ယုတို့ရဲ့ လက်ထပ်ပွဲနေ့လေး ကို ရောက်ရှိလာပါပြီ။ ယုတို့ပွဲလေးကို တက် ရောက်သူတိုင်းက ယုကို ကံကောင်းလိုက်တဲ့ မိန်းကလေး လို့ အားကျ အထင်ကြီးတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်ခြင်းခံရ ချီးကျူး ဂုဏ်ပြုခံခဲ့ရတယ်။ယု လက်ထပ်ပွဲနေ့လေးမှာ အရမ်းကိုပျော်ခဲ့ရပါတယ်။ သူနဲ့အတူတူ ဘဝကို ဖြတ် သန်းရတော့မယ်လို့ တွေးမိတဲ့အခါ ယု ဟာ အရင်ကထက် ပို သတ္တိတွေ အပြည့် ရှိနေလာပါတယ်။ယုကို သူ ပိုင်ဆိုင်ခွင့်ရသွားပြီမို့ သူ့အတွက် အရာရာလိုအပ်ချိန်တိုင်း အမြဲ ဖြည့်ဆည်းပေးမယ့် ဇနီးမယားကောင်းတစ်ယောက်၊ သူ့အတွက် ယု ဟာ မရှိမဖြစ်လိုအပ်တဲ့ ချစ်ဇနီး ဖြစ်အောင် နေပေးမယ်လို့လဲ ယုစိတ်ထဲကနေ အလိုလိုကတိ တွေပေး နေမိတယ်။ယုကို လက်မထပ်ခင်တုန်းက ကိုကိုက ယုရှေ့ မားမားမတ်မတ်ရပ်တည်ပေးပါ့မယ် ပြောခဲ့ပေမယ့် ယုတို့ တကယ်လက်ထပ်ဖြစ်တဲ့အခါ ကိုကိုက ယုအတွက် ကလေးဆိုးတစ်ယောက်သာ ဖြစ်သွားတော့တယ်။မိန်းမတစ်ယောက်ဟာ အိမ် ထောင်ကျသွားတဲ့အခါ အရာရာကို ရင်ဆိုင်ရဲလာပြီး ယောင်္ကျားတစ်ယောက်အိမ်ထောင်ကျသွားတဲ့အခါ ဘာမှ မလုပ်တတ်မကိုင်တတ် ကလေး တစ်ယောက်ဖြစ်သွားတာအိမ်ထောင်ရှင်အမျိုးသမီးတိုင်း သိကြမှာပေါ့ရှင်။ယောင်္ကျားတစ်ယောက်ဟာ သူတို့ ဝေယျာဝစ္စ အကုန်လုံးကို သူတို့ရဲ့သက်ထားဇနီး က လုပ်ပေးတာသာ ခံချင်ကြပြီး သူတို့ အတွက် ဆိုးချင်သလို ဆိုးဖို့ အမေတစ်ယောက်၊ အမတစ်ယောက်ထပ်ရရှိသွားတယ် လို့ ပြောရင် မှန်မယ်ထင်တယ်။အဲ့ဒါကလဲ တကယ်တော့ ယုတို့ မိန်းမသားတွေကိုယ်တိုင်ကိုက မိခင်စိတ်က မွေးကတည်းက ပါလာကြတာလေ။ ကိုယ်တိုင်ကိုက ကိုယ်ချစ်ရသူကို အစစအရာရာကို လုပ်ပေးချင်ကြတဲ့ စိတ်ရှိ နေကြတာ။ ချစ်တဲ့စိတ်နဲ့ ယုယထွေးပိုက်မိခြင်းဆိုလဲ မမှားဘူး။ ဒါကတော့ ကျား၊ မ စိတ်အခြေခံနဲ့လဲ ဆိုင်မယ်ထင်ပါတယ်။ယုတို့ အိမ်ထောင်ရေးမှာ ကိုကို အလွန်ကြီးတော့ မဟုတ်ခဲ့ဖူး။ ယု ကိုယ်တိုင်ကိုက ကိုကို အတွက် အရာရာ လုပ်ပေးချင်နေမိတဲ့စိတ်ကြောင့် ပေါ့လေ။မနက်မိုး လင်းတာနဲ့ အိမ်အကူ "ဒေါ်ဒေါ်ကြီး" ရှိနေတဲ့ကြားက မနက်စာ ကို ကိုယ်တိုင် ထပြင်ပေးဖြစ်တယ်။(ဒေါ်ဒေါ်ကြီးက