သူ ယုမေးခွန်းကို ပြန်ဖြေတာက"ယောင်္ကျားလေးတွေက မယုံရဘူးလေကွ။ တော်တော်များများက ကလေးတွေလိုပဲ သူတို့လိုချင်တာ ရအောင်ယူမယ်ဆိုတဲ့အတွေးပဲရှိတာ။အများကြီး မစဉ်းစားဘူး။အမြဲ ကိုယ့်ကိုယ်ကိုပဲ အရင်စဉ်းစားမိတယ်။မိန်းကလေးတွေလို အများကြီး မစဉ်းစားဖူး။နှစ်ဖက်လုံး မမှားဖူးလို့ ကိုယ် မြင်တယ်။သင်ခန်းစာယူပြီး ရှေ့ဆက်ရမှာပဲ။ မမေ့နိုင်တာကိုလဲ စိတ်မတိုနဲ့။မေ့ဖို့လဲ အတင်းကြိုးစားမနေနဲ့။ကိုယ့်ကို ပြန်ချစ်လာအောင် ကြိုးစားချင်ရင် မင်းအဲ့အကိုကို ပွင့်ပွင့်လင်းလင်းဝန် ခံလိုက် မင်းခုထိ ချစ်နေသေးတယ်လို့ ပြောလိုက်။မပြာရဲရင်စာပို့လိုက်"တဲ့လေ။ယုလဲဒေါသတကြီးပြန်ပြောလိုက်တယ်။"ယုကမာနကြီးတယ်။ယုတကယ်ချစ်ပေမယ့်ဘယ်တော့မှအဲ့လိုမလုပ်ဖူးလို့။မိန်းကလေးဖြစ်ပီးအဲ့လိုလုပ်စရာလား" သူကဟိုဘက်ကယုကိုဟားတိုက်လှောင်နေတဲ့ပုံပဲ။ပို့လိုက်တဲ့စာက"ကိုယ်ကတော့မိန်းကလေးဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ် နှလုံးသားနဲ့ ချစ်ကြတာပဲ။ အပြစ်မရှိဘူး။ ဘယ်သူ့ဘက်က စစ ရှက်စရာ မဟုတ်ဖူးတဲ့။အဲ့လိုစတဲ့ မိန်းကလေးကို အထင် သေးတဲ့သူကို ကြည့်မရဘူးတဲ့"။ယုနဲ့သူနဲ့သဘောထားမတူဘူးလေ။ယုခံယူထားတာက"မိန်းကလေးတယောက်ကသူမရဲ့အရှက်သိက္ခာ၊ ကိုယ်ကျင့်တရား၊စောင့်ထိန်းမူတို့နဲ့နေရတာလေ။မြန် မာမိန်းကလေးတွေမှာကျင့်ဝတ်တွေရှိတယ်လေ။ မကြားဖူးဖူးလား"။သူကယုကို"ရှေးအဖွားကြီးတဲ့။ဒါပေမယ့်ကိုယ်လေးစားတယ် မင်းခံယူချက်နဲ့ စိတ်သဘောထားကို"။ယုလဲသူ့ကိုစိတ်တိုနေသေးတာနဲ့"ဒါဆိုကိုယ့်ကိုပြန်ကြိုက်တဲ့မိန်းက လေးတိုင်းအထင်ကြီးပီးပြန်ကြိုက်တတ်တာလားလို့။ဒါကြောင့်ချစ်သူသက်စေ့ကျော်တာလား"လို့မေးလိုက်တယ်။ကိုယ်ပြောတာက"အထင်မသေးဖူးပဲ ပြောတာ။ပြန်ကြိုက်မယ်လို့ မပြောပါဘူးကွာ။ဟဲဟဲ ချွင်းချက်အနေနဲ့ တခါမှ ရည်း စားမထားဖူးဘဲ လေလုံးကြီးပြီး dateout နေတဲ့ မင်းလို အဖွားကြီး ဆိုရင်တော့ စဉ်းစားပေးမိမလားပဲ" ။ရုတ်တရက်ဆိုတော့ ယု ရင်ခုန်သွားတာ အမှန်ပါ။ချက်ချင်းပဲ ယု သူ့ကို အနိုင်ပိုင်းလိုက်တယ်။"အဖွားက ငါ့မြေးလို မြှာပွေတဲ့ သူကို မစဉ်းစားဖူး။ ငါ့မြေးကို သူငယ်ချင်းအဆင့်ပဲ ထားမှာပါ။စိတ်ချနေ"။သူ တင်းသွားတာလားတော့ မသိပါ။ပြန်ပြောခဲ့တာက "ok ပါ ကိုယ်လဲကိုယ့်ကိုယုံလဲမယုံအထင်လဲမကြီးတဲ့မင်းကိုလုံးဝပဲတဲ့။ကိုယ်တို့အမြဲသူငယ်ချင်းပေါ့"။ယုဘာမှန်းမသိတဲ့ ဟာတာတာ ခံစားချက်ကို ခံစားခဲ့ပေမယ့် ယုကိုယ်ယု လိမ်ပီး ဘာမှမဖြစ်သလိုပဲ ရောက် တတ်ရာရာ ဆက်ပြောခဲ့တယ်။သူကလဲ အဲ့အချိန်ကတည်းက ယုကို တခါမှ နောက်တောင် မနောက်တော့ဘူး။ ယုနဲ့ သူ တကယ့်သူငယ်ချင်းတွေလို အမြဲပြောခဲ့တယ်။ သူအပြင်မှာ တွေ့ခွင့်တောင်းပေမယ့် ယုငြင်းလိုက်တယ်။ ယုတို့ တစ်ခါမှ အပြင်မှာ မတွေ့ခဲ့ကြဖူး။ကံဆိုးစွာအိမ်က အမေတို့ငယ်ငယ်ကနေခဲ့တဲ့ရွာမှာ အလှူလုပ်မယ်ဆိုလို့ တောပြန်ရမှာကို ယုကသူ့ကို စချင်လို့"ငါ ဟိုတယောက်ကို ခုထိ မေ့မရသေးဖူးဟယ်။ စိတ်ပြေလက်ပျောက် ငါခရီးထွက်မှာ နင်နဲ့ onlineမှာ မတွေ့တော့ဘူးနော်။တပတ်ကျော်"လို့ပြောမိလိုက်တယ်။ ပြောပြီးတော့ ခရီးထွက်ဖို့ ဝယ်ရ စာရင်းတွက်ရနဲ့ ယု အလုပ်တွေရှူပ် မအားခဲ့တာရယ် ယုဖုံးကိုလဲ အကိုက သူ့ဖုံးပျက်လို့ ယူသုံးတော့ သူ့ကို မဆက်သွယ်နိုင်တော့ဖူး။ ရွာရောက်တော့ အဖွား အသဲသန်ဖြစ်တာနဲ့ နှစ်လနီးပါး ကြာသွားခဲ့တယ်။ ပြန်လာတော့မှ အကို့ဆီက ဖုံးပြန်ရတော့ ယု အထိတ်တလန့် သိလိုက်ရတာက ယုအကို အင်တာနက်သုံးတော့ အကောင့်လင်းနေတာ တွေ့လို့ထင်တယ်။ သူက ယုထင်ပီး လှမ်းပြော၊ အကိုက ဘုဂလန့်ပြန်ပြောပစ်တယ်။ယု ကောင်လေးထင်ပီး ပြတ်သွားအောင်တဲ့လေ။ ယုကို အိမ်က ပေးစားတော့မှာ ဆိုပီး ပြောလိုက်တယ် လို့ သိခဲ့ရတယ်။ ယုကိုလဲ ရှုပ် ရှုပ်ယှက်ယှက်တွေ မလုပ်နဲ့ လို့ အဆူခံရရော။ယုအကောင့်လဲ ဖျက်ပစ်လိုက် ပြီဆိုတော့ ယု သူနဲ့ အဆက်အသွယ် လုံးဝပြတ်သွားခဲ့တယ်။ ချောကိုသူ့အကြောင်း ပြန်မေးကြည့်မိတော့ ချောပြောပြတာက သူကတဦးတည်းသောသား။သူ့မိဘတွေကွဲနေတာ။သူကအဖေနဲ့ဒီမှာနေခဲ့တာ။သူ့အမေကနိုင်ငံခြားမှာ နောက်အိမ် ထောင်နဲ့။ သူက အမေကို စိတ်နာပီး လုပ်ချင်ရာ လျှောက်လုပ်နေတာ။ပိုက်ဆံလဲ ရှိတော့ အရမ်းလဲ အဆင့်တန်းခွဲတယ် သူ့အသိုင်းဝိုင်းက။သူ့အဖေကလဲ သူ ဘာလုပ်လုပ် ဖြစ်လာတဲ့ ပြသနာ နောက်က အကုန် လိုက်ရှင်းပေးတာတဲ့။ချောက"မမသူနဲ့မပတ်သတ်ပါနဲ့တော့။သူကအရမ်းဆိုးတာ မမ။ သူ့ဖုံးနံပတ်လဲ ချောမပေးနိုင်ဘူး။ မမဆက်သွယ်ရင် ချော မမအိမ်နဲ့တိုင်မှာနော်"လို့ ပြောပေမယ့် ယု သူ့အကောင့်ကို ထပ်ရှာ add ပီးရှင်းပြခဲ့တယ်။သူ ပြန်ပြောတဲ့ စကားကြောင့် ယုအရှက်ကွဲသလို ခံစားခဲ့ရတယ်။သူပြောတာက"ကိုယ်တို့က သူငယ်ချင်းတွေလေ။ရှင်းပြစရာ မလိုပါဘူး။ကိုယ့်ခေါင်းထဲမှာ မိန်းမတယောက်အကြောင်း စဉ်းစားဖို့ အချိန်မရှိဘူး။အထူး သဖြင့် မင်းလို ရုပ်တောင် မမြင်ဖူးတဲ့ ခပ်တုံးတုံး မိန်းမတယောက် အ ကြောင်းကိုလေ" ဆိုတော့ ယု ဝမ်းနဲလွန်းလို့ ငိုမိခဲ့တယ်။ယု သူ့ကို