သူက ယုကို မေမေ့ဆီ လူကြီးမိဘတွေနဲ့ လာတောင်းပြီး နောက် ငါးလ မှာ ယုတို့ မင်္ဂလာပွဲလေး ကျင်းပမယ် ဆိုပြီး ရက်ရွေးဖြစ်တယ်။
သူတို့ အသိုင်းအဝိုင်း ကြွယ်ဝမှု က ယုတို့ထက် အဆပေါင်းများစွာ သာနေလို့ ယုလေ ပွဲနေ့ ဝတ်မယ့် ဝတ်စုံ လာအပ်ရင်းကို စိုးရိမ်စိတ်ဝင် ကာ သူ့ကို ပြောပြမိတော့ သူက
"ယု ဘာမှ မစိုးရိမ်နဲ့။ ယုကိုဘယ်သူ မှ မော်မကြည့်စေရဖူး။ကိုကို ရှိတယ်။ ကိုကို့ကို ယုံတယ်မလား"
သူပြန်မေးလာတော့လဲ ယုမှာ သူ့ကို ယုံကြည်အားကိုးမိကာ အချစ်အ တွက် အလိုလိုခွန်အားသတ္တိတွေ ဝင်ကာ မဆိုင်းမတွပဲ ခေါင်းညိမ့်ပြလိုက်တယ်။ ယုနဲ့ သူမှာ အမှန်က ယုက တောင် နှစ်လ ပိုကြီးတာ။သူက အ ရမ်း ကိုကို လုပ်ချင်နေတော့ ယုတို့ ချစ်သူ ဖြစ်ပြီးကတည်းက ကိုကို ဆိုတဲ့ နာမ်စား သူ့ဖာသာ သုံးစွဲနေတာ။ ယု ကတော့ ရှက်လို့ တခါမှ မခေါ်ခဲဘူး။
ယုက မိန်းကလေးပေမယ့် မချွဲတတ် မနွဲ့တတ်လွန်း လို့ သူက ချည်း ယုကို မျိုးစုံ ကျီစယ် စကာ သူပဲ တနေ့တမျိုး မရိုးအောင်ချွဲ တာ။ သူ့ဖာသာ ချွဲပြီးရင်လဲ ယုကို အားမလို အားမရဖြစ်ကာ
" ကိုကို့ ကောင်မလေးက tom boy တော့ မဟုတ်ပါဖူးနော်။ ကိုကို့ကို cover များ တွဲနေတာလား။ ကိုကို တို့ နှစ်ယောက် နေရာ လွဲ နေကြ သလား။ ယု ကိုကို့ကို တကယ်ရော ချစ်ရဲ့လား"
ယု လဲ သူ့ကို စချင်စိတ်ဖြင့်
"ကိုကို က မေးတော့လဲ baby ဖြေ မယ်နော်။ဟုတ်တယ် ကိုကိုbaby ဟိုဖက်လမ်းထိပ်က ခပ်ချောချော အမကို ကြိတ်crush နေတာ ကိုကို " လို့ လျှာလေးတစ်လစ်ထုတ်ကာ စလိုက် မိ တော့ သူ့ မှာ သဘော မကျ ဆုံးကာ
" ပြန် ခေါ် ပါဦး ကိုကို လို့။ ယု ချွဲတာ ကိုကို့ အသဲတော့ ကြွေကျသွားပြီ ထင်ပါတယ်။ အား•••အမေ သားကို ကယ်ပါဦး "
သူ့ရဲ့ တ အား အား ဖြင့် မူယာပို အော်နေမှုကြောင့် ယု ရှက်ရီရီကာ
"ရီးစားတွေ သက်တမ်းစေ့ ထား ခဲ့ သူ ဆိုတော့လဲ တော်ကီ ရော အမူအယာ တွေရော အကယ်ဒမီရှော့ တွေချည်း။ ပိုကို ပို တယ်"
