Jan လောက်ဆို အောင်စာရင်းထွက်တာမို့
ရှာကြည့်တော့ ကျမတို့ သူငယ်ချင်းအုပ်စု
အကုန်လုံး ဒုတိယနှစ်အောင်မြင်ကြသည်
အလုပ်တဖက်နဲ့ ကျောင်းတက် သင်တန်းတွေ
တဖက်နဲ့ ကျောင်းတက်နေကြသူတွေမို့
အရမ်း ပျော်ကြတာပေါ့
နောက်ရက်ကျတော့ ဆရာမတွေကို မုန့်နဲ့
လက်ဆောင်အချို့ဖြင့် လိုက်ကန်တော့ခဲ့
ကြတယ် March ဆို lecture & practical တွေပြန်စတော့မှာမလို့ Feb နောက်ဆုံး
ကျောင်းအပ်ရသည်လေကျောင်းသားရေးရာမှာ ကျောင်းအပ်လက်ခံတဲ့နေ့ကစပြီး လူတော်တော်များများရှိတာ
ကြောင့် အချိန်ကြာကြာစောင့်ရပါတယ်
အောင်မြင်ကြောင်းအတည်ပြု ငွေ ချလံဖြတ်
text book တွေဝယ် practical နဲ့ LAB ဖိုး
သွင်း Assignment 1st sem & 2nd sem
အတွက်ထုတ်ရနဲ့ နေ့လည်ကျော်မှသာ
အကုန်အပြီးအစီး ဖြစ်တာ အဲ့လိုရက်ဆို
နေ့လည်စာလည်းနောက်ကျတတ်တယ်
ကျောင်းအပ်ဖို့ အလုပ်ကခွင့်ယူထားတာမလို့
ပီးတာနဲ့ အိမ်တန်းပြန် နားတော့တာပါပဲMarch မတိုင်ခင်ထိတော့ sat & sun အလုပ်ပိတ်ရင် အိမ်မှာနားရက်ရသေးတယ်
အလုပ်ကိုပဲ သေချာအာရုံစိုက်လုပ်လို့လည်း
သိပ်မပင်ပန်းဘူး
uni ပြန်ဖွင့်တဲ့ရက်တွေကျတော့ ကျမမှာ
နားရက်မရှိတော့တာကြောင့် လူရောစိတ်ပါ
ပင်ပန်းလာတာပေါ့
ကျောင်းက အိမ်နဲ့ ၁နာရီကျော်ကြာ ကားစီးရတာမို့ ခါးတွေနာတယ် practical & lecture
ချိန်တွေကလည်း လွတ်လို့မရ တတိတယနှစ်
ကျောင်းသူဖြစ်လာတော့ စာတွေပိုခက် လာတာကြောင့် သူငယ်ချင်းတွေနဲ့အတူ
အတန်းထဲကိုဝင်တဲ့ ဆရာမတွေရဲ့ ကျူရှင်ကို
လိုက်စုံစမ်းပီးတက်ခဲ့ရသည်Sat & sun ဆိုuni days 9am ကနေ 2:30pm တခါတလေ 3pmလောက်ထိ ကျောင်းမှာနေရတယ် 3နာရီကျော်တော့
ကျူရှင် တန်းတက်ရတယ် ညနေ 6pm
လောက်မှ အိမ်ပြန်ရတာပေါ့ ထမင်းဘူး
ယူလို့အဆင်မပြေလို့ uni canteen နဲ့
24hrs store တွေကနေပဲ ဝယ်စားရတယ်အိမ်ရောက်ရင် လူကအရမ်းပင်ပန်းနေပြီ
ဒီ့အပြင် 1sem အတွက် assignment ကို
june လမကုန်ခင် 2sem အတွက်ကို Aug
မပြီးခင် ထပ်နိုင်ဖို့ စာတွေရေး ပုံတွေပါဆွဲရသေးတယ် အိပ်ချိန်လည်း သိပ်မလောက်ဘူး
Monday ရောက်တော့လည်း အလုပ်သွားဖို့
ပြင်ဆင်ရသေးတာ ရုံးရောက်တော့ လူကြီး
ခိုင်းတာတွေ အကုန်သေချာဂရုစိုက်ပြီး
မမှားအောင်လုပ်ပေးရတာပါ လူကြီးထဲမှာ
ဂျပန်နိုင်ငံက computer IT သမား ပါတာ
ကြောင့် မတိကျလို့မရဘူး အမှားလည်း
မခံဘူး ကျမနဲ့တော့ အထွေအထူးမပြောဖြစ်
သူသင်ပေးစရာရှိရင် စိတ်ရှည်စွာ သင်ပေးတယ် မြန်မာလို နားမလည်တာရှိရင်လည်း
ဘာသာပြန်ပေးရတာပေါ့
![](https://img.wattpad.com/cover/295603642-288-k162095.jpg)