End

393 11 1
                                    

ဇာတ်သိမ်းပိုင်း
ယုကို ဆရာကန်တော့ပွဲ လိုက်ပို့ပြီး ယုက ပြန်ပါဆိုတာတောင် မပြန်ပဲ ယု အနားကပ်နေတဲ့ ကိုကို တစ်ယောက် ယုနဲ့ စိုးကြီးကို သဝန်တိုလို့များ အခုလို လုပ်နေတာလားကိုကို။
ကိုကို နဲ့ပတ်သတ်ရင် အရာရာ ထိလွယ်ရှလွယ်တုံးဖြစ်နေတဲ့ ယုစိတ်ကို ကိုကို မမြင်အောင် ထိန်းချုပ်ရတာ ဘယ်လောက်ပင်ပန်းလဲ ကိုကို မသိပါဖူး။
ကိုကိုက အခုထိ ယု အပေါ် အနိုင်ယူ လူလည်ကျကာ ယုကို တောင်းပန်ဖို့ စိတ်ကူးလဲ မရှိသလို ယု က အခန်းခွဲ အိပ်ခိုင်း တော့လဲ ခပ်တည်တည်ပဲ ဘာမှ မဖြစ် သွားအိပ်တာပဲ။
မနက်ဆိုလဲ လူလည်ကျချင်တဲ့ ကိုကို က ယု လာမနှိုး နှိုးအောင် တမင်‌ နောက်ကျတဲ့အထိ အိပ်တာ ယု ရိပ်မိ နေတာတောင် ယု ကိုကို့အနား သွားချင်တဲ့စိတ်ကို ထိန်းချုပ်နေရတုံး။
အခုလဲ ယု ရင်တွေ ပူ စိတ်ပူရအောင် ညဉ့်နက်တဲ့အထိ ပြန်မလာပဲ ဘယ်သဝေထိုးနေသလဲ မသိပါဖူး ဒီကိုကို တစ်ယောက်။
"အင်း တစ်နာရီ တောင်ထိုးနေပြီ။ အခုထိလဲ မလာသေးဖူး။မိယုယုနိုင် ညီး ယောကျာ်းကို အဲ့သလောက်တောင် ချစ်မှတော့ ညီး သီးခံပေတော့ ဒီတစ်သက်။ ဟိုက ညီးကို ပညာမျိုးစုံ ပြနေတာ" ဟု
ကိုယ့်ကိုကိုယ် သတိပေး ဆုံးမနေတဲ့ကြားက ကားသံကြားတော့ ယု အောက်ထပ် ပြေးဆင်းမိတော့တယ်။
ကိုကိုက မျက်နှာ သုန်မှူန်စွာ ယုကို ဘုရှိုးရှိုးပြီး
"မင်း ဘာလို့ မအိပ်သေးတာလဲ။ငါ အရမ်းတွေ စိတ်ညစ်ပြီး အရက်သောက်လာမယ်များ မင်းမျှော်မှန်းထားသလား" တဲ့လေ။
ယုလဲ သူ့ကို စိတ်ပူပြီး စောင့်နေတဲ့ လူကို ဆီးရန်တွေ့တဲ့ သူ့အပြောကြောင့်
"ရှင် ကျမကြောင့် စိတ်လဲ
မညစ်နိုင်သလို အရက်လဲ သောက်မှာ မဟုတ်တာ သိတဲ့အတွက် ရှင်များ တခုခု ဖြစ်နေလား စိတ်ပူပြီး ဆင်းကြည့်မိတာ။ ရှင် ဒီလို ရန်ထောင် နိုင်တယ်ဆိုတော့ ကျမ စိတ်ပူမိတာ ရူးနေလို့မှန်း ကျမ သိပြီ" လို့ အပေါ်ထပ်တက်ရင်း ပွစိ ပွစိ သူကြားအောင် တမင် ပြောလိုက်တယ်။
ကိုကိုက နောက်က လိုက်တက်လာခြင်းလဲ မရှိ၊ ဘာမှလဲ ပြန်မပြော တော့ နောက် ပြန်လှည့်ကြည့်ချိန် ကိုကိုက ဗိုက်ကို ကိုင်ထားကာ ရှုံ့မဲ့နေတဲ့ပုံ မို့ မနေနိုင်ပဲ ပြန်ဆင်းရင်း
"ဘာဖြစ်လို့လဲ အစာအိမ်ပြန်နာတာလား။ သိပါပြီ ကိုကို အစား ပုံမှန်မစားဖူးထင်တယ်။အခုရောသက်သာလားဟင်" ဟု မေးကြည့်မိတော့ သူလက်ကာပြကာ ယုလက်ကို ဆုပ်ကိုင်ရင်း သူ မျက်ရည်ဝဲနေတာ ယု တွေ့လိုက်ရတယ်။
ယု ထိတ်လန့်သွားကာ
"ကိုကို အရမ်းနာလို့လားဟင်။ယုတို့ ဆေးခန်း သွားကြမယ်လေ။ အူအတက် ပေါက်မှာ ယု ကြောက်တယ် ကိုကို" ဟု ပြောမိကာ ယု သူ့ဖုံးကို ယူပြီး ကျော်ကျော့်ကို ဖုံးလှမ်းဆက်ရတယ်။
တော်သေးတာက ကျော်ကျော်ကလဲ သူ့ဆရာအခြေအနေ မဟန်မှန်းသိလို့ ခြံထဲမှာပဲ မသွားပဲ စောင့်နေတာ။
အဲ့ဒါနဲ့ ယုတို့ ညတွင်းချင်း ပုဂ္ဂလိက နာမည်ကြီးဆေးခန်းတစ်ခု ပြေးရတော့တယ်။
အချိန်မှီ ပြလိုက်နိုင်လို့ ကိုကို အသက်အန္တရာယ် လွတ်သွားတာ လို့ ဆရာဝန်ကြီးက ပြော ဝာ။
ကိုကို ဆေးရုံမှာ အစာမစားပဲ Glucose သွင်းပြီး နေလိုက်ရတာ တစ်ပတ်။
ကိုကိုက သူဖြစ်နေတဲ့ တစ်လျှောက်လုံး ယုကို မျက်စိအောက်ကကိုအပျောက်မခံဖူး။
ယု မှာ တချိန်လုံး သူအနားနေပေးရင်း တစ်ပတ်ပြည့် ကိုကိုဆေးရုံက ဆင်းတော့ ယု လဲ ဒေါင်း‌ တော့ တာပဲ။
အိမ်မှာ ဆရာဝန် ခေါ် အားဆေးသွင်းရင်း ကိုကိုက ပြန်ပြုစု ပေး‌နေရှာတယ်။
ဒီနေ့တော့ ယုလဲ မနေ့က တနေ့လုံး အား‌ ဆေးသွင်းပြီး စားလိုက်အိပ်လိုက် လုပ်လိုက်တာ အားပြန်ပြည့်ပြီ ထင်မိလို့ ယု ဘေးနားမှာ အိပ်ပျော်နေတဲ့ ကိုကို့ကို
"ကိုကို ထတော့ ဒီနေ့ ရုံးအခြေအနေသွားကြည့်ဦး။ ရုံးကို ပစ်ထားတာ တပတ်ကျော်ပြီလေ။အ‌ရောင်းပြခန်းဖက်တော့ ယု ရန်ကုန်ရောက်ကတည်းက ဖုံးလှမ်းဆက်မဖြစ်တော့ သွားစရာမလိုသေးဖူး။ ကိုကို ရုံးပဲ တချက်သွားကြည့်လိုက်" ဟု နှိုးမိတော့
"ယု က သိပ်ချစ်ဖို့ ကောင်းတာပဲ။အရာရာ ထောင့်စေ့အောင် စီမံနိုင်တယ် တော်လိုက်တဲ့ ကိုကို့ မိန်းမ" ဟု နဖူးကို ဖွဖွလေး နမ်းကာပြောပြီး ရေချိုး ပြင်ဆင်တော့တယ်။ ယု ကိုကို ဝတ်ဖို့ ဝတ်စုံ တစ်စုံဗီရိုထဲက ထုတ်ထား‌ ပေးမိတယ်။
ကိုကို ရေချိုးခန်းက ပြန်ထွက်လာချိန် သူ့အတွက် အဝတ်ထုတ်ပေး‌တာ မြင်ကာ
"ကိုကို့ကို ဒီလို အဝတ်ထုတ်မပေးတာ ဘယ်လောက်ကြာပြီလဲ။ ကိုကိုနဲ့ အတူမအိပ် ကိုကို့ကို မနှိုးတော့တဲ့ ယု လေး ပျောက်သွားပြီမို့ ကိုကို ပျော်လိုက်တာ" ဟု ယု ပါးကို လာနမ်းကာ ပြောတော့ ယု ရင်ခုန်ရပြန်တယ်။
ကိုကိုနဲ့ ပတ်သတ်ရင် အမြဲ ရင်ခုန်စိတ်လှုပ်ရှားလွယ်လွန်းသော ယု ကို ယု သဘောကျစွာ တွေးမိကာ ပြုံးနေမိတော့တယ်။
အဲ့အချိန် ဖုံးသံကြားလို့ ကြည့်လိုက်မိတော့ စိုးကြီးဆီက ဖြစ်နေတယ်။
ကိုကို့ကို ပြန်ကြည့်မိရင်း
"အင်း စိုးကြီး ငါ ‌အခု အိမ်မှာဟ။ ငါ့ ယောကျာ်း ဆေးရုံတက်လိုက်ရ‌ သေးတယ် အရင်အပတ်က။ အခုငါက သူ့ပြုစုပြီး အားပြတ်သွားလို့ ပုလင်းကြီးချိတ်လ်ိုက်ရတယ်အိမ်မှာပဲ။ ဆရာကန်တော့ပွဲကိစ္စ ငါနေကောင်းရင် ငါတို့ တရက်ပြန်အစည်းအဝေးထိုင်ပြီး အလှူငွေ စကောက်ရအောင်လေ။ နင်နဲ့ငါက ပိုအားတော့ ငါတို့ပဲ ပိုလုပ်ပေးကြတာပေါ့" ဟု ပြောလိုက်မိတယ်။
ကိုကိုက
"လူက အခုမှ နေကောင်းတာကို အလုပ်တွေက တန်းစီ လက်ခံနေပြီ။ ယု က အလုပ်ကို ဆို အရမ်း လောဘကြီးစွာ လုပ်တယ်။ ကိုယ့်ကိုကိုယ်ကျ နားဖို့ ဘယ်တော့မှ သတိမရဖူး။ စိုးကြီး နဲ့ ယု တို့ပဲ သွားရမယ့်နေရာမျိုးဆို ကိုကိုပါ လိုက်မယ်။ ယု တို့ကို မယုံတာမဟုတ်ဖူး‌ နော်။ ကိုကို ယုကို သဝန်တိုတယ်။ နှစ်ယောက်တည်း ဘယ်မှ မသွားရဖူး" ဟု ပြောတဲ့ ကိုကို့ကို ကြည့်ကာ ယု ရီလိုက်မိရင်း
"ကိုကို ကလေး ဆန်မနေနဲ့။ ယုက ကိုကိုလို မဟုတ်ဖူး။ယု ရင်ထဲမှာ ကိုကိုက နေရာအပြည့်ယူထားလို့ ဘယ်သူမှ ဝင် မရ တော့ဖူး။ ပို မနေနဲ့" ဟု ပြောလိုက်မိတယ်။ကိုကိုက ယု ပါးကို အသာလေး ဆွဲလိမ်ကာ