ယု မျက်စောင်းထိုး နှုတ်ခမ်းချွန်ကာ ချွဲ လိုက်မိတော့ သူက ပိုဆိုးသွားကာ
" အိုး ကိုကို့ရှေ့ပဲ အဲ့လို မျက်စောင်းထိုး၊ နှုတ်ခမ်းချွန်နော်။ ယု တခြား သူရှေ့ လုံးဝ မလုပ်နဲ့နော်။လတ်စသတ်တော့ ကိုကို့ ယုလေးလဲ စိုးနွဲ့တတ်တာပဲ။ ယုရဲ့ စိုးနွဲ့မှုတွေ အကုန် ထုတ်မပြသေးတာထင်တယ်"
ယုပါးကိုလိမ်ဆွဲကာ သူ့ ရင်ခွင်ထဲဆွဲ သွင်း နေပြီမို့ ယုမယ် ကမန်းကတန်း
" ဟိုးထား ကိုကို။ ယုက အဲ့လို ကဲတာ လုံးဝ မကြိုက်ဖူးနော်။ ယု တို့ လင်မ ယားဖြစ်ခဲ့ရင်လဲ လူမြင်ကွင်းမှာ ယုကို အဲ့လို မလုပ်နဲ့နော် "
သူက စိတ်မဆိုးတဲ့အပြင်
"တော်သေးတာပေါ့ ယု ကိုကို နဲ့ တွေ့လို့သာနော်။ တခြားလူနဲ့ သာဆို ဒီ အဖွားအို ပေါက်စလေး ထားသွား ခံရမှာ" ဟု
သူစတာ သိနေပေမယ့် အဖွားအို ဆိုသော သူ့စကားကြောင့် ယုနှုတ်ခမ်းစူမိကာ
" ဪ ယူ တောင် မယူရသေးဖူး ထားသွားချင်နေပြီ ပေါ့လေ။ အဲ့ကြောင့်နေမယ် Senior အိမ်ထောင်ရှင် မမတွေက ပြောတာ။ ယောကျာ်းတွေ ချစ်တာက မရခင် ပိုးပန်းတုံးနဲ့ ချစ်သူဖြစ်ခါစပဲတဲ့။ ရလဲ ပြီးရော သွား အနားမကပ်စမ်းနဲ့ နှင်ထုတ်တယ် ပြောတာ။ ဒီလူကြီးကတော့ မရသေးခင် ထားသွားခံရမှာတောင် ပြောနေပြီ"
ယု မျက်နှာထိမျက်နှာထားဖြင့် ပြန်ပြောမှု ကြောင့် သူက
" ဟဟ ယု ဒီနေ့ ဆေးစားမှားလာတာလား။ စကားတွေလဲ တတ်နေတာ ဆိုတာ။ ကိုကို့ကို ယု အခါခါ သတ်နေတာပဲ"
ယု ကိုယ့်ဖာသာတောင် သတိမထားမိပဲ သူ့ကို ချွဲနေမိတာများနော်။ ယု ကိုယ့်ကိုကိုယ် ရီချင်မိကာ အရှက် ပြေ သူ့ပခုံးပေါ် ခေါင်းမှီလိုက်မိတယ်။သူကတော့
"ကိုကို ကပ်တော့ မကပ်နဲ့ ပြောပြီး အခု သူ့ဖာသာ ပခုံးကို ပိုင်စိုးပိုင်နင်း နေရာလာယူတယ်။ကိုကို့ ဆီလဲ ခွင့်မတောင်းပဲနဲ့"
သူလဲ ခပ်တည်တည်နဲ့ ပြောပြီး ယု ပခုံးကို လာဖက်တယ်။ဖက်ပြီးမှ သူ့ဖာသာလဲ ယုကိုလန့်ပြီး
"ပခုံးတော့ဖက်လို့ရတယ်မလား။ ခွင့်ပြုပေးနော်"
ယုမျက်နှာကို ဆွဲမော့ကာ မေး နေမှုကြောင့် ယုလဲ ရီချင်မိကာ သူ့ကို ထပ်ကလိချင်စိတ်ဖြင့် သူခေါင်းပြန်မ မော့ခင် လျှပ်တပြက် သူ့ပါးကို နမ်းလိုက်မိတယ်။
