part - 3

183 5 0
                                    

ယုကိုယ့်စိတ်ကို ထိန်းချုပ်ပီး တခြားအလုပ်တွေပို လုပ်ခဲ့တယ်။ ယုကိုယ် ပိုင် စီးပွားရေး တစ်ခုစလုပ်ခဲ့တယ်။ယုကြိုးစားမှုနဲ့ စတိုးဆိုင်တစ်ခုဖွင့်နိုင်ခဲ့တယ်။ဆိုင်‌လေးဖွင့်နိုင်ဖို့ အခက် အခဲတွေအများကြီးလဲ ကြုံခဲ့တယ်။သူ့ကိုလဲ ယုမေ့နိုင်ပြီလို့ ထင်မိတဲ့အထိ အလုပ်ထဲ စိတ်နှစ်ခဲ့တာ။တကယ်က ယုကိုယု ညာနေမိခဲ့တာပါ။မေ့နိုင်ပြီလို့ပေါ့။ တစ်‌နေ့ ယုမြို့ထဲသွားရင်းချောနဲ့တွေ့တော့ သူ့အိမ်က သ‌‌ဘောတူသူနဲ့ စေ့စပ်ပြီးသွားပြီ။နောက်နှစ်ယူ တော့ မှာဆိုတဲ့အ‌ ကြောင်း။သူ အရင်ကလို မဆိုးတော့ပဲ အရမ်းပြောင်းလဲလိမ္မာ‌ နေတာသိလိုက်ရတယ်။သူ့စီးပွားရေးလုပ်ငန်းလဲ အရမ်းအောင်မြင် နေတာ။နိုင်ငံခြား import ကုန်ကြမ်း (shoeထုတ်ဖို့ လိုအပ်တဲ့ ပစ္စည်း)တွေ လှမ်းမှာပြီး ဒီမှာပြန်ထုတ်တာ။မမရေပြောင်းလဲသွားတာမှနောက်တယောက်အတိုင်းပဲ သိလားလို့ ချောပြောတာ ကြားရချိန်သူ့အစား ယုဝမ်းသာလိုက်တာ။ သူဘာကြောင့် ပြောင်းလဲပြောင်းလဲ သူပျော်နေရင် ယုစိတ်ချမ်းသာတာပဲလေ။ အင်း....ယုအတွေးတွေနဲ့အဲ့ညက တညလုံး အိပ်မပျော်ပဲ အတွေး သံသ ရာလည်နေခဲ့‌ နေတာ။ယုအခန်းထဲ နေရောင်ဝင်လာပြီမို့ မိုးလင်းသွားပြီပဲလို့ တွေးပြီး ယု မျက်နှာ သစ်ဖို့ ထလိုက်မိတယ်။ယုမှန်ထဲမှာ ကိုယ့်ကိုကိုယ်ကြည့်ပီး ဘဝဆိုတာက ခဏတာလေးပဲ။ ယုသူ့ကို ခုထိမမေ့နိုင်‌ သေးလဲ သူယူတော့မှာပဲ‌ လေ။ယုဆိုတဲ့ မိန်းခလေးဟာ သူ့ရင်ထဲမှာ မြူမှုန်လေးတောင်ရှိ မှာမဟုတ်ပါဘူး။ ကဲယုယုနိုင် ရေ အားတင်းထား။ယု ဆိုတဲ့ မိန်းမဟာ ဘယ်လောက် ထိ ကြံ့ခိုင်လဲ သူအသိအမှတ်ပြုစေရမယ် လုပ်ပြလိုက်စမ်းပါ လို့အား တင်းပြုံးရင်းလေ။ယု ဆုံးဖြတ်ချက်နဲ့အတူ onlineတက်ကြည့်တော့စကား မပြောဖြစ်တာကြာ‌ နေပြီ ဖြစ်တဲ့ သူ့အကောင့်လေး မီးစိမ်းနေတာ တွေ့လိုက်တယ်။သူလိုင်းသုံးနေတာမို့မအောင့်အည်းနိုင်စွာ"Congratulation"လို့လှမ်းပြောလိုက်တယ်။ နောက် ယု ဆိုင်လေးသွားဖို့ ပြင်ဆင်ရင်း မနက်စာ စားနေတုံး ဖုံး ပြန်သုံးတော့မှ သူ့ဆီက မက်ဆေ့ကို တွေ့တာ။သူကယုဘယ်လိုသိလဲတဲ့‌ လေ။ယုအမှန်တိုင်းပဲချောနဲ့ယုရဲ့ ပတ်သတ်မှုကိုပြောပြလိုက်မိတော့မှ သူက"ငါတော်‌ တော်ညံ့ခဲ့တာပဲ‌ နော်။မင်းတို့ ပတ်သတ်မှူကိုငါလုံးဝမသိခဲ့ဖူး။ ငါ မင်းကြောင့် ပြောင်းလဲသွားတာ ငါဝန်ခံပါရ‌စေ။ငါ မင်းကိုချစ်ခဲ့ပေမယ့် မင်းရဲ့မာနနဲ့ လှည့်စားမှုကြောင့် မင်းကို မဆက်သွယ်ခဲ့မိတာ။မင်းရှင်းပြတာလဲ ငါမယုံကြည်ခဲ့ပဲ မင်းကိုငါ နာကြည်းမိခဲ့တယ်။ မင်းကိုမခံချင်စိတ်နဲ့ ငါကြိုးစားခဲ့တာ" လို့ သူပြန်ပြောတဲ့အချိန်မှာ ဒါဟာလဲ ယောင်္ကျားတစ်ယောက်ရဲ့ မာနနဲ့ ခွင့်မလွှတ်တတ်တဲ့ စရိုက်ပါလားလို့ယု နားလည်သွားတယ်။ဘယ်လိုပဲ ပြောနေနေ ပြင်လို့မရတော့ တဲ့အမှားကို ယုတို့ နှစ်ယောက် လုံးလုပ်ခဲ့ကြပြီ‌ လေ။ယု သူ့ကို ဆက်မပြောနိုင်တော့ဖူး။ယုနောင်တရလိုက်တာ။ခေါင်းမာမိတဲ့ယုကိုယ်ယုလဲ ပထမဆုံးအကြိမ် ခွင့်မလွှတ်နိုင်ဖူး။ ဘာပဲဖြစ်ဖြစ် လက်တွေ့အဖြစ် အပျက်ကို ယု ရင်ဆိုင်ရတော့မယ်။ရှောင်လွဲလို့မှ မရတာ‌ လေနော်။ ယုစိတ်ညစ်ရင် လုပ်လေ့ရှိတဲ့ ရောက် တတ်ရာရာ လျှောက်သွားဖို့ အိမ်က ထွက်လာမိတယ်။ ကားမစီးပဲဦးတည်ရာမရှိ လျှောက်နေမိတာ ယုသတိဝင်လာ‌ တော့ လမ်းကျဉ်းလေး ထဲမှာ ဘေးပတ်ဝန်းကျင်မှာလဲ ဘယ်သူမှမရှိပါလား။ယု ဘယ်လိုနည်းနဲ့ လျှောက်ခဲ့မိမှန်း မသိတော့ပါဖူး။အိမ်မက်ထဲ လမ်းလျှောက်နေတဲ့ အတိုင်းပဲ။အဲ့အချိန် ဖုန်းမြည်လာလို့ ကြည့်မိလိုက်တော့ နံပတ်စိမ်းမလို့ မကိုင်လိုက်မိဘူး။ ခဏနေ တော့message ထပ်ဝင်လာတယ်။"မင်းကိုနောက်ဆုံးအနေနဲ့ရွေးချယ်စရာနှစ်ခုပေးမယ်။တစ်လမ်းကကိုယ်နဲ့နိုင်ငံခြားလိုက်ခဲ့။နောက်တစ်လမ်းကကိုယ့်သတို့သမီးအရံလုပ်ပေး။တစ်ခုတော့မင်းရွေး။ရှောင်ဖို့မစဉ်းစားနဲ့။မင်းပြေးတဲ့ နေရာထိလိုက်မှာ"နော်တဲ့‌ လေ။ ယုကို ထပ်အနိုင်ကျင့်ပြန်ပြီ။ယုဘယ်လိုရွေးရပါ့မလဲ။နှစ်ဖက်မိဘ အသိမှတ်မပြုတဲ့ပွဲ ယု လုံးဝ မလုပ်နိုင် သလိုသူ့သတို့သမီးအရံကိုလဲ ဘယ်လိုမျက်နှာနဲ့ လုပ်ပေးရပါ့မလဲ။သူ့ဖက်က စ စိန်ခေါ်တာမို့ ယုစိတ်ဓါတ်မာကြောင်း သူ့ကိုပြပေးရမှာ‌ ‌ပေါ့လေ။ယုသတို့သမီးအရံလုပ်မယ်လို့ စာပြန်ပို့တော့ သူဖုံးခေါ်လာရော။ ယု ကိုင်လိုက်တော့ သူကအရမ်းဝမ်းနဲနေတဲ့အသံနဲ့"မင်းနိုင်ပါတယ်"တဲ့။ မဟုတ်ပါဖူး ရှင် နိုင်တာပါလေ။ယု အခုချိန်အထိ ရှင်နဲ့ ပတ်သတ်ရင် သတိလက်လွတ် ဖြစ်ပြီး လုပ်ချင်ရာ လုပ်မိနေတုံးပါ။ယု က အချစ်ကြီးသလို မာနအလွန်ကြီးတဲ့ မိန်းမတစ်ယောက်ပါ လို့ ယု စိတ်ထဲက နေ ပြောနေမိတယ်။ သူ့အသံကို နားထဲ ပြန်ကြား‌ ယောင်မိတိုင်း ယုရဲ့ တကိုယ်လုံးက အား‌တွေအကုန်စုပ်ယူသွားသလိုခံစားရပြီး ခြေလှမ်းတွေတောင် လဲကျလုနီးပါး အနိုင်နိုင် အားတင်းဆက် လျှောက်ခဲ့ရင်း ယု သီးမခံ နိုင်တော့စွာ လမ်းဘေး ထိုင်ချ ရှိုက်ကြီး တငင် ငိုချခဲ့မိတာ။ ယု ဘာကိုမှမစဉ်းစားမိ‌ တော့ပဲ သူ့ကိုဖုံးပြန်ခေါ်ပြီး"ယုကိုလာခေါ်‌ ပေးပါ"လို့ အားတင်း ပြောလိုက်မိတယ်။သူက"လာခေါ်မယ်။ မင်း အခု ဘယ်မှာလဲ" ဆိုတဲ့ သူ့အသံမှာ ပျော်ရွှင်မှူပါဝင်နေတာယု ခံစားသိလိုက်ရတဲ့အခါ ယုပြုံးမိသွားတယ်။ ယု ရူးနေပြီ ထင်ပါတယ်နော်။သူ့ရဲ့ ပျော်ရွှင်နေတဲ့ အသံကြားရတာနဲ့ ယု‌ စောဏက ဝမ်းနဲလို့ ထိုင်ငိုမိတာတွေ ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး။ ယုတို့ မိန်းကလေးတွေရဲ့ အချစ်နဲ့ခံစားမှူဟာ ကိုယ့်ချစ်သူရဲ့ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းမှာ မူတည်နေတာပါနော်။ ယု သူ့ကိုနဲနဲ ညစ်ချင်တဲ့ စိတ်ရယ် ဘယ်နေရာမှန်းလဲ တကယ်မသိတာကြောင့်"ရအောင်လာရှာ။ယု‌နေတဲ့ .... (အိမ်)နဲ့မဝေးလောက်ဖူး။နှစ်နာရီစာလမ်းလျှောက်ရတယ်" လို့ ပြန်ပြောမိတယ်။ယုကတော့အဲလမ်းကျဉ်းလေးရဲ့လမ်းထိပ်ဖက်ပြန်ထွက်ကာ အရိပ် ရ အပင်ကြီးအောက်မှာ သူ့ကိုစောင့်လိုက်ရတာသုံးနာရီနီးပါးကြာတဲ့အထိ။ သူ့ကိုတွေ့တော့အရမ်းဝမ်းနဲလာလို့ ထိုင်ငိုမိတာလဲ အကြာကြီး။ဘေးနားက သူက"ဟားဟား ဟေ့ မငိုနဲ့လေ။ လူတွေ တမျိုးထင်ကုန်မယ်။ အရမ်းထူးချွန်ထက်မြက်တဲ့ အဖွားအို ပေါက်စလေး ဘာလို့ အဲ့လောက်ငိုရတာလဲ"တဲ့။ယုသူ့ကိုပြန်ပြောလိုက်တယ်။"ယုအရမ်းချစ်တဲ့သူကိုသူများပေးရမှာလေ။သတို့သမီးလဲလုပ်ပေးရမှာကို ယု ရီနေရမှာလား"လို့။သူမျက်နှာအရမ်းပျက်သွားပီး ဒါဆို မင်းဘာလို့ကိုယ့်ကိုခေါ်တာလဲတဲ့။"ယုရှင့်ကိုနောက်ဆုံးအကြိမ်နှုတ် ဆက်ချင်လို့"။ သူချက်ချင်းယုကိုကျောခိုင်းသွားလို့ ယုသူ့လက်ကိုဆွဲထားမိတာ ယုရှိသမျှအားအကုန်နဲ့။ ဒါတောင်သူရုန်းတော့ယုဆွဲမရတော့ဘူး။"ယုရှင့်ကိုတကယ်ချစ်ပေမယ့် ရှင်နဲ့စေ့စပ်ထားတဲ့ မိန်းကလေးတစ်ယောက် ရဲ့သိက္ခာကို‌ ယုငဲ့ရမယ်။ ယု ပျော်ဖို့ သူများဘဝကိုတော့ မဖျက် ဆီးချင်ဖူး" ။ ယုပြောရင်းနဲ့ငိုနေမိတာ သူ တချက်ကလေးတောင် ယုကို မချော့ဖူး။ အံ့သြတဲ့မျက်ဝန်းတွေနဲ့ ဘေးက‌နေ ငေးစိုက်ကြည့်နေရှာတယ်။"ယု သတို့သမီး လုပ်ပေးမှာပါ။ရှင်တို့ အိမ်ထောင်ရေး ပျော်ရွှင်ပါ‌စေလို့လဲယု စိတ်ရင်းနဲ့ဆုတောင်းပေးပါတယ်။မျှော်လဲမျှော်လင့်‌နေမယ်"။ယု သူ့ကို ပြောပြီးထရပ်လိုက်တော့မှ သူက"ပြန်ပို့ပေးမယ်" နောက် သူ ယုကို အိမ်အထိလိုက်ပို့ပေးပါတယ်။အိမ်က အမေလဲ မနက်ကတည်းကဘာမှ မပြောပဲ ထွက်သွားလို့စိတ်ပူနေပုံနဲ့ ဧည့်ခန်းမှာ ထိုင်စောင့်နေတာ တွေ့ရတယ်။ယု ဘာမှ မပြောနိုင်ပဲ အခန်းထဲ ပြေးဝင်ပီး မှောက်ငိုမိတော့တာ ညနေအထိ။ငိုလိုက် မောတော့ရပ်လိုက်နဲ့ အိမ်က အမေတလှည့် အမျိုးတွေ တလှည့် လာခေါက်ကြပေမယ့် တံခါးမဖွင့်ပေးဖြစ်ဖူး။အမေက အခန်းအပြင်ကနေ"ယုယုနိုင်ရေ အဲ့လောက်မှ ငါ့သမီး သူ့ကို ချစ်နေရင် အမေတို့ သဘော တူတယ်။သမီး ဘယ်နေ့ မင်္ဂလာ ဆောင်ချင်လဲခုဆောင်မလား" ယု အမေ့ အပြောကြောင့် အမေ့ကို မျက်နှာပူ ရှက်ရွံ့စွာဖြင့် တံခါးဖွင့်ပေးတော့မှ အမေက"မယ်မင်းကြီးမရေ ဟိုက ကျုပ်ဆီညည်းကိုတောင်းသွားပါပြီ‌ တော်။ငါက ဘာမှ မပြောနိုင်သေးဘူးလို့ပြောထားတာ။ညည်း အဲ့လောက်ချစ်ရတဲ့ လူရှိမှန်းငါ့လဲ တခါမှ မပြောခဲ့ပါလား"ယု အမေ့စကားကြောင့် သတိလက် လွတ် အရမ်းပဲပျော်မိလိုက်ပြီးမှ ဟိုဘက်ကမိန်းကလေးကို သူဘယ်လို လုပ်မှာပါလိမ့်လို့ စဉ်းစားမိသွားတ ယ်။ အမေက သမီးရင်ထဲက စကားကို သိနေတဲ့အတိုင်း"ညည်း ကံကောင်းတာ ဟိုကနှစ်ဖက်ညှိနေတုံး ရှိသေးတာ။ ဘာမှ သေချာ မစီစဉ်ရသေးပါဖူး"။သူ ယုကို လူလည်ကျ နှိပ်စက်တာပါလားလို့။အရမ်းလဲ ချစ်တယ် အရမ်းလဲမုန်းတယ်ဆိုတဲ့သီချင်းအတိုင်း သူ့ဆီရန်လုပ်မယ်ဆိုပီးဖုံးခေါ်တော့"အင်း မရသေးလို့ အလျော့ပေးတာနော်။တော်ကြာ တစ်ယောက်ထဲ အပျိုကြီးဘဝနဲ့နေနေမှာဆိုးလို့"။ယုလဲ သူ့ကို စိတ်မတိုရက်တော့ပဲ"ရပါတယ် ယုဘက်ကလဲအေးဆေးပါ‌နော်။ တခါမှအရှုံးပေးမှာ မဟုတ်ဘူး။စတာပါ ယုတို့ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်း ညှိယူကြမယ်လေ။ ငါ့မြေးလေးက လူတော်လေး မလား"သူက" ငါ့ ကို အသဲယားအောင် လာမဆွနဲ့။ ငါ ကားမောင်းနေတယ်။ အခု အပြင်ထွက်လို့ရမလား ငါ ပြန်လှည့်လာခဲ့မယ်။ ယောက္ခမလောင်းကိုလဲ မနက်လာတောင်းမယ်လို့ သေချာပြောထားဦး‌ နော်အဖွားလေး" တဲ့လေ‌။

ပုံရိပ်စစ် (Completed)Tempat cerita menjadi hidup. Temukan sekarang