတုံးကတော့ ဦးလေး စကား ယုံပြီး ညရောက်တာနဲ့ နှင်း ပြောချင်သမျှကို ဖေဖေနဲ့ မေမေ (ကြယ်‌နှစ်ခုဆီ) တိုင်တည် ပြောခဲ့ကြတယ်။

ဒီလိုနဲ့ နှင်းဘဝ မှာ ဦးလေးကသာ နှင်းရဲ့မိဘ အဖြစ် ပြုစု ပျိုးထောင်ပေးခဲ့တယ်။

ဦးလေးရဲ့ ပံ့ပိုးမှူဖြင့် နှင်း အ‌ဝေးသင်နဲ့ B.eco ဘွဲ့ တစ်ခု ရခဲ့ပြီး နှင်းစိတ်ဝင်စား တဲ့ graphic design ပိုင်း သင်တန်းကို အပြင်မှာ လေ့လာခဲ့တယ်။

နှင်း ဦးလေးဆေးရုံ တက်စဉ် (ဦးလေးရဲ့ တပည့်ဖြစ်ဖူးသူ) ဘောစ့် သတင်းကြားလို့ လူနာ လာမေးတဲ့အချိန်က စပြီး ဦးလေးရဲ့ မိတ်ဆက်ပေးမှူကြောင့် နှင်းတို့ စသိခဲ့တယ်။

ပုံရိပ်စစ် (Completed)Onde histórias criam vida. Descubra agora