သူလဲ မထင်မှတ်ပဲ အနမ်းခံရလို့ ထင်တယ် အံ့ဩပြီး သူ ရှောင်လိုက် တော့ ယု သူ့လည်ပင်းကို နမ်းမိသွားတယ်။ ယုမှာ ရဲဆေး တင်ပြီး သူ့ကို နမ်းလိုက်ပေမယ့် သူ ရှောင်လိုက်တော့ ယုလဲ ရှက်မိတာမို့ မျက်နှာကို လက်နဲ့ အုပ်ကာထား လိုက်တယ်။သူက သဘောတွေကျကာ
"ယု ကို ဒီည ပြန်မပို့ တော့ပဲ နေအောင် ကိုကို့ကို ဆွနေတာလားဟင်။ ကိုကို ယု စကားကြောင့် ထိန်း နေတာ နော်။ အရင်ကောင်မလေးတွေတုံးကဆို အခုချိန်•••"
သူ့ဖာသာ သတိမထားလွှတ်ခနဲ ပြောလိုက်မိပြီး တဝက်တပျက် ရပ်တန့် သွားတာမို့ ယုလဲ အူတိုမိသွားကာ
" ဆက်ပြောလေ ဒီက နား ထောင်ပေးမယ်။ဘာလဲ အခု ချိန်ဆို ဘာ လုပ်ပြီးပီလဲ"
သူ့ လက်မောင်းကို လိမ်ဆွဲရင်းမေးမိတော့ သူလဲ
" ဪ အဲ့ဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီ ပြောမလို့ပါယုရာ။ ဟား ဟား ကြည့် မျက်နှာက ဆူပုတ်သွားတာများ ကွာ ကိုကို့ကို သဝန်တိုနေတာလား"
အမေးစကားနဲ့အတူယုမျက်နှာ နား ကပ်လာတာမို့
"ယု သဝန်မတိုတတ်ဖူးထင် နေ တာလား။ တိုတတ်တာပေါ။ အခြေအနေ အချိန်အခါကြည့်ပြီးတော့သာ မတိုချင်ယောင် ထိန်းချုပ်ကြတာ။ဘယ်မိန်းကလေးမှ သဝန်မတိုတာ မရှိဖူး။ဘယ်သူမှ အဲ့လောက်သဘော မကောင်းဖူးနော် သိလား"
ယု ရှက်ရှက်နဲ့သူ့နှာခေါင်းကို ဆွဲ လိမ်လိုက်မိ တော့
"အား••• ယုရေ တကယ် နာအောင် ဆွဲတာပဲ။ နှိပ်စက်နေတာ မရခင်ထဲကနော်။ ရပြီးရင် ကိုကို့ကို နှာခေါင်းနဲ့ပဲ ခဏခဏ ရိုက်နော်" ဟု နာနေရင်းက ယုကို စသေးတာ။
ချုပ်ပေးမယ့် Designer မမ ကတောင် ယုတို့ နှစ်ယောက်ကိုကြည့်ပြီး
" ညီမလေးတို့အတွဲ ကိုကြည့်ပြီး မမတောင် အိမ်က ယောကျာ်းနဲ့ ချိန်းတွေ့တုံးက အချိန်တွေ ပြန်သတိရသွားတယ်။ အဲ့လို ချစ်ရည်ရွှန်းလဲမျက်ဝန်းတွေ နဲ့ ကြည့်ခဲ့ကြတာာ မျက်စိအောက်ကတောင် အပျောက်မခံနိုင်လောက်အောင် အချစ်တွေပိုခဲ့ကြတာ။အိမ်ထောင်ကျသွားတော့ အဲ့လို အမှတ်တရမျိုး မရှိတာတော့ မဟုတ်ပါဖူးကွယ်။ သမီးရည်းစား ဘဝကလောက် မချိုမြိန်နိုင်တော့တာ ကလေးတွေ ရှေ့ရေးနဲ့ သူလဲ ရုန်း ကိုယ်လဲ ရုန်းပေါ့လေ"