အစစအရာရာ ကြိုလုပ် ပေးထားပါတယ်။ ယုကအဆင်သင့် လုပ်ရုံပါပဲ)။ကိုကို နိုးလာရင် ရုံးသွားဖို့ အတွက် ဝတ်စုံနဲ့ ကိုကို ထံမှာ ညက ကြို မေးထားတဲ့ ကိုကို့ အလုပ်ချိန် ဇယားအတိုင်း လိုအပ်တဲ့ စာရွက်စာတမ်းအကုန် တခါတည်း ထည့်ပေးထားတာမျိုး။ယု နာရီကို မော့ကြည့်လိုက်လို့ ၇နာရီခွဲတာနဲ့ ကိုကိုအိပ်နေတဲ့ ယုတို့ချစ်ရိပ်မြုံ ကုတင်နားသွားကာ ကိုကို့ နဖူးကို အနမ်းတစ်ပွင့်နဲ့ စမိတ်ဆက်ပြီး နှိုးပေးမိတတ်တယ်။ ဒီနေ့လဲ ယု"ကိုကို ထ ထ။ ဒီ နေ့ ကိုကို လှိုင်သာယာ က ဖိနပ်စက်ရုံဆီ သွားမှာဆို။ ယုလဲ ဒီနေ့ လိုက်မယ်လေ။ ယု အရင် ရေချိုးပြင်ဆင်ထားလိုက်မယ်။ယု ပြီးတာနဲ့ ကိုကို ရေချိုးဖို့ အသင့်စောင့်နေနော်" လို့ နှိုး လိုက်မိတယ်။ကိုကိုက"ယုကလဲကွာ ယုရေချိုးပြီးမှ ကိုကို့ကို နှိုးတာမဟုတ်ဖူး။ဒီက အိပ်ကောင်းနေတုံးလေးရှိသေး" ဟု မျက်စိမဖွင့်ပဲ ပြောနေသော ကိုကို ကြောင့် ယုလဲ"အဲ့အချိန်မှ နှိုးရင်လဲ ကိုကို ထပ်ပြီး အိပ်ဦးမယ်လို့ ပြောဦးမှာလေ။ အခုကတည်းက ကြိုနှိုးထားတာတောင် ယုရေချိုးပြီးရင် တခါ ထပ်နှိုးရမှာ။ကိုကို ကလေးလို ဂျီကျမနေနဲ့" ဟု ထပ်ပြောမှ ကိုကို သူ့မျက်လုံးကို အတင်းဖွင့်ကြည့်ပြီး ယုကို သူ့လက်မောင်းကြီးနဲ့ အတင်းလှမ်းဆွဲလိုက်ကာ ယု ခန္ဓာကိုယ် ကို အတင်းဖက်နေပြန် ရော။ယုက ကိုကိုဘေးနား အဲ့လိုလေး ငါးမိနစ်လောက်ငြိမ်သက်ပေးလိုက်ရတယ်။ ပြီးမှ ကိုကို့ လက်မောင်းတွေကို အတင်းဖယ်ထုတ်လိုက်ကာ"ထပါတော့ ကိုကို ကာလနဂါးကြီးရေ။ ကလေးများ ရရင်တော့ ဒေါ်ယုယုတို့ ကလေး နှစ်ယောက်ကြား ထမိန် တောင် ဝတ်နိုင်ပါ့မလားပဲ။'ယုကိုယု' ယောကျာ်း ယူမိတယ်ထင်တာ ဘယ်ဟုတ်ပါ့မလဲ သားတစ်ယောက် ရလိုက်တာပါ့လားနော်"အဲ့တော့မှ ကိုကို ထထိုင်ကာ"ဘာလဲ ယုက ကိုကို့ကို ငြိုငြင်တာလား။ အချစ်ပေါ့တာလား" ဟော ကြည့် ကလေးလို အလိုမကျသည့်ဟန်ဖြင့် မျက်နှာစူပုတ်ကာ မေး နေတာမို့"အချစ်လဲ မပေါ့ဖူး ငြိုလဲ မငြိုငြင်ရပါဖူး ဒီက လူကြီးကို ။ ကလေးလို တနေ့တခြား ပိုပိုဆိုးနေတဲ့ ယုကျားကျားကို ယုကြာလေ မနိုင်လေပါပဲ" ဟု ယု နှာခေါင်းရှူံ့ကာ ပြောလိုက်တယ်။ ကိုကိုကတော့"ဟုတ်ပ ဒီလောက် လိမ္မာတဲ့ ဇနီးလေးမှန်းသိခဲ့ရင် ကိုကို အစောကြီးထဲက ယူ ပါတယ်။ နောက်ကျသွား လို့ တောင် နှမြောနေတာ" ဟု ယု ပါး ကို လာနမ်းကာ ပြောတော့လဲ ဒေါ်ယု တို့ အရည်ပျော်ရပြန်တာပဲ။ယုမျက်စောင်းထိုးကာ ရေချိုးခန်းထဲ ဝင်လိုက်တော့တယ်။ နို့မို့ဆို ယုတို့ ဒီနေ့ စက်ရုံ ရောက်မယ့်ပုံ မပေါ်ဖူး လေ။ယုရေချိုးခန်းက ပြန် ထွက်လာ တော့လဲ ကိုကို က မထသေးပဲ ပြန်အိပ် နေပြန်တယ်။ ယုလဲ သက်ပြင်းချကာ"ကိုကိုရေ ထ တော့ ကွာ။ ယုပြီးပြီ ထ ထ ရေသွားချိုး ကိုကိုက လိမ္မာပါတယ်ကွာ" ဟု သူ့ပခုံးကို လှုပ်နှိုးမှ ထတော့တယ်။ ထထ ချင်းလဲ ယု ကို ထပ်ဖက်မယ်လုပ်နေတာမို့"ယု ရေချိုး ပြီးပြီ ကိုကိုရေ။ မျက်နှာမသစ် ရေမချိုး ရ သေး ပဲ ယု အနား လာမကပ်နဲ့" ယု အပြောကြောင့် ကိုကို ရီသွားက"ဟား ဟား လူကို ညစ်ပတ်တယ်လို့ ပြောချင်တာ ပေါ့လေ။ ရေမချိုးရသေးဖူး ဆိုပြီး အဆင့်အတန်း ခွဲ တာလား။ နေနှင့်ဦး ပေါ့ကွာကိုကို ရေချိုးပြီးမှ တဝကြီး နမ်းပြမယ်" ဟု စိတ်တိုသလို ပြောကာ ရေချိုးခန်းထဲ ဝင်သွားတာ။ယုက အဲ့လိုပဲ ကိုကို့ကို ကလေးတစ်ယောက်လို ဘေးကနေ အရိပ်လို ကြည့်ပြီး လိုသမျှ အကုန် အဆင် သင့်ဖြစ်အောင်နေပေးခဲ့ တော့ အများအမြင်မှာ ယောင်္ကျားကို ချစ်လွန်းတဲ့ မိန်းမ တစ်ယောက် ဖြစ်ခဲ့တယ်။ယုကိုယ်တိုင်ကိုက ကိုကိုရဲ့"ပျော်ရွှင်မှု၊အောင်မြင်မှူ၊ဝမ်းနဲမှူ" ကို ထပ်တူ ခံစားပေးချင်ခဲ့တာ။ ယုကိုယ်တိုင်က ကိုကို့ ဘေးနားမှာ ကိုကို လိုအပ်တိုင်းအသင့်ရှိနေမိခဲ့တယ်။ယု ပင်ပန်းပေမယ့် ယုပျော်ခဲ့တယ်။အများ အမြင်မှာလဲ ယုတို့ လင် မယားဟာ နေနဲ့လရွှေနဲ့မြ သိပ်ကို လိုက်ဖက်လွန်းတဲ့ နတ်ရေးတဲ့ ဖူးစာလို့တောင် ပြောကြရတဲ့အထိ ယုတို့နှစ်ယောက် အပေးအယူ မျှခဲ့ကြတယ်။အဲ့နေ့ က ယု တို့ လှိုင်သာယာ ဖိနပ်စက်ရုံ ရောက်တဲ့အခါ စက်ရုံမှူးနဲ့ ကိုကိုက စကားပြော နေ တုံး ယုက အလုပ်သမား ခေါင်းဆောင်ကိုခေါ်က အောက်ခြေအလုပ်သမားတွေကိုပါ စုစေပြီး သူတို့အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောပြစေခဲ့တယ်။ အားလုံးကိုလဲ ရင်းရင်းနှီးနှီး စကား တွေပြောဖြစ်ခဲ့တယ်။ယု