နောက်ဆုံး အနိုင်ယူခြင်း ဆိုတဲ့ စိတ်နဲ့ စကားတခွန်း ပြောခဲ့တယ်။"စော်ရီး ငါနင့်ရဲ့ စိတ်ကို မေ့သွားလို့။ အမြဲ မိန်းကလေးတွေရှိမှ ပျော်နိုင်တဲ့ နင့်ဘဝကိုလေ။ ငါ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ယောင်္ကျားလေးတွေနဲ့မှ နင်က မတူတာ။ နင့်မှာ ရှိနေတဲ့ မိန်းက လေးတွေအပေါ် ခံစားချက်အမြင်ကို ငါ ပြောင်းနိုင်တယ် ထင်မိတာ ငါ့အမှားပါ။အနဲဆုံးတော့ နင်ငါ့ကို အလေးထားခဲ့မှာပဲလို့......"။ယု လက်တွေတုန်လာပြီး စာ ဆက်မရိုက်နိုင်တော့သလို သူ့ဘက်ကလဲ ဘာ မှထပ်မပြောတော့ဘူ။အဲ့နောက် ပိုင်း ယုလုံးဝ သူ့ကို မခေါ်သလို သူကလဲ ယုကို စကားလာမပြော တော့ ဖူး။ယု ရန်ကုန် ပြန် ရောက် ပြီး သူနဲ့ အဆက်သွယ် ပြတ်သွားတာ နှစ်လ ကျော်နောက်ပိုင်းမှာ ချောဆီက နေ သူ့အကြောင်း ပြန်ကြားရတယ်။တိုက်ဆိုင်စွာ ချောအခု လက်ရှိ လုပ်နေတဲ့ ရုံးက အမက သူနဲ့ငယ်သူငယ် ချင်း။အဲ့ကနေ သူ့အကြောင်း ပြန်ကြားရတာတော့ သူ မိန်းကလေးတစ်ယောက် အကြောင်းအသဲအသန်စုံစမ်းနေတယ်ဆိုတာရယ် ယု ဖေ့ဘွတ်အကောင့်ကို ဘယ်လို သိသွားတယ်တော့ မပြောတတ်။ ယု အကောင့်ထဲ သူ ဝင်ကြည့်တယ်တဲ့။အပြင်မှာလဲ ယုအ ကြောင်း သူသိတဲ့သူတွေကနေ လိုက်စုံစမ်းတယ်။ယု ဘယ်လိုမိန်းက လေးဆိုတာသိချင် နေပုံရတယ်။ပြီး တော့ ယုကသူကြိုက်တဲ့ မိန်းကလေး type ထဲ မပါလို့ သူက အဆက်ဖြတ်လိုက်တာဆိုပဲ။ဒါပေမဲ့ သူ လုံးဝ သိမသွားတာက ယုနဲ့ ချောရဲ့ ပတ်သတ်မှုကိုလေ။ ဘာလို့လဲဆိုတော့ ယုအကောင့်မှာ ချောနဲ့က သူငယ်ချင်း ဖြစ်မနေလို့ နေမယ်။ ယု နဲ့ချောက အပြင်မှာ ခင်ကြပေမယ့် ကျောင်းချင်း မတူ အသက်မတူ။ နေတာလဲမတူ။ဆိုင်ချင်း ဘေးချင်းကပ် ဆိုပေမယ့် ခုချောက ရုံးမှာ အလုပ်ဝင်နေပီ ဆိုတော့ သူ မသိ နိုင်တာ ဖြစ်မယ်။ယု သူ့ကို လုံးဝမဆက်သွယ်ဖြစ်ပါဖူး။ယုဘဝမှာ သူနဲ့ဆက်ပြီး လက်တွဲဖို့ ကံပါမလာဘူးလို့ပဲ မြင်ခဲ့တယ်။typeမတူ အသိုင်းအဝန်းမတူတဲ့ လူနှစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ လက်တွေ့ကျကျ တွေးခဲ့တယ်။ယု ငယ်ငယ်လေးကတည်းက ဆုံးဖြတ်ပြီးရင် ပြန်မပြင်တတ်ခဲ့ဘူး။
BINABASA MO ANG
ပုံရိပ်စစ် (Completed)
Fantasyမိန်းကလေးအချင်းချင်း ကူညီချင်ဇောဖြင့် ယောင်္ကျား လေး တစ်ယောက်ကို ဝင် ရောပေးမိရာမှ မိမိနှလုံးသားတစ်ခုလုံးနဲ့ ချစ်မိသွားရတဲ့ ယု ဘဝမှာ ငယ်ငယ်ကတည်းက လိုတရပြည့်စုံ ခဲ့သလို ဆိုးသွမ်းလွန်းသည့် သူ၊ အချစ်ထက် သူမရဲ့ ရိုးသားမှု၊ အချစ်ကြီးမှုကို သဘောကျခဲ့ တဲ...