သူက ချက်ချင်းပဲ ယုဘက်ကို
" ယု ကိုကိုတို့ ယူပြီး ကလေး တန်းမယူဖူးကွာ။ ယုနဲ့ နှစ်ယောက်တည်း ပျော်ချင် သေးတယ်"
ယုမယ် ရှက်မိကာသူ့လက်ကို ဆိတ်စွဲ လိုက်မိတယ်။သူရော အမရောက ယုကိုကြည့်ပြီး ရီ နေကြရော။အဲ့ကအ ပြန် ယုကို အိမ် ပြန်မပို့တော့ဖူး ဟု လုပ်နေ၍ ယု မယ် မနဲတောင်းပန်ပြီး အိမ်ပြန်ပို့ ခိုင်းရတယ်။ အမေကတောင် အိမ်ရောက်တော့ ယုတို့ နှစ်ယောက် ရှက်ကိုးရှက်ကန်း မျက်နှာတွေ အကဲခတ်ပြီး သူပြန် သွား တော့ ယုကို
"ညီးတို့ နှစ်ယောက် တခုခုများ ဖြစ် လာကြသေးလား။သမီး လက်ထပ်ဖို့ သိပ်မ လို သေးပေမယ့် မိန်းခလေးဆိုရင် လူတွေက ဝိုင်းအကဲခတ်နေကြတာနော်။ ယူတောင် မယူရသေးဖူး ညား နေပြီ လို့ ကွယ်ရာမှာ အတင်းတုပ်နေဦးမယ်"
ယု မယ် အမေ့ရဲ့တုံးတိတိဒဲ့ဒိုးအမေးစကားကြောင့်လန့်ဖြတ်သွားကာ
" အာ အမေကလဲ ယုကို အထင်သေးလိုက်တာ။ အမေတို့ အဖွားအရိပ်အောက်မှာ နေခဲ့တဲ့ သမီးပါ အမေရယ်။ သမီး ကိုယ့်ကိုကိုယ် တန်ဖိုးထား ထိန်းသိမ်း နိုင်ပါတယ်။ အမေ စိတ်မပူပါနဲ့"
အမေလဲ ယု အပြောကို လက်ခံပုံဖြင့်
"သမီးကို မယုံတာတော့ မဟုတ်ပါဖူးကွယ်။ အခုကာလမှာက ကလေးတွေက ဒါတွေကို မဆန်းတော့ဘူး လို့ တွေးလာကြတာ များတယ်လေ။ အမေ့သဘောထားကတော့ အကြောင်းကြောင့် ဖြစ်သွားကြတဲ့ ကလေးတွေကို အထင်သေးအပြစ်မပြောချင်ပေမယ့် နက်ဖန်ဆိုတာ ဘာမှန်းမသိဖူး သမီးရေ။ကြားထဲက အဖေမဲ့ကလေးတွေများလာမှာပဲ စိုးတာ။ကိုယ့်တာဘဝန်ကိုယ်ယူပြီး မဖြစ်ခင်က ကြိုကာကွယ်ကြရင်တော့ အကောင်းဆုံးပဲပေါ့ သမီး။ အမေ့သမီးကို တော့ တတ်နိုင်ရင် မိဘရိပ်အောက်ပဲ ရှိနေသေးချိန်တော့ အပျိုဂုဏ်ကို ထိန်းသိမ်း ထားစေချင်တယ်"
အမေ ယုကို စိတ်မပူဖို့နဲ့ ယု အနေအထိုင် ဆင်ခြင်ပါ့မယ်လို့ အမေ့ကို ကတိပေးလိုက်မှအမေလဲ ကျေနပ်သွားကာ ပြန်ထွက်သွားတော့တယ်။ပြီးမှ သူ့ကို
