part - 7

149 6 0
                                    

အပိုင်း၇
မိုးသူရိန်

ကျွန်တော် ၈နှစ်အရွယ်မှာ မေမေက ယောက္ခမနဲ့ ဖေဖေ့ဒဏ်ကို မခံနိုင်တော့လို့ နိုင်ငံခြားကို အလုပ် သွား လုပ်ခဲ့တယ်။

မသွားခင် ကျွန်တော့်ကို
"မေမေ့သားလေ လိမ္မာ နေနော်။ မေမေ ပိုက်ဆံအများကြီးရှာနိုင်တဲ့အခါ သားကို လာခေါ်မယ်" ပြောပြီး ကျွန်တော့်ကို အပြီးခွဲသွားခဲ့တယ်။

အဲ့ကတည်းက ကျွန်တော် နေ့တိုင်း မေမေ ပြန်လာမယ့်နေ့ကို မျှော်ခဲ့ပေမယ့် မေမေဟာ ကျွန်တော့်ဘဝထဲကို လုံးဝ ပြန်မလာခဲ့တော့ဖူး။

ကျွန်တော် ၉နှစ် ရောက်တဲ့အထိ ညတိုင်း မေမေ့ကို သတိရ လွမ်းဆွတ်တဲ့ဒဏ်ကြောင့် ညည ဆို ထထ ငို ပြီး ဂျီကျတာ အကျင့်လို ဖြစ်ခဲ့တယ်။

ကျွန်တော့် ဖွားဖွား(ဖေဖေ့‌ မေမေ) က ညတိုင်း ထ ထ ငိုတဲ့ မြေး ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ ပုံ ရ တယ်။

မြေးရဲ့ အမေတစ်ယောက် ကို လွမ်းနေတဲ့ စိတ်ပျောက်‌သွာစပြီး မေမေ့ကို စိတ်နာအောင် မေမေ့ မကောင်းကြောင်း တွေ ပဲ ပြောခဲ့တယ်။

စပြောခါစ တော့ ကျွန်တော် လက်မခံ နိုင်ပေမယ့် ကြာလာလေ ဖွားဖွား စကားကို ယုံပြီး မေမေ့ကို စိတ်နာကာ အမုန်းကြီး မုန်းခဲ့တယ်။

ကျွန်တော့်ကို ဖွားဖွားက သူ့ရဲ့ချစ်လှစွာသော သားဦးမှ မွေးတာကြောင့် တခြား မြေးတွေနဲ့မတူ အားလုံး ထက် ပိုပြီးတုန်နေအောင် ချစ်ခဲ့ အလိုလိုက်ခဲ့ တယ်။

ကျွန်တော့်ဘဝ က ငယ်ငယ်ထဲက ‌လိုတိုင်းတ ရခဲ့သလို အမျိုး အားလုံးရဲ့ နံပတ်တစ် ဦးစားပေးခံရသူ ဖြစ်ခဲ့တာ။

ဖွားဖွားကို အမျိုးအားလုံးက ချစ်လဲ ချစ် ကြောက်လဲ ကြောက် မို့ ဖွားဖွား စကား မှန်သမျှ မပယ်ရှား ဝံ့ကြဖူး။

ကျွန်တော်ဟာ ဒါကြောင့် ဆိုး လို့ ရမှန်းသိလေ ပိုဆိုးတတ်တဲ့ ခလေးဆိုး တစ်ယောက် ဖြစ်ခဲ့တယ်။  

ဖေဖေက ဖွားဖွား စကား အမြဲ နားထောင် တဲ့ သားလိမ္မာ တစ်ယောက်ဖြစ်ပြီး မေမေချစ် သားတစ်ယောက်ဖြစ်ခဲ့တယ်။

ပုံရိပ်စစ် (Completed)Donde viven las historias. Descúbrelo ahora