"မရဖူး အချစ်မှာ လူကြီးဆန်တာ ကလေးဆန်တာ မရှိဖူး။ချစ်တဲ့ သူတိုင်း သဝန်တိုကြမှာပဲလေ။ ယု အဖွားကြီး ဖြစ်လဲ ကိုကိုက စိတ်မချနိုင်ဖူး" ဟု ပြောနေတာမို့ ယုက

"ယုကို ကလေးဆန်တယ် လို့ ဘယ်သူ ပြောခဲ့တာလဲ။ ယုညသဝန်တိုတုံးက အိုဗာတင်း လုပ်တယ်ဆိုပြီး တစက်လေးမှတောင် မချော့ခဲ့ တဲ့ သူကြီးက အခုမှ လာနုရွ ‌မနေနဲ့" ဟုပြော လိုက်ရာ ကိုကိုက

" အာ... မရတော့ဖူး ယု ရေ ကိုကို ယု နား က မခွာချင်သေးဖူး။ ဒီနေ့ ရုံးမသွားတော့ ဖူး ယု နားပဲ နေတော့မယ်" ဟု ဆိုကာ ယု ခါး ကို ဖက်ပြီး ယု ပေါင်ပေါ် လှဲအိပ် လိုက်တဲ့ ကိုကို့ကို ကြည့်ကာ ဒါလဲ ယု ကို ချုပ်နည်း အသစ်ဖြစ်ဦးမလားလို့ တွေးမိကာ ပြုံးလိုက်မိပါသည်။
ပြီးပါပြီ။
ကျူးလစ်

Je hebt het einde van de gepubliceerde delen bereikt.

⏰ Laatst bijgewerkt: Jan 28, 2022 ⏰

Voeg dit verhaal toe aan je bibliotheek om op de hoogte gebracht te worden van nieuwe delen!

ပုံရိပ်စစ် (Completed)Waar verhalen tot leven komen. Ontdek het nu