"ကိုမိုးသူရိန် အမေကတော့ ဆုံးမသွားပြီ။ ယုတို့ နောက် အမေ့ရှေ့ မျက်နှာ ပိုးသေမှ ဖြစ်မယ်"
ယုလဲ ပြောပြီးရော သူက
" အိုး ယောက္ခမကြီးကလဲလေ ဒီသားမက်က သူ့သမီး မရရင် သေမလို ဖြစ်နေတာကို ဘာတွေ များ ဒီလောက် စိတ်ပူနေလဲ မသိဖူးနော်။ အမေ စိတ်ပူအောင်တော့ ကိုကိုလဲ မလုပ်ချင်ပါဖူး။ နောက်ဆို ကိုကို တို့ ထိန်းကြတာပေါ့"
သူ့အဲ့လို ပြောတော့ လဲ ယုမယ် ချစ်ရသူ ဒီလူသားဟာ ယု အပေါ် စောင့်ထိန်းခြင်း ရှိပေသားပဲဟု ပို လေးစားချစ်ခင်မိကာ
"ကိုကို အချစ်တွေ အခု ခဏလျော့ထား ဦး။ ယုတို့ လက်ထပ်ပြီးမှ တစ်နေ့ထက် တစ်နေ့ ပိုတိုးချစ်ပေး။ကတိတွေ ပေးတာထက် လက်တွေ့ လုပ်ပြပေးနော် ကိုကို"
ယု သူ့ကို ရင်ထဲက ထွက်ပေါ်လာတဲ့ ချစ်တေးသံသာနဲ့ ချွဲလိုက်မိတော့သူလဲ ကျေနပ်သွားကာ
"Ok ယုလေး။ ဒီနေ့ တအား တွေ ချစ်ဖို့ကောင်းအောင် လုပ်ပြနေလို့ ကိုကို ဒီည အိပ်ပျော်ပါ့မလား မသိဖူး"
အမှန်တော့ ယု လဲ တခါမှ အိမ်ကို ရော ဘယ်သူ့ကိုမှ မချွဲဖူးတဲ့သူမို့ ရင်ထဲ ရှက်သလိုလို ကြည်နူးသလိုလို နဲ့ ရင်ခုန်နေတာ ခဏခဏပါ။ အဲ့ညက ယုတို့ နှစ်ယောက်လုံး အိပ်မရကြပဲ သူ ယုကို ဂစ်တာတီးပြီး သီချင်းဆိုပြတယ်။ ယုတို့ တညလုံး စကားတွေ ပြောကြတာ။ အချစ်ဆိုတဲ့ အရာက ပျော်နေတဲ့အချိန်မှာ ကမ္ဘာကြီး တခုလုံးကိုပိုင်ဆိုင်ရသလို ချိုမြိန်ခြင်းအတိနဲ့ လူက ပါးစပ်မစိနိုင် ပြုံးပျော် လိုက်ရတာ။ လူကြီး တွေ ပြောတဲ့ မိုးမမြင်လေမမြင် အချိန်ဆိုတာ ဒီလို အချိန်ကို ပြောတာ နေမယ်။
![](https://img.wattpad.com/cover/299254866-288-k898692.jpg)
KAMU SEDANG MEMBACA
ပုံရိပ်စစ် (Completed)
Fantasiမိန်းကလေးအချင်းချင်း ကူညီချင်ဇောဖြင့် ယောင်္ကျား လေး တစ်ယောက်ကို ဝင် ရောပေးမိရာမှ မိမိနှလုံးသားတစ်ခုလုံးနဲ့ ချစ်မိသွားရတဲ့ ယု ဘဝမှာ ငယ်ငယ်ကတည်းက လိုတရပြည့်စုံ ခဲ့သလို ဆိုးသွမ်းလွန်းသည့် သူ၊ အချစ်ထက် သူမရဲ့ ရိုးသားမှု၊ အချစ်ကြီးမှုကို သဘောကျခဲ့ တဲ...