အလုပ်သမားတွေနဲ့ စကားပြောရင်း အဲ့စက်ရုံမှာ ဝန်ထမ်း သက်သာ ရေး အတွက် ဆန်ဆီ ဆေး ဆား လေးတွေ ရောင်းဖို့ အကြံ ရ သွားတယ်။ဘုရင့်နောင် ပွဲရုံဒိုင်တွေကနေ လိုအပ်တဲ့ ပစ္စည်း တွေ မှာ ယူ ပြီး စက်ရုံအလုပ်သမားတွေ အတွက် အမြတ်နဲနဲ နဲ့ ပြန်ရောင်းချင်တယ် လို့ ကိုကို နဲ့ တိုင်ပင်မိတော့"ယုရယ် ယု ပင်ပန်း မှာနော်။ကိုကိုက ဖိနပ် ပြခန်းတွေကို ကုန်တိုက်မှာ ပါဖွင့်နိုင်ဖို့ ကြိုးစားနေတော့ ယုဆိုင် သေးလေးက ကိုကိုတို့အတွက် ငွေ မြုပ်သလို ယုပဲ အစစအရာရာ အကုန်လုပ် ရမှာ။ ကိုကိုက မလုပ်စေချင်ဘူး" ဟု ကန့်ကွက်တယ်။ယုက လုပ်မယ်လို့ ဆုံးဖြတ်ချက်ချရင် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ အကျင့်စရိုက်အတိုင်း ဝန်ထမ်းသက်သာဆိုင်လေးကို ယုရဲ့ အပျိုဘဝက စုထားတဲ့ ငွေ လေး ရယ်် ယု ဖေဖေ(ယောက္ခထီး) ဆီက ငွေ ချီးကာ ရအောင် ဖွင့်ခဲ့တယ်။ကိုကို့ ဖိနပ်ပြခန်းအတွက် ဆိုင်ခန်းတွေရှာ အလုပ်သမားရှာ တော့ လဲ ယုဘေးက အကုန် ကူညီပေးဖြစ်တယ်။နောက် ကိုကို့ လုပ်ငန်း ငွေသုံး စာ ရင်းနဲ့ အမြတ်ငွေတွေကို ယု တစ်လတစ်ခါလောက် နောက်က စာရင်းလိုက်စစ်ရင်း နှစ်ချုပ်ငွေ အရင်း အမြတ် ယု လိုက်ကြီးကြပ်ပေးဖြစ်တယ်။နောက် ယု စိတ် ကူးအတိုင်း အမြတ်ငွေကို ဝန်ထမ်းတွေရဲ့ ကျန်းမာရေး နဲ့ ပညာရေးအတွက် စီမံ ခန့်ခွဲ လုပ်ပေးဖြစ်တယ်။ကိုကိုက ချမ်းသာတဲ့ အသိုင်းအဝန်းမှာ ကြီးပြင်းခဲ့ရသူဆိုတော့ လူတွေကို သနားကူညီချင်တဲ့ စိတ်ရှိပေမယ့် ဝန်ထမ်းတွေကို တင်းကြပ်တဲ့ စည်း မျဉ်းတွေနဲ့ပဲ အုပ်ချုပ်ခဲ့တယ်။ယုကတော့ စက်ရုံ အောက်ခြေ ဝန်ထမ်း တွေအထိ ရင်းရင်းနှီးနှီး ဆက်ဆံပြီး သူတို့ အခက်အခဲတွေ ကို ယု နိုင်သလောက် ကူညီပေးခဲ့တယ်။ အလုပ်သမား တွေ ကို လဲ နှစ်လ တခါလောက် ယုကိုယ်တိုင် ဦးဆောင်ပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာပေးဖြစ်တယ်။ကိုကို လုပ်သမျှ အရာရာတိုင်းကို ယု နောက်ကွယ်ကနေပဲ အားဖြည့် ကူညီပေးခဲ့တာ အခု ဆို ယုတို့ အိမ်ထောင်သက် သုံးနှစ်ကျော်ခဲ့ပါပြီ။ကိုကို့ဆန္ဒအတိုင်း ယုတို့ကလေး မယူသေးပဲ ကိုကို့ စိတ်ကြိုက် စီးပွား ရေးတွေ တိုးချဲ့လုပ်တာကို လိုတာ လိုက်ကူပေး ခဲ့တယ်။ကိုကိုရဲ့ ငယ်ငယ်တုံးက မိခင်မေတ္တာ ငတ်ခဲ့မှူကို ယု နားလည်ခဲ့လို့ ကိုကို့ကို အမေတစ်ယောက်လိုရော ဇနီးမယားတစ်ယောက်လိုပါ ကျေကျေနပ်နပ်ကြီး နေပေးခဲ့ လို့လားမသိ ကိုကိုက ကြာလေ ပိုနုပိုချောလေပါပဲ။ယု ကိုယ်တိုင်လဲ အပျိုဘဝထက် ပို လှလာတယ်။ကိုကို့ကို အားဖြည့်ကူညီပေးရတိုင်းကြည်နူး ပီတိစိတ် ဖြစ်မိ တာရော စိတ်ချမ်းသာတာ ရောကြောင့် ယုလဲ ပိုကျက်သ ရေရှိစွာ လှပတင့်တယ် နေခဲ့တယ်။ယုတို့ရဲ့ ပျော်ရွှင်နေတဲ့ အိမ်ထောင် ရေး ကို မုန်တိုင်း ထန်ဖို့ ရောက်လာရတဲ့နေ့လေးတနေ့က ယု ကိုကို့ အရောင်းပြခန်း အသစ်တခုကို အခြေအနေ လာကြည့်ခိုက်"ယု ရေ မမဝါပါ (ယု အမဝမ်းကွဲ) ။ ဟိုတနေ့က သူရိန်ကို ကုန်တိုက်မှာ အသက်ငယ်ငယ် ကောင်မလေးနဲ့ တွေ့မိလိုက်တယ်။အစက အသိပဲ ထင်လို့ ကြည့်နေမိတာ ယုရေ။ နောက် အဲ့ကောင်မလေးက ဘာ ပူဆာ လိုက်လို့ လဲ မသိဖူး သူရိန်က စိတ်ရှည်ရှည်နဲ့ ချော့ နေတဲ့ပုံပဲ။ အဲ့ဒါ မမဝါ ယု ကို လှမ်းသတိပေးတာ။ ယု သူရိန်ကို အရမ်းယုံ မထားနဲ့ နော်။ နဲနဲပါးပါး လဲ မေးကြည့်ဦး။ ရန်လိုပြီး မမေးနဲ့နော် ယု။စိတ်အေးအေးထားပြီး သူ့အခြေ အနေကို အရင် လေ့လာ" လို့ ပြော လိုက်ချိန် ယု အရုပ်ကြိုးပျက်သလို ပျော့ခွေကာ မနဲ ဆိုဖာပေါ် ထိုင်ချ လိုက်ရတယ်။ ဘေးပတ်ဝန်းကျင်ကို တောင် မေ့သွားကာ"ကိုကို ဟာ ဒီလို လူစား မဟုတ်ပါဖူး။ ယု မသိတဲ့ အကြောင်း အရာ တစ်ခုခု ရှိနိုင်တယ်" လို့ပဲ ယု ကို ယု တွေးရင်း စိတ် လျော့ကာ မျက်စိမှိတ်လိုက်ချိန် ယုပါးပြင်ကို မျက်ရည် တွေ ကျလာတာ သိလိုက်ရတယ်။ယု နောက်ထပ်မျက်ရည် တွေ မကျလာ စေဖို့ မျက်လုံးကို ပုတ်ခတ် သိမ်းဆည်းရင်း ယု သန့်စင်ခန်းထဲ အချိန်ကြာ ထိုင်နေခဲ့ရတယ်။
STAI LEGGENDO
ပုံရိပ်စစ် (Completed)
Fantasyမိန်းကလေးအချင်းချင်း ကူညီချင်ဇောဖြင့် ယောင်္ကျား လေး တစ်ယောက်ကို ဝင် ရောပေးမိရာမှ မိမိနှလုံးသားတစ်ခုလုံးနဲ့ ချစ်မိသွားရတဲ့ ယု ဘဝမှာ ငယ်ငယ်ကတည်းက လိုတရပြည့်စုံ ခဲ့သလို ဆိုးသွမ်းလွန်းသည့် သူ၊ အချစ်ထက် သူမရဲ့ ရိုးသားမှု၊ အချစ်ကြီးမှုကို သဘောကျခဲ့ တဲ...