ပုံရိပ်စစ်
ယုအတွက်တော့ ကိုကိုက ယုကို စ ချစ် ပြီး ယုက ဆက် ချစ်ပေးခဲ့သူပါ။ ကိုကို့ အချစ်ဟာကောင်းကင်က မှိတ်တုတ် မှိတ်တုတ် ကြယ်လေးနဲ့ တူပြီး ယု့အချစ်ကတော့ နေ့ဖက်မှာဆို သူရိန်နေမင်း အဖြစ် တောက်ပလင်းလက်ပေးသူ ညဖက်မှာဆို လစန္ဒာလို အေးမြပေးခဲ့သူပါ ကိုကို။
ယုယုနိုင်
အပိုင်း ၉
ယု အိမ်က ထွက်ခဲ့ တာ နှစ်လပြည့်သွားပြီမို့ စိတ်က ကိုကို့ဘေးနား နေတုံးကလောက် ပူလောင်မှူ မရှိ အေးချမ်းနေခဲ့ပါပြီ။
ကိုကို့ဘေးနား ရှိစဉ်မှာ ကိုကို့ကို ကြည့်ပြီး အိပ်မပျော်တဲ့ ညပေါင်းများစွာ ပိုင်ဆိုင်ခဲ့ရတယ်။
အခု အဝေးရောက်တဲ့အခါမှာတော့ ယု လေ ကိုကို့ကို
တခါတခါ လွမ်းဆွတ်စိတ်ပူမိတာကလွဲရင် ကျန်အချိန်တွေမှာ ယု ရွာက ကလေး တွေ နဲ့ လူကြီးတွေကို စာသင်ပေးခြင်းနဲ့သာ အလုပ်ရှုပ် နေခဲ့တော့ ယု စိတ်ဟာ အလုပ်အပေါ်မှာသာ အာရုံရှိခဲ့တယ်။ညဖက်ရောက်ရင်လဲ ယု ပင်ပန်းကာ ဘာ မှ သိပ်မတွေးနိုင်တော့ပဲ ယု နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါပြီ။
ရွာက ကလေးနဲ့ လူကြီး တွေကို စာသင်ချင်အောင် ယု လိုက် စည်းရုံးရတာလဲ တော်တော် ခက်ခဲတဲ့အလုပ်ပါ။
ရွာက လူတော်တော်များများက ကျောင်းစာ တတ်လဲ အချိန် တန် အရွယ်ရောက်ရင် လယ် လုပ် ရမယ်၊ ဈေးရောင်းရမယ် ဆိုတဲ့ အတွေးဆိုတာသာ ရှိကြတယ်။
ယုက တော့ သူတို့ကို ပညာသင်ခြင်းဟာ အမှားနဲ့အမှန်ကို နားလည်သဘောပေါက်ဖို့နဲ့ ဘဝ မှာ စာဖတ်ခြင်းဟာ လူတွေကို များစွာ ပြောင်းလဲ စေနိုင်ကြောင်းတို့ကိုသာ နားလည် သဘော ပေါက်စေခဲ့တယ်။
ယု သူတို့ကို စာတတ်အောင် အရင် မသင်ပေးခဲ့ပဲ အသိဉာဏ် ဖွံ့ဖြိုးအောင်သာ ယု ဖတ်ဖူး သမျှ စာအုပ်တွေထဲ က အကြောင်းအရာများကို ပုံတိုပတ်စလေးတွေနဲါ စိတ်ဝင်စားအောင် ရှင်းပြ ပေးခဲ့တယ်။
ဒီနေ့လဲ ယု ပုံတိုပတ်စ ကို လာ နားထောင်ကြမယ့် လှရီတို့ ကလေးတသိုက်နဲ့ တွေ့ ဖို့ ရွာဦး ဘုန်းကြီး ကျောင်းက ညောင်ပင်ကြီးဆီ ထွက်လာမိတယ်။ လမ်းမှာ ဒေါ် ညိုတုတ်နဲ့ တွေ့လို့
VOCÊ ESTÁ LENDO
ပုံရိပ်စစ် (Completed)
Fantasiaမိန်းကလေးအချင်းချင်း ကူညီချင်ဇောဖြင့် ယောင်္ကျား လေး တစ်ယောက်ကို ဝင် ရောပေးမိရာမှ မိမိနှလုံးသားတစ်ခုလုံးနဲ့ ချစ်မိသွားရတဲ့ ယု ဘဝမှာ ငယ်ငယ်ကတည်းက လိုတရပြည့်စုံ ခဲ့သလို ဆိုးသွမ်းလွန်းသည့် သူ၊ အချစ်ထက် သူမရဲ့ ရိုးသားမှု၊ အချစ်ကြီးမှုကို သဘောကျခဲ့